17/10/2026
ဘန်ကောက်မှာ အိမ်ဝယ်မယ်ဆိုရင် ကွန်ဒိုတစ်ခုတည်းကိုပဲ ကြည့်နေလို့မပြီးပါဘူး။ အထူးသဖြင့် ကိုယ်ပိုင်မြေပေါ်မှာ စီးပွားရေးလုပ်ငန်းရော၊ မိသားစုနေထိုင်မှုပါ ပေါင်းစပ်ချင်တဲ့ မြန်မာလုပ်ငန်းရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် Landed Property (မြေနေရာပါဝင်သော အိမ်ရာ) တွေဟာ ရေရှည်မှာ ပိုပြီး အကျိုးအမြတ်ခိုင်မာစေပါတယ်။
______________________
🧑🍼သင်နဲ့ သင့်တော်သလား?
■ အကယ်၍ လူကြီးမင်းတို့က သားသမီးတွေကို Bangkok က International ကျောင်းမှာ ထားဖို့ ပြင်ဆင်နေသူလား?
■ ဒါမှမဟုတ် ထိုင်းမှာ ကိုယ်ပိုင်လုပ်ငန်း၊ ရုံးခန်း (Home Office) ဖွင့်ရင်း ရေရှည်အခြေချဖို့ စဉ်းစားနေတဲ့ မြန်မာမိသားစုတစ်စုလား?
■ သို့မဟုတ် စိတ်ချရပြီး ISကျောင်းသားတွေငှားရမ်းမယ့် Student Rental မျိုးနဲ့ ပုံမှန် ဝင်ငွေရှာချင်တဲ့ ရင်းနှီးမြှုပ်နှံသူလား?
ဒါဆိုရင် ဒီ Postက လူကြီးမင်းတို့အတွက် အဖြေဖြစ်ပါလိမ့်မယ်။
_______________________________
🇲🇲 မြန်မာလူမျိုးအများစုရဲ့ အခက်အခဲ
■ နိုင်ငံခြားမှာ မြေပါတဲ့အိမ် ဝယ်ယူဖို့ ကြိုးစားတဲ့အခါ "နိုင်ငံခြားသားတွေ တရားဝင် ဝယ်လို့ရပါ့မလား"၊ "ပိုင်ဆိုင်မှုအာမခံချက် ခိုင်မာမှုရှိရဲ့လား" ဆိုတဲ့ စိုးရိမ်စိတ်တွေ အများကြီးရှိတတ်ကြပါတယ်။
■ ဒါ့အပြင် မြို့တွင်း အရမ်းကျပ်တဲ့နေရာတွေမှာ နေရာကျဉ်းကျဉ်းအတွက် ကုန်ကျစရိတ်ကြီးမားစွာ ပေးရတာမျိုးလည်း ဖြစ်တတ်ပါတယ်။
ကျွန်တော်တို့ အမြဲပြောလေ့ရှိတဲ့ အမှန်တရားတစ်ခုကတော့ - ထိုင်းနိုင်ငံရဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေကို သေချာနားလည်တဲ့ အတွေ့အကြုံရှိ ကျွမ်းကျင်သူနဲ့ လက်တွဲရင် နိုင်ငံခြားမှာ အိမ်ဝယ်ယူတာဟာ ဘာမှ မခက်ခဲသလို အန္တရာယ်လည်း ကင်းရှင်းပါတယ်။
_______________________________
🏡Vibe Bangna စီမံကိန်းအကြောင်း
■ အခု မိတ်ဆက်ပေးချင်တဲ့ စီမံကိန်းကတော့ အချက်အချာကျတဲ့ Bangna ဒေသ၊ ၈ လမ်းသွား Thepharak လမ်းမကြီးပေါ်မှာ တည်ရှိတဲ့ "Vibe Bangna" စီမံကိန်းဖြစ်ပါတယ်။
■ ဒီစီမံကိန်းရဲ့ အကြီးမားဆုံး အားသာချက်ကတော့ UK သင်ရိုး - SISU International School နဲ့ ကပ်လျက် (၀ မီတာအကွာ) မှာ တည်ရှိနေခြင်းပါပဲ။
■ Yellow Line MRT ဘူတာ ၂ ခုကို ၈ မိနစ်အတွင်း ရောက်နိုင်ပြီး သုဝဏ္ဏဘူမိလေဆိပ်ကို ၂၅ မိနစ်သာ ကားမောင်းရပါမယ်။
ဒီနေရာမှာ နားလည်ထားရမယ့် အသုံးအနှုန်းတစ်ခုက "Leasehold နှင့် Freehold" အကြောင်းပါ။
● Freehold ဆိုတာ အပိုင်ဝယ်ယူမှုဖြစ်ပြီး
● Leasehold ဆိုတာ ရေရှည် နှစ်ရှည်ငှားရမ်းစာချုပ်နဲ့ တရားဝင် ပိုင်ဆိုင်ခွင့်ယူတဲ့ စနစ်ဖြစ်ပါတယ်။
Vibe Bangna မှာ နိုင်ငံခြားသားတွေအတွက် စိတ်ချရတဲ့ နှစ်ရှည်ပိုင်ဆိုင်မှု စာချုပ်စနစ်တွေ ရွေးချယ်နိုင်ပါတယ်။
________________________________
🟢Vibe Bangna မှာ ရွေးချယ်စရာ ပုံစံ ၄ မျိုး ရှိပါတယ် -
✅ Townhouse (Home Office ပုံစံ): အကျယ်အဝန်း 155 Sqm၊ ၃ ထပ်၊ အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၃ ခန်း၊ အောက်ထပ်မှာ ဧည့်ခန်းနဲ့ မီးဖိုချောင်ပါဝင်ပြီး ကား ၁ စီး ရပ်နားနိုင်ပါတယ်။ ရုံးခန်းနဲ့ လူနေတွဲဖက်ချင်သူတွေအတွက် သင့်တော်ပြီး ဈေးနှုန်းကတော့ 5.69 Million Baht ပါ။
✅ Shophouse (ဆိုင်ခန်း / စီးပွားရေး): အကျယ်အဝန်း 155 Sqm၊ ၃ ထပ် Hall-type ဖွင့်ထားပေးပြီး ကား ၁ စီး ရပ်နိုင်ပါတယ်။ ပညာရေးဆိုင်ရာလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း သို့မဟုတ် Pet Shop ဖွင့်မယ့်သူတွေအတွက် အထူးသင့်တော်ပြီး ဈေးနှုန်း 5.69 Million Baht ဖြစ်ပါတယ်။
✅ Singlehouse (လုံးချင်းအိမ်): အကျယ်အဝန်း 184 Sqm၊ ၂ ထပ်၊ အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၃ ခန်း၊ ဝရန်တာကျယ်နဲ့ ကား ၁ စီး ရပ်နိုင်ပါတယ်။ မိသားစုကြီးကြီးမားမား အေးချမ်းစွာ နေထိုင်လိုသူများအတွက်ဖြစ်ပြီး ဈေးနှုန်း 8.8 Million Baht ဖြစ်ပါတယ်။
✅ Studenthouse (ကျောင်းသားသီးသန့် ငှားရမ်းမှုအတွက် အသင့်တော်ဆုံး): အကျယ်အဝန်း 132 Sqm၊ ၃ ထပ်၊ အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၃ ခန်း၊ မြေညီထပ်တွင် ဧည့်ခန်း၊ မီးဖိုချောင်နှင့် သေးငယ်သော ပန်းခြံပါဝင်ပါတယ်။ SISU ကျောင်းသားတွေအတွက် ငှားရမ်းဖို့ ရည်ရွယ်တည်ဆောက်ထားပြီး ဈေးနှုန်း 5.69 Million Baht ဖြစ်ပါတယ်။
____________________________
📈ရေရှည်တန်ဖိုးနှင့် ဘဝနေထိုင်မှု အဆင့်အတန်း
■ ကျောင်းသားတွေ၊ ဆရာ ဆရာမတွေ အမြဲရှိနေမယ့် SISU ကျောင်းနံဘေးမှာ ဖြစ်တာကြောင့် Rental Demand (အငှားဈေးကွက် လိုအပ်ချက်) က အမြဲ အသင့်ရှိနေမှာဖြစ်သလို အနီးအနားမှာ Mega Bangna, Bangkok Mall နဲ့ The Forestias စတဲ့ Mega Project တွေ ရှိတာကြောင့် Capital Appreciation (အိမ်ခြံမြေ တန်ဖိုးတက်လာမှု) လည်း သိသာစွာ မြင့်တက်လာမှာပါ။
■ ရေကူးကန်၊ အားကစားခန်းမ အပါအဝင် အဆင့်မြင့် Facilities ၂၄ မျိုးနဲ့ Pet-friendly ပတ်ဝန်းကျင်က သင့်မိသားစုအတွက် လုံခြုံအေးချမ်းမှုကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။
___________________________________
🤝Property 68 နှင့် လက်တွဲဆောင်ရွက်ပါ
■ တရားဝင် ငွေလွှဲပြောင်းမှု လုပ်ငန်းစဉ်၊ စာချုပ်စာတမ်း ချုပ်ဆိုမှု၊ ဥပဒေရေးရာ စစ်ဆေးမှုတွေကအစ အိမ်သော့ အပ်နှံတဲ့အထိ စိတ်ချယုံကြည်ရတဲ့ Myanmar Team က ပွင့်လင်းမြင်သာစွာ ကူညီဆောင်ရွက်ပေးနေပါတယ်။ ■ Vibe Bangna စီမံကိန်းကို အသေးစိတ် ကြည့်ရှုလိုပါက သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု အကြံဉာဏ်ရယူလိုပါက ကျွန်တော်တို့ page Message Box ကနေတစ်ဆင့် အခမဲ့ တိုက်ရိုက်ဆွေးနွေးနိုင်ပါပြီခင်ဗျာ။
Facebook:
TikTok:
YouTube:
---
💡 ဘန်ကောက်မြို့အိမ်ခြံမြေ Update သတင်းအချက်အလက်တွေကို လက်မလွတ်ရအောင် ကျွန်တော်တို့ရဲ့ Page ကို Like & Follow လုပ်ထားနိုင်ပါတယ်။