Hillview Heights Estate

Call Contact the business

Hillview Heights Estate Estate for your dream Holiday!

30/10/2026

အေးမြတဲ့ ဆောင်းအငွေ့အသက်နဲ့အတူ နွေးထွေးတဲ့ အမှတ်တရအချိန်လေးတွေအတွက် နေရာကောင်းလေးတစ်ခုကို ရွေးချယ်လိုက်ပါ။

ချစ်ရသူတွေနဲ့ ပျော်ရွှင်စရာအချိန်တွေ ဖန်တီးဖို့၊ ထူးခြားတဲ့ အထိမ်းအမှတ်နေ့ရက်လေးတွေကို အမှတ်တရဖြတ်သန်းဖို့နဲ့ အေးချမ်းတဲ့ ပတ်ဝန်းကျင်လေးမှာ အတူတူအနားယူဖို့ Hillview Heights Estate Kalaw က နွေးထွေးစွာ ကြိုဆိုနေပါတယ်။

📞အသေးစိတ်စုံစမ်းရန်နှင့် ကြိုတင်စာရင်းပေးသွင်းရန်
🏨Hotel Direct: 09 940 111 700
🏢Yangon Sales Office: 09 773 732 020

ဝါလကင်းလွတ် သီတင်းကျွတ်အခါသမတွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံကာ နွေးထွေးပျော်ရွင်ဖွယ်ရာ အချိန်လေးကို...
26/10/2026

ဝါလကင်းလွတ် သီတင်းကျွတ်အခါသမတွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံကာ နွေးထွေးပျော်ရွင်ဖွယ်ရာ အချိန်လေးကို ပိုင်ဆိုင်နိုင်ကြ

ပါစေကြောင်း Hillview Heights Estate မှဆုမွန်တောင်းအပ်ပါတယ်။

23/10/2026

မိုးရာသီကုန်လို့ အေးမြတဲ့ ဆောင်းရာသီလေးကို ကူးပြောင်းချိန်မှာ ကလောမြို့ရဲ့ အေးချမ်းတဲ့ တောင်တန်းတွေကြား Luxury ဆန်တဲ့ နေ့ရက်လေးတွေကို ကိုယ်တိုင်ခံစားကြည့်လိုက်ပါ။

Hillview Heights Estate Kalaw မှာ တောင်ပေါ်မြို့လေးရဲ့ အလှတရားတွေ ခံစားရင်း စိတ်အေးချမ်းမှုနဲ့အတူ သာယာလှပတဲ့ အမှတ်တရလေးတွေ ဖန်တီးလိုက်ပါ။

📞အသေးစိတ်စုံစမ်းရန်နှင့် ကြိုတင်စာရင်းပေးသွင်းရန်
🏨Hotel Direct: 09 940 111 700
🏢Yangon Sales Office: 09 773 732 020

ဆောင်းအဝင်ရဲ့ အေးမြမှုတွေနဲ့အတူ ကလောမှာ အေးအေးချမ်းချမ်း အနားယူကြမယ်။ တောင်ပေါ်မြို့လေးရဲ့ လေညင်းအေးအေး၊ စိမ်းလန်းတဲ့ သဘ...
22/10/2026

ဆောင်းအဝင်ရဲ့ အေးမြမှုတွေနဲ့အတူ ကလောမှာ အေးအေးချမ်းချမ်း အနားယူကြမယ်။

တောင်ပေါ်မြို့လေးရဲ့ လေညင်းအေးအေး၊ စိမ်းလန်းတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လှပတဲ့ နေဝင်ချိန်ရှုခင်းတွေကြားမှာ စိတ်အေးလက်အေး အနားယူဖို့ စိတ်ကူးရှိနေပြီလား။

ဆောင်းအဝင်ရဲ့ အေးမြတဲ့ရာသီဥတုကို ခံစားရင်း ချစ်ရသူတွေနဲ့အတူ အချိန်ကောင်းလေးတွေ ဖြတ်သန်းချင်တယ်ဆိုရင်တော့ Hillview Heights Estate က သင့်ရဲ့ ကလောအပန်းဖြေခရီးစဉ်အတွက် ရွေးချယ်စရာ နေရာလေးတစ်ခုပါ။

ပန်းပင်မျိုးစုံ စိုက်ပျိုးထားတဲ့ ကျယ်ဝန်းတဲ့ ခြံဝန်းထဲမှာ လေညင်းအေးအေးနဲ့အတူ လမ်းလျှောက်နိုင်သလို ရေကူးကန်မှာလည်း အပန်းဖြေနိုင်ပါတယ်။ ကလေးငယ်တွေလည်း ခြံဝန်းထဲမှာ လွတ်လွတ်လပ်လပ် ဆော့ကစားနိုင်တာကြောင့် မိသားစုနဲ့အတူ အေးချမ်းပျော်ရွှင်စရာ အချိန်လေးတွေ ဖြတ်သန်းနိုင်မှာပါ။

ဒီဆောင်းအဝင်မှာ ကလောမြို့လေးရဲ့ အေးချမ်းမှုကို ခံစားရင်း Hillview Heights Estate မှာ ချစ်ရသူတွေနဲ့အတူ အမှတ်တရကောင်းလေးတွေ ဖန်တီးလိုက်ပါ။

📞အသေးစိတ်စုံစမ်းရန်နှင့် ကြိုတင်စာရင်းပေးသွင်းရန်

🏨Hotel Direct: 09 940 111 700

☎️Yangon Sales Office: 09 773 732 020

🍃 ကလောရဲ့ မနက်ခင်းလေးတွေမှာ ကိုယ်ပိုင်အေးချမ်းမှုတစ်မျိုး ရှိနေတတ်ပါတယ်။ တောင်တန်းတွေကြားက တိုက်ခတ်လာတဲ့ လေညင်းအေးအေး၊ တ...
20/10/2026

🍃 ကလောရဲ့ မနက်ခင်းလေးတွေမှာ ကိုယ်ပိုင်အေးချမ်းမှုတစ်မျိုး ရှိနေတတ်ပါတယ်။

တောင်တန်းတွေကြားက တိုက်ခတ်လာတဲ့ လေညင်းအေးအေး၊ တိတ်ဆိတ်အေးချမ်းတဲ့ ပတ်ဝန်းကျင်နဲ့အတူ နိုးထရတဲ့ မနက်ခင်းလေးကို စိတ်ကူးကြည့်ဖူးလား။

တောင်ကုန်းတွေပေါ်မှာ တည်ရှိတဲ့ Hillview Heights မှာ အေးအေးဆေးဆေး မနက်ခင်းကို စတင်ပြီး ကလောမြို့ရဲ့ ဒေသခံဈေးလေးကို လည်ပတ်ကြည့်ပါ။

လတ်ဆတ်တဲ့ ဒေသထွက်သီးနှံတွေ၊ ဈေးထဲက ဒေသခံတွေရဲ့ နေ့စဉ်ဘဝမြင်ကွင်းတွေနဲ့ ရှမ်းရိုးရာအစားအစာတွေရဲ့ အရသာက ကလောခရီးစဉ်ကို ပိုပြီးအမှတ်တရဖြစ်စေမှာပါ။

တစ်ခါတလေ ခရီးသွားခြင်းဆိုတာ နေရာအသစ်တွေကို လည်ပတ်ဖို့တင်မဟုတ်ဘဲ နေ့စဉ်ဘဝရဲ့ အလုပ်ရှုပ်မှုတွေကနေ ခဏတာအနားယူပြီး ကိုယ့်အတွက် အချိန်ပေးဖို့လည်း ဖြစ်ပါတယ်။

ဒီလိုအေးချမ်းတဲ့ ကလောမနက်ခင်းလေးတွေကို Hillview Heights မှာ စတင်ခံစားလိုက်ပါ။

📞 အသေးစိတ်စုံစမ်းရန်နှင့် ကြိုတင်စာရင်းပေးသွင်းရန်

🏨 Hotel Direct: 09 940 111 700

☎️ Yangon Sales Office: 09 773732020

#ကလော

20/10/2026

ချစ်ခြင်းမေတ္တာတွေကနေ ထာဝရ အမှတ်တရတွေကို ပုံဖော်ပေးနိုင်စေဖို့ ချစ်သူစုံတွဲတွေအတွက် ကျင်းပခဲ့တဲ့ Inya Lake Hotel Wedding Fair 2026 – Circle of Eternity မှာ Hillview Heights Estate Kalaw က Exhibitor အဖြစ် အောင်မြင်ဂုဏ်ယူစွာ ပါဝင်နိုင်ခဲ့ပါတယ်။

ပွဲနေ့လေးက အမှတ်တရပုံရိပ်လေးတွေကို ဒီဗီဒီယိုလေးကနေတစ်ဆင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ ဖြတ်သန်းသွားရမယ့် တူနှစ်ကိုယ်ခရီးစဉ်တိုင်းအတွက် Hillview Heights Estate Kalaw က အမြဲအဆင်သင့်ရှိနေပါတယ်။

📞အသေးစိတ်စုံစမ်းရန်နှင့် ကြိုတင်စာရင်းပေးသွင်းရန်
🏨Hotel Direct: 09 940 111 700
🏢Yangon Sales Office: 09 773 732 020

အောက်တိုဘာလ (၁၇)ရက်နေ့မှ (၁၈)ရက်နေ့အထိ  Inya Lake Hotel တွင် ကျင်းပခဲ့တဲ့ Inya Lake Hotel Wedding Fair 2026 – Circle of ...
19/10/2026

အောက်တိုဘာလ (၁၇)ရက်နေ့မှ (၁၈)ရက်နေ့အထိ Inya Lake Hotel တွင် ကျင်းပခဲ့တဲ့ Inya Lake Hotel Wedding Fair 2026 – Circle of Eternity မှာ Kalaw Hillview Heights Estate က Exhibitor အဖြစ်ပါဝင်ခွင့်ရခဲ့တဲ့အတွက်များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။

CIRCLE OF ETERNITY ပွဲမှာKalaw Hillview Heights Estate နဲ့အတူလာရောက်တွေ့ဆုံပေးခဲ့ကြသူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။‌

ပွဲနေ့ရဲ့ အမှတ်တရအခိုက်အတန့်လေးတွေကိုလည်းပြန်လည်မျှဝေပေးလိုက်ရပါတယ်။

# KalawHillviewHeightsEstate

16/10/2026

တောင်ပေါ်မြို့လေးရဲ့ ခြံဝန်းကျယ်ကြီးထဲမှာ သဘာဝအလှတရားတွေကို နီးကပ်စွာခံစားရင်း Luxury & Comfort ကို အပြည့်အဝခံစားနိုင်မယ့် Vacation Home🏡

တောင်ကုန်းပေါ်က ဒီအိမ်လေးမှာ ချစ်ရသူတွေနဲ့ အေးချမ်းစွာအနားယူနိုင်ဖို့ Hillview Heights Estate မှ နွေးထွေးစွာ ကြိုဆိုလျက်ပါ။

📞အသေးစိတ်စုံစမ်းရန်နှင့် ကြိုတင်စာရင်းပေးသွင်းရန်
🏨Hotel Direct: 09 940 111 700
🏢Yangon Sales Office: 09 773 732 020

သီတင်းကျွတ်ပိတ်ရက်မှာ ချစ်ရသူတွေနဲ့အတူ မြို့ပြရဲ့နေ့စဉ်လှုပ်ရှားမှုတွေကနေ ခဏတာအနားယူပြီး သဘာဝအလှတရားတွေကြားမှာ အချိန်ကုန...
15/10/2026

သီတင်းကျွတ်ပိတ်ရက်မှာ ချစ်ရသူတွေနဲ့အတူ မြို့ပြရဲ့နေ့စဉ်လှုပ်ရှားမှုတွေကနေ ခဏတာအနားယူပြီး သဘာဝအလှတရားတွေကြားမှာ အချိန်ကုန်ဆုံးဖို့ စိတ်ကူးရှိနေပြီလား။

အေးမြတဲ့တောင်ပေါ်လေညင်းတွေ၊ စိမ်းလန်းတဲ့ရှမ်းတောင်တန်းတွေနဲ့ အေးချမ်းသာယာတဲ့ပတ်ဝန်းကျင်က ကလောမြို့လေးကို အပန်းဖြေခရီးထွက်ဖို့ ရွေးချယ်သင့်တဲ့ အကြောင်းရင်းတွေပါပဲ။

ဒီသီတင်းကျွတ်ပိတ်ရက်မှာတော့ ကလောမြို့ရဲ့ တောင်တန်းအလှတွေကြားက Hillview Heights Estate မှာ စိတ်ရောကိုယ်ပါ အနားယူရင်း ချစ်ရသူတွေနဲ့အတူ တန်ဖိုးရှိတဲ့ အမှတ်တရအချိန်လေးတွေ ဖန်တီးလိုက်ပါ။ ✨

📞 အသေးစိတ်စုံစမ်းရန်နှင့် ကြိုတင်စာရင်းပေးသွင်းရန်

🏨 Hotel Direct: 09 940 111 700

☎️ Yangon Sales Office: 09 773 732 020

ဆောင်းရာသီအစမှာ အေးချမ်းမှုတွေရှိရာ ကလောမြို့လေးဆီ သွားဖို့ ပြင်နေပြီလား 🍃 🍃တဖြည်းဖြည်း အေးမြလာတဲ့ ရာသီဥတု၊ စိမ်းလန်းတဲ့...
13/10/2026

ဆောင်းရာသီအစမှာ အေးချမ်းမှုတွေရှိရာ ကလောမြို့လေးဆီ သွားဖို့ ပြင်နေပြီလား 🍃 🍃
တဖြည်းဖြည်း အေးမြလာတဲ့ ရာသီဥတု၊ စိမ်းလန်းတဲ့ တောင်တန်းရှုခင်းတွေနဲ့ လတ်ဆတ်တဲ့ တောင်ပေါ်လေညင်းလေးတွေက ကလောမြို့လေးရဲ့ သာယာအေးချမ်းတဲ့ အလှတရားကို ပိုမိုခံစားရစေပါတယ်။
ကလောရဲ့ သဘာဝအလှနဲ့တောင်တန်းတွေရဲ့ အေးချမ်းမှုကို နီးကပ်စွာခံစားရင်း 𝐇𝐢𝐥𝐥𝐯𝐢𝐞𝐰 𝐇𝐞𝐢𝐠𝐡𝐭𝐬 𝐄𝐬𝐭𝐚𝐭𝐞 မှာ ကိုယ်ချစ်ရသူတွေနဲ့အတူ အမှတ်တရအချိန်လေးတွေ ဖန်တီးလိုက်ပါ။

📞 အသေးစိတ်စုံစမ်းရန်နှင့် ကြိုတင်စာရင်းပေးသွင်းရန်
☎️ Yangon Sales Office: 09 773732020

Address

East Bo Gone, No. (71 E Circular Road
Kalaw
06021

Telephone

+959880087851

Website

Alerts

Be the first to know and let us send you an email when Hillview Heights Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hillview Heights Estate:

Shortcuts

Share