Serene Villa Kalaw

Call Directions Contact the business

Serene Villa Kalaw Home Stay

🪔🕯️သီတင်းကျွတ်ဆုတောင်း 🕯️🪔ဝါလကင်းလွတ် သီတင်းကျွတ် အခါသမယလေးမှာ Serene Villa Kalaw မိသားစု၏မိတ်ဟောင်းမိတ်သစ်များနှင့်တကွ ...
25/10/2026

🪔🕯️သီတင်းကျွတ်ဆုတောင်း 🕯️🪔

ဝါလကင်းလွတ် သီတင်းကျွတ် အခါသမယလေးမှာ
Serene Villa Kalaw မိသားစု၏
မိတ်ဟောင်းမိတ်သစ်များနှင့်တကွ
မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေကြောင်း
စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ကြပြီး
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံပြီး
ကောင်းသော လိုအင်ဆန္ဒများလည်း ပြည့်ဝကြပါစေကြောင်း
Serene Villa မိသားစု မှ
ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်...

🙏🙏🙏🙏🙏

#သီတင်းကျွတ်ဆုတောင်း


@

👩‍🍳🔥 ကလောဈေးနေ့က ဝယ်လာတဲ့ အသီးအရွက်တွေကို Serene Villa မှာ စိတ်ကြိုက်ချက်စားကြမယ်🌲ကလောကို ခရီးသွားတဲ့အခါ ဆိုင်တွေမှာပဲ လ...
18/10/2026

👩‍🍳🔥 ကလောဈေးနေ့က ဝယ်လာတဲ့ အသီးအရွက်တွေကို
Serene Villa မှာ စိတ်ကြိုက်ချက်စားကြမယ်🌲
ကလောကို ခရီးသွားတဲ့အခါ ဆိုင်တွေမှာပဲ လျှောက်စားရတာ ရိုးအီနေပြီလား???
ဒေသခံတွေလိုမျိုး လတ်လတ်ဆတ်ဆတ်
ဝယ်ချက်စားရတဲ့ အရသာကို မြည်းစမ်းကြည့်ဖို့ Serene Villa က ဖိတ်ခေါ်ပါတယ်နော်……
🏕️Serene Villa မှာ တည်းခိုတဲ့ ဧည့်သည်တော်တွေအတွက် အားသာချက်တစ်ခုကတော့ -
✅ မီးဖိုချောင်သုံးပစ္စည်း အစုံအလင်: ဟင်းချက်အိုး၊ ဒယ်အိုး၊ ပန်းကန်ခွက်ယောက်ကအစ ဓားနဲ့ စဉ်းတီတုံးအထိ စုံလင်စွာ ပြင်ဆင်ပေးထားပါတယ်ရှင့်
✅ လွတ်လပ်မှု: ကလော ၅ ရက်ဈေးနေ့က ဝယ်လာတဲ့ ပုံထဲကလို တောခရမ်းချဉ်သီးလတ်လတ်ဆတ်ဆတ်လေးတွေ၊ ဟင်းရွက်စုံတွေကို ကိုယ်တိုင်စိတ်ကြိုက် ဆေးကြောချက်ပြုတ်နိုင်ပါတယ်ရှင်
ကလောရဲ့ အေးမြတဲ့ ညချမ်းအချိန်တွေမှာ ဗီလာရဲ့
ဝရံတာလေးမှာ ထိုင်ရင်း ကိုယ်တိုင်ချက်ထားတဲ့ ရှမ်းရိုးရာဟင်း ပူပူလေးတွေနဲ့ ထမင်းမြိန်မြိန်စားရတဲ့ ခံစားချက်က တကယ့်ကို အပန်းပြေစေမှာပါနော်
ကလောဈေးနေ့မှာ ဘာတွေဝယ်ပြီး Serene Villa မီးဖိုချောင်ထဲမှာ ဘာဟင်းတွေ ဖန်တီးချင်လဲဆိုတာ စိတ်ကူးယဉ်ပြီးပြီဆိုရင်တော့...
Serene Villa ကို အခုပဲ Booking လှမ်းလုပ်လိုက်တော့နော်
Booking Contact
☎️ 095502983
#ဒေသထွက်အသီးအရွက် #ကလောဈေးနေ့

🎒🌲 "ကလောသွားရင် ဓာတ်ပုံလှလှလေးတွေ ရိုက်ချင်တယ်... ဒါပေမဲ့ လူလည်း သိပ်မပင်ပန်းချင်ဘူး" ဆိုတဲ့သူတွေအတွက်.……..ဒီတစ်ခေါက် ကလ...
02/10/2026

🎒🌲 "ကလောသွားရင် ဓာတ်ပုံလှလှလေးတွေ ရိုက်ချင်တယ်...
ဒါပေမဲ့ လူလည်း သိပ်မပင်ပန်းချင်ဘူး" ဆိုတဲ့သူတွေအတွက်.……..
ဒီတစ်ခေါက် ကလော Trip မှာ မြင်းကရွာထဲက Serene Villa Kalaw မှာ အေးအေးဆေးဆေး အနားယူရင်း၊ ဗီလာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ရင်သပ်ရှုမောဖွယ် နေရာ (၃) ခုဆီ ထွက်ခွါလိုက်ရအောင်ဗျို့………
ပြတင်းပေါက်ဖွင့်လိုက်တာနဲ့ တိမ်မြူတွေကို မြင်ရမယ့် Serene Villa ကနေ...
🚶 လမ်းလျှောက်ထွက်ရုံနဲ့တင် ရောက်မယ့် အိုးစည်တောင်ခြေ
အနီးဆုံးနဲ့ View အလန်းဆုံးအိုးစည်တောင်ခြေကတော့
ဗီလာနားတင် ရှိတာမို့ မနက်ခင်းစောစော လေကောင်းလေသန့်ရှူရင်း လမ်းလျှောက်ထွက်ဖို့ အကောင်းဆုံးပါပဲနော်
တောင်ပေါ်ကနေ စိမ်းစိုနေတဲ့ စိုက်ခင်းလေးတွေကို ငေးမောရင်း ကလောရဲ့ အရသာကို အပြည့်အဝ ခံစားလို့ရပါတယ်ရှင်……….

🧚 တိမ်ပင်လယ်နဲ့ ပန်းခင်းကြီးရှိရာ Fairyland Base Camp (၁၅ မိနစ်ခန့်)
Instagram ပေါ် ပုံအလန်းတွေတင်ဖို့အတွက်ဆိုရင်တော့
တိမ်ပင်လယ်ကြီးကို အပေါ်စီးကနေ မြင်ရမယ့်အပြင် ပန်းခင်းကြီးတွေက ဆီးကြိုနေမယ့်နေရာတစ်ခုဆိုလဲမမှားဘူးနော်
တောင်းစောင်းတစ်လျှောက် ခုဆို Marigold ပန်းခင်းကြီး နဲ့ဆိုတော့ လုံးဝ လက်လွတ်မခံသင့်တဲ့ အိပ်မက်ဆန်ဆန် Spot လေးပေါ့ရှင်…….

🌼 မြင်းမထိဘက်က မေရီဂိုးလ် (ထပ်တရာ) ပန်းပင်လယ်ပြင် (၂၅ မိနစ်ခန့်)
ဝါဝင်းစိုပြေနေတဲ့ ပန်းခင်းကြီးနဲ့အတူ နန်းအွန်းမ်တောင်(ဗျိုက်တောင်) ကို သွားလည်မယ်ဆိုရင်တော့ မြင်းမထိဘက်ကိုအရောက်သွားပါနော်
တောင်စောင်းအလိုက် အကွက်လိုက် ဝါထိန်နေတဲ့ ထပ်တရာပန်းခင်းကြီးတွေကြားထဲ ရောက်သွားရင် ဘယ်လိုရိုက်ရိုက် ပိုစတာပုံစံ လှနေမှာ အသေအချာပါပဲရှင်……
🏡 လည်လို့မောရင် Serene Villa
မှာ ပြန်ဆုံကြမယ်
📸တစ်နေ့လုံး စိတ်ကြိုက် လည်ပတ်၊ ဓာတ်ပုံတွေ ရိုက်ပြီးရင်တော့...
ကိုယ်ပိုင် Space လေးဖြစ်တဲ့ Serene Villa မှာ အေးအေးဆေးဆေး ပြန်နားရုံပဲနော်
ညနေခင်း အေးစိမ့်စိမ့် ရာသီဥတုလေးထဲမှာ ချစ်ရတဲ့သူတွေနဲ့ BBQ ကင်စားရင်း စကားစမြည်ပြောရတဲ့ အရသာက လုံးဝကို အစားထိုးမရတဲ့ စိတ်အပန်းပြေမှုမျိုးပါရှင်……… 🥰
ကလောမြို့ရဲ့ အလှဆုံး အမှတ်တရတွေကို ပိုင်ဆိုင်နိုင်ဖို့ Serene Villa က စောင့်ကြိုနေပါတယ်ရှင်……..📩 အသေးစိတ် စုံစမ်းမေးမြန်းရန်နှင့် Booking ရယူရန်
* Page Messenger: Serene Villa Kalaw
* Contact Number: 095502983

"Stress ကင်းဝေးပြီး စိတ်အပန်းပြေစေမယ့် အိုအေစစ်လေးတစ်ခု... သို့🏡🌲✨"🏕️ကလောမြို့ရဲ့ တိတ်ဆိတ်ငြိမ်ပြီး တောင်တန်းတွေကိုမျက်န...
19/09/2026

"Stress ကင်းဝေးပြီး စိတ်အပန်းပြေစေမယ့် အိုအေစစ်လေးတစ်ခု... သို့🏡🌲✨"

🏕️ကလောမြို့ရဲ့ တိတ်ဆိတ်ငြိမ်ပြီး တောင်တန်းတွေကိုမျက်နှာမူထားတဲ့ Serene Villa Kalawမှာ ချစ်ရတဲ့သူတွေနဲ့အတူ စိတ်ကြိုက် ချက်ပြုတ်စားသောက်ပြီး အပန်းဖြေဖို့ အချိန်တန်ပြီနော်……..
🌟 Serene Villa Kalaw ရဲ့ ထူးခြားတဲ့ ဝန်ဆောင်မှုများ -
🍳🍲 စိတ်ကြိုက်ချက်ပြုတ်နိုင်ခြင်း
မီးဖိုချောင်သုံးပစ္စည်း အစုံအလင်ပါဝင်လို့
မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ
ကိုယ်တိုင်ချက်ပြုတ် အားပါးတရ စားသောက်နိုင်ပါတယ်ရှင်
🏕️🌲Private အပန်းဖြေအိမ်ရာ
ဓာတ်ပုံရိုက်ရင် အရမ်းလှတဲ့ ဗီလာဒီဇိုင်းဖြစ်ပြီး သီးသန့်ဆန်ဆန်နဲ့ Privacy ရှိရှိ နားနေနိုင်မှာပါရှင်✨
⛰️🚶‍♂️ အေးချမ်းတဲ့ တည်နေရာ
ကလောမြို့အဝင် ဆိုင်းဘုတ်ကြီးဘေးလမ်းကနေ ဝင်လာရုံနဲ့ မြင်းကရွာ၊ Kalaw Villa အိမ်ရာထဲမှာ တည်ရှိတာကြောင့် ရှာရလွယ်ကူပြီး အိုးစည်တောင်ခြေအနီး လမ်းလျှောက်အပန်းဖြေဖို့လည်း အကောင်းဆုံးပါပဲရှင်…..
ချစ်ရတဲ့သူတွေနဲ့အတူ သာယာအေးချမ်းတဲ့ နေ့ရက်တွေကို ဖြတ်သန်းဖို့ အခုပဲ Bookingတင်လိုက်ပါရှင်…..
Booking Contact
☎️095502983

🌧️ မိုးစက်တွေကြားက ကလောမြို့လေး နဲ့ နွေးထွေးလုံခြုံတဲ့Vacation Home လေးမှာတည်းခိုရင်းရရှိမည့် အမှတ်တရလှလှလေးကို Serene V...
28/05/2026

🌧️ မိုးစက်တွေကြားက ကလောမြို့လေး နဲ့
နွေးထွေးလုံခြုံတဲ့Vacation Home လေးမှာ
တည်းခိုရင်းရရှိမည့် အမှတ်တရလှလှလေးကို Serene Villa Kalaw မှာ ခုပဲ အကောင်အထည်ဖော်လိုက်ပါ………❤️🏡🌲
လူစည်ကားတဲ့ မြို့ပြရဲ့ မွမ်းကျပ်မှုတွေကနေ ခဏတာရုန်းထွက်ပြီး မိုးရာသီရဲ့ အေးမြတဲ့ ရနံ့ကို အပြည့်အဝ ခံစားချင်နေပြီလား? 🌧️✨
ဒါဆိုရင်တော့... မိုးဖွဲဖွဲလေးတွေရွာ၊ မြူနှင်းတွေဝေနေတဲ့ "တောင်ပေါ်မြို့တော် ကလော" က သင့်ကို စောင့်ကြိုနေပါတယ်
ပိုပြီး ပြီးပြည့်စုံတဲ့ အပန်းဖြေခရီးမှာပါဝင်အားဖြည့်ဖို့ Serene Villa Kalaw မှကြိုဆိုပါတယ်ရှင်
🪵 Serene Villa Kalaw မှာ ဘာတွေခံစားရမလဲ?
☁️မနက်ခင်းမျက်လုံးဖွင့်လိုက်တာနဲ့ ပြတင်းပေါက်ကနေ မြူနှင်းနဲ့ တိမ်တွေကို တိုက်ရိုက်မြင်ရမည့် အရသာ
☕️ကော်ဖီပူပူလေးတစ်ခွက် သောက်ရင်း၊ ကိုယ်ကြိုက်တဲ့ စာအုပ်လေးဖတ်ရင်း အေးချမ်းစွာ အနားယူနိုင်မည့် ကိုယ်ပိုင် Space
👬မိသားစု (သို့) သူငယ်ချင်းတွေနဲ့အတူ ညဘက် စကားစမြည်ပြောနိုင်မည့် နေရာကျယ်ဝန်းမှု တွေအပြင်
🌲 ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တာနဲ့ အိုးစည်တောင် Viewလှလှလေးလဲ မြင်တွေ့ရအုံးမှာပါနော်…..
ဒီမိုးရာသီမှာ အမှတ်တရကောင်းတွေ ဖန်တီးဖို့ ခုပဲ Booking လုပ်လိုက်ရအောင်နော်
Booking Contact
☎️ 095502983


မင်္ဂလာရှိသော မြန်မာ့နှစ်သစ်ကူးအချိန်ကာလ(နှစ်ဆန်း ၁ ရက်နေ့) လေးမှာဘေးအန္တာရယ်ကင်းဝေးပြီးကိုယ်၏ကျန်းမာခြင်းစိတ်၏ချမ်းသားခ...
17/04/2026

မင်္ဂလာရှိသော
မြန်မာ့နှစ်သစ်ကူးအချိန်ကာလ
(နှစ်ဆန်း ၁ ရက်နေ့) လေးမှာ
ဘေးအန္တာရယ်ကင်းဝေးပြီး
ကိုယ်၏ကျန်းမာခြင်း
စိတ်၏ချမ်းသားခြင်းနှင့် ပြည်စုံပါစေကြောင်း Serene Villa Kalaw မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင်🙏🙏🙏

စိန်ပန်းပြာနဲ့ ကလောအတာသင်္ကြန်🪻ခရမ်းရောင် ပန်းလှလှလေးတွေ ဝေနေအောင်ပွင့်နေသောကလောမြို့လေးမှာ ကလောလမ်းလျှောက်သင်္ကြန် ကျင်...
16/04/2026

စိန်ပန်းပြာနဲ့ ကလောအတာသင်္ကြန်

🪻ခရမ်းရောင် ပန်းလှလှလေးတွေ ဝေနေအောင်ပွင့်နေသောကလောမြို့လေးမှာ ကလောလမ်းလျှောက်သင်္ကြန် ကျင်းပလာတာ ယနေ့သင်္ကြန်အတက်နေ့ပင်ရောက်နေပြီနော်
🌲အပူရှောင်ရင်း ထင်းရှူးမြို့တော်ကို ရောက်နေတဲ့ ချစ်သော ဧည့်သည်တော်တွေအတွက်ကတော့
စိန်းပန်းပြာလေးတွေ နဲ့ အတူ ရှိရမည့်အမှတ်တရ သင်္ကြန်လေးဆိုရင်လဲမမှားဘူးနော်
❤️ကံကောင်းခြင်းတွေ ယူဆောင်လာပေးမဲ့ ရနံ့သင်းသင်းနဲ့ စိန်ပန်းပြာတွေ ရှိတဲ့ ကလောသကြင်္န် လေးကို မခွဲ ချင်ဘူးဆိုရင် နောက်နှစ်တွေမှာလည်း လာရောက်လည်ပတ်ဖို့ဖိတ်ခေါ်ပါတယ်နော်
🙏မြန်မာ့ရိုးရာ အတာသင်္ကြန်် နောက်ဆုံးနေ့လေးမှာ
နှစ်ဟောင်းမှ အညစ်အကြေးတွေ ကင်းစင်ပြီး နှစ်သစ်မှာ စိတ်သစ်လူသစ် နှင့်အတူ ကံကောင်းခြင်းတွေ ပိုင်ဆိုင်နိုင်ပါစေကြောင်း Serene Villa Kalaw မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင့်

Photo HMZ photography




@

13/04/2026
ချစ်ရတဲ့ဧည့်သည်လေးတွေတည်းပြီးတိုင်းစိတ်ကျေနပ်မှု့ရှိတယ်လို့ သိရတဲ့အခါဝမ်းသာမိပါတယ် Serene Villa မှလဲဒီ့ထက်ကောင်းမွန်တဲ့ဝ...
10/04/2026

ချစ်ရတဲ့ဧည့်သည်လေးတွေတည်းပြီးတိုင်းစိတ်ကျေနပ်မှု့ရှိတယ်လို့ သိရတဲ့အခါဝမ်းသာမိပါတယ် Serene Villa မှလဲဒီ့ထက်ကောင်းမွန်တဲ့ဝန်ဆောင်မှု့လေးတွေနဲ့ကြိုဆိုနေပါမယ်နော်🏡🏡🏡

ရွေးချယ်စရာ Hotel တွေ အများကြီးထဲကမှ Vacation Home တွေကို ဘာလို့ရွေးချယ်လာကြတာလဲ???တမြို့ တရွာမှာ မိမိတို့အိမ်ရှိတယ်လို့...
14/01/2026

ရွေးချယ်စရာ
Hotel တွေ အများကြီးထဲကမှ
Vacation Home တွေကို ဘာလို့ရွေးချယ်လာကြတာလဲ???
တမြို့ တရွာမှာ မိမိတို့အိမ်ရှိတယ်လို့ ခံစားရလို့ပါ
❤️နွေးထွေးပြီးလုံခြုံစေပေမဲ့ သီးသီးသန့်သန့် နေလို့ရတယ်
❤️ကိုယ့်အိမ်မှာ နေရတဲ့ခံစားချက်အတိုင်း သက်တောင့်သက်တာ အနားယူလို့ရတယ်
❤️အဓိကအချက်က ချက်ပြုတ် စားသောက်လို့ရတဲ့ မီးဖိုခန်းရှိတယ်
❤️Board Gameတွေ ကစားဖို့ နေရာကျယ်ကျယ်ရှိတယ်
❤️လျှောက်လည်ပြီးပင်ပန်းထားသမျှ တစ်စုတစည်းထဲ အတိုးချ ပြောလို့ရတဲ့ ဧည့်ခန်းလဲရှိတယ်
❤️ကိုယ့်ခြံ ကိုယ်ဝန်း နဲ့ မီးလှုံရင်း စကားပြောလို့ရသေးတယ်
❤️တစုတစည်းထဲ နေရပေမဲ့
တည်းခိုစရိတ်လဲ သက်သာတယ်
ဆိုတော့ကာ
ကလောကို လာလည်ဖို့တွေးထားတဲ့
မိသားစု
အသင်းအဖွဲ့
သူငယ်ချင်းတွေဆိုရင် Vacation Homeလေးတွေကို ရှာဖွေပြီးတည်းခိုကြတာများပါတယ်နော်……
Vacation Home ဖြစ်တဲ့အတွက်တော့
Hotel services တွေတော့ မရနိုင်ပေမဲ့
ကိုယ့်အိမ်လေးမှာနေသလို
🙏သုံးပြီးသားအမှိုက်တွေ
စနစ်တကျစွန့်ပစ်ခဲ့ပေးတာမျိုး
🙏သုံးပြီးသားပန်းကန် လေးတွေ သေချာဆေးကြောခဲ့တာလေးတွေ
🙏သတ်မှတ်ထားတဲ့ နေရာလေးတွေမှာ သာ ဆေးလိပ်သောက်ဖို့တွေ
🙏အသုံးပြုထားတဲ့
အသုံးအဆောင်လေး တွေ နေရာတကျပြန်ထားခဲ့ပေးမယ်ဆိုရင်ဖြင့်
စည်းကမ်းရှိသော အိမ်သားတွေ အဖြစ်
Vacation Home Rental Service တွေမှ အမြဲ အမှတ်ရနေမှာပါနော်…..

ကလောကိုရောက်တိုင်းလဲ
ကိုယ်အိမ်ကိုယ့်ရာ လို သဘောထားပြီး တည်းခိုမယ်ဆိုရင်တော့
Serene Villa Kalaw မိသားစုမှလဲ
နွေးထွေးစွာ ကြိုဆိုပါတယ်နော်

မိသားစုအိမ်လို သဘောထားပြီးတည်းခိုပေးခဲ့ကြတဲ့ ချစ်ဧည့်သည်တွေကိုလဲ
ကျေးဇူးတင်ပါနော်

Booking Contact
☎️ 095502983





Address

No. E2, E Road, Myinka Village, Kalaw Villa, Shan State
Kalaw
06022

Telephone

+9595502983

Website

Alerts

Be the first to know and let us send you an email when Serene Villa Kalaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Serene Villa Kalaw:

Shortcuts

Share

Nearby realtors & realty services