22/10/2026
Rama 9 vs Sukhumvit vs Sathorn - ဘယ်နေရာမှာ ရင်းနှီးမြှုပ်နှံသင့်သလဲ?
ဘန်ကောက်မှာ အိမ်ခြံမြေဝယ်ယူဖို့ စဉ်းစားနေတယ်ဆိုရင် Rama 9, Sukhumvit နဲ့ Sathorn ဆိုတဲ့ နေရာသုံးခုကို ကြားဖူးကြမှာပါ။
ဒါပေမဲ့ ဒီသုံးနေရာထဲမှာ ဘယ်နေရာက ရင်းနှီးမြှုပ်နှံဖို့ အကောင်းဆုံးလဲ?
အဖြေကတော့ ကိုယ့်ရဲ့ Budget၊ ဝယ်ယူရတဲ့ ရည်ရွယ်ချက်နဲ့ ရေရှည်အစီအစဉ်ပေါ်မှာ မူတည်ပါတယ်။
ဘန်ကောက်အိမ်ခြံမြေဈေးကွက်ဟာ နေရာတိုင်း၊ Project တိုင်းက အလားအလာတူညီနေတဲ့ ဈေးကွက်မျိုး မဟုတ်ပါဘူး။ ဝယ်ယူသူတွေကလည်း ပိုမိုသေချာစွာ လေ့လာနှိုင်းယှဉ်လာကြပြီး၊ တည်နေရာကောင်းမွန်မှု၊ Developer ရဲ့ ယုံကြည်စိတ်ချရမှုနဲ့ Property ရဲ့ အရည်အသွေးတို့က ပိုပြီးအရေးပါလာပါတယ်။
ဒါကြောင့် အိမ်ခြံမြေတစ်ခုကို ရွေးချယ်တဲ့အခါ ဈေးနှုန်းတစ်ခုတည်းကို ကြည့်လို့မရပါဘူး။ နေထိုင်ဖို့လား၊ အငှားချထားဖို့လား၊ အနာဂတ်တန်ဖိုးတိုးတက်ဖို့ မျှော်မှန်းထားတာလားဆိုတဲ့ ကိုယ့်ရဲ့ရည်ရွယ်ချက်ကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။
ဒီနေ့တော့ Rama 9, Sukhumvit နဲ့ Sathorn တို့ကို Lifestyle၊ Budget၊ အားသာချက်နဲ့ အားနည်းချက်တွေအလိုက် နှိုင်းယှဉ်ကြည့်ရအောင်။
1. Rama 9 - Growth Potential နဲ့ Capital Appreciation ကို မျှော်မှန်းသူတွေအတွက်ဖြစ်ပါတယ်။
Rama 9 ဟာ ဘန်ကောက်ရဲ့ ဖွံ့ဖြိုးတိုးတက်လာနေတဲ့ Business District တွေထဲက တစ်ခုဖြစ်ပြီး New C*D (စီးပွားရေးအချက်အချာနေရာသစ်) အဖြစ် ပိုမိုထင်ရှားလာနေပါတယ်။
ရုံးအဆောက်အအုံအသစ်တွေ၊ Mixed-use Development တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ တိုးတက်လာတာကြောင့် နေထိုင်မှုနဲ့ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်တွေကို ပေါင်းစပ်ပေးနိုင်တဲ့ ဧရိယာတစ်ခု ဖြစ်လာပါတယ်။
Rama 9 ရဲ့ ထူးခြားချက်က Modern, Practical နဲ့ Business-oriented ဖြစ်တဲ့ ပတ်ဝန်းကျင်ပါ။
Sukhumvit လို ရင့်ကျက်ပြီးသား Lifestyle Destination တစ်ခုနဲ့ နှိုင်းယှဉ်ရင် စီးပွားရေးလုပ်ငန်းတွေနဲ့ ရုံးအဆောက်အအုံတွေကို အခြေခံပြီး ဖွံ့ဖြိုးလာတဲ့ သဘောသဘာဝ ပိုများပါတယ်။
အထူးသဖြင့် ရုံးလုပ်ငန်းခွင်တွေနဲ့ နီးနီးနားနား နေထိုင်ချင်သူတွေ၊ ခေတ်မီတဲ့ Condo တွေကို နှစ်သက်သူတွေနဲ့ တဖြည်းဖြည်း ဖွံ့ဖြိုးလာနေတဲ့ ဧရိယာတစ်ခုမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားသူတွေအတွက် စဉ်းစားသင့်တဲ့ နေရာတစ်ခုပါ။
Budget - ဒီနေရာသုံးခုထဲမှာ Rama 9 က budget friendly ဖြစ်ပြီး ပေးတဲ့ စျေးနဲ့ တန်တဲ့ environment ကိုရနိုင်ပါတယ်။
Inner Bangkok ထဲမှာပဲ Condo အသစ်ဝယ်ချင်ပေမယ့် Prime Sukhumvit ဒါမှမဟုတ် Sathorn ရဲ့ အချို့သော Premium Project တွေလို ဈေးနှုန်းမြင့်မြင့် မပေးချင်သူတွေအတွက် စိတ်ဝင်စားစရာ ရွေးချယ်မှုတစ်ခုပါ။
ဒါပေမဲ့ Budget ပိုသက်သာတယ်ဆိုတာနဲ့ အမြဲတမ်း ပိုတန်တယ်လို့တော့ မဆိုနိုင်ပါဘူး။ ဝယ်ယူမယ့် Project ရဲ့ တည်နေရာ၊ သွားလာရေးအဆင်ပြေမှု၊ အနီးအနားက စီးပွားရေးလုပ်ငန်းတွေ၊ အငှားလိုအပ်ချက်နဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုတို့ကိုပါ လေ့လာဖို့ လိုပါတယ်။ Rama 9 ဟာ အနာဂတ်မှာ ပိုမိုဖွံ့ဖြိုးလာနိုင်တဲ့ အလားအလာရှိပေမယ့် Sukhumvit လို ရင့်ကျက်ပြီးသား Lifestyle နဲ့ International Community တစ်ခု ဖြစ်လာဖို့တော့ အချိန်ယူရဦးမှာပါ။
အားသာချက်များ
• New C*D အဖြစ် ဖွံ့ဖြိုးတိုးတက်လာနိုင်တဲ့ အလားအလာရှိခြင်း။
• ခေတ်မီတဲ့ Condo အသစ်တွေနဲ့ Project တွေကို ရွေးချယ်နိုင်ခြင်း။
• Prime C*D တွေနဲ့ နှိုင်းယှဉ်တဲ့အခါ ဘတ်ဂျက်လျော့သုံးနိုင်ခြင်း။
အားနည်းချက်များ
• ရင့်ကျက်ပြီးသား Prime Sukhumvit နဲ့ Sathorn တို့လို Prestige ရှိတဲ့ Address အဆင့်ကို နေရာတိုင်းမှာ မရောက်ရှိသေးခြင်း။
• Lifestyle က အပန်းဖြေမှုနဲ့ လူမှုဘဝထက် စီးပွားရေးလုပ်ငန်းတွေနဲ့ ပိုမိုဆက်စပ်နေခြင်း။
• အချို့နေရာတွေမှာ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု က နေရာပေါ် မူတည်ပြီးကွာခြားခြင်း၊
ဘယ်သူတွေအတွက် သင့်တော်လဲ?
Budget ကို prime C*D လောက်သုံးဖို့မလိုဘဲ Inner Bangkok ထဲမှာ ခေတ်မီတဲ့ Condo ဝယ်ချင်သူတွေ၊ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကို မျှော်မှန်းသူတွေနဲ့ ဝယ်ယူဈေးနှုန်းနဲ့ ရေရှည်တန်ဖိုးကို မျှတစွာ စဉ်းစားလိုသူတွေအတွက် သင့်တော်ပါတယ်။
2. Sukhumvit - Lifestyle, International Community နဲ့ Liquidity ကို ဦးစားပေးသူတွေအတွက်ဖြစ်ပါတယ်။
Sukhumvit ကတော့ ဘန်ကောက်မှာ နိုင်ငံတကာဝယ်ယူသူတွေ အများဆုံးစိတ်ဝင်စားကြတဲ့ Residential Area တွေထဲက တစ်ခုပါ။ shopping mall တွေ၊ စားသောက်ဆိုင်တွေ၊ Café တွေ၊ Nightlife နဲ့ BTS သွားလာရေးအဆင်ပြေမှုတို့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ နေထိုင်မှုပတ်ဝန်းကျင်ကိုပါ ရရှိနိုင်ပါတယ်။ ဒါကြောင့် Sukhumvit ဟာ နေထိုင်ဖို့အတွက်သာမက အငှားချထားဖို့နဲ့ အနာဂတ်မှာ ပြန်လည်ရောင်းချဖို့ပါ စဉ်းစားနိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ သို့သော် ဒီအလားအလာတွေက Project တစ်ခုနဲ့တစ်ခု၊ တည်နေရာတစ်ခုနဲ့တစ်ခု ကွာခြားနိုင်ပါတယ်။
Sukhumvit ရဲ့ အဓိကအားသာချက်က Lifestyle ရွေးချယ်စရာ များပြားခြင်းပါ။
အလုပ်လုပ်ဖို့၊ နေထိုင်ဖို့၊ အပန်းဖြေဖို့နဲ့ လူမှုဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းဖို့ လိုအပ်တဲ့အရာတွေကို တစ်နေရာတည်းမှာ ရှာတွေ့နိုင်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ နေထိုင်မှုကို နှစ်သက်သူတွေ အတွက်လည်း အဆင်ပြေပါတယ်။ ဒါကြောင့် ဘန်ကောက်မှာ ပထမဆုံး Condo ဝယ်ယူမယ့် နိုင်ငံခြားသားတွေအတွက် အလွယ်တကူ နားလည်ရွေးချယ်နိုင်တဲ့ ဧရိယာတစ်ခု ဖြစ်ပါတယ်။
ဒါပေမဲ့ Sukhumvit တစ်လျှောက်လုံးက တစ်ပုံစံတည်း မဟုတ်ပါဘူး။ အချို့နေရာတွေက Premium နဲ့ Luxury Lifestyle ကို ပေးနိုင်သလို၊ အချို့နေရာတွေကတော့ ပိုမိုစည်ကားပြီး နေ့စဉ်သွားလာရေးအဆင်ပြေမှုကို ဦးစားပေးပါတယ်။ ကိုယ်ကြိုက်တဲ့ Lifestyle နဲ့ ကိုက်ညီမယ့် အပိုင်းကို သေချာရွေးချယ်ဖို့ လိုပါတယ်။
Sukhumvit ရဲ့ နောက်ထပ် အားသာချက်တစ်ခုက Budget Range ကျယ်ပြန့်ခြင်းပါ။
Entry-level Condo တွေကနေ Premium နဲ့ Ultra-luxury Residence တွေအထိ ရွေးချယ်စရာ ရှိပါတယ်။ ဒါပေမဲ့ Prime Location တွေမှာတော့ ဝယ်လိုအားနဲ့ တည်နေရာရဲ့ အားသာချက်တွေကြောင့် ဈေးနှုန်းမြင့်မားတတ်ပါတယ်။ တစ်ခါတလေ လူကြိုက်များတဲ့ Location ဖြစ်နေတာကြောင့် ဈေးနှုန်းက မြင့်နေပေမယ့် Project ရဲ့ အရည်အသွေး၊ ငှားရမ်းနိုင်မှုနဲ့ ပြန်လည်ရောင်းချနိုင်မှုကို သေချာလေ့လာဖို့ လိုအပ်ပါတယ်။
Location ကောင်းတယ်ဆိုတာတစ်ခုတည်းနဲ့ ဈေးနှုန်းတိုင်းက တန်တယ်လို့ မဆိုနိုင်ပါဘူး။
အားသာချက်များ
• နိုင်ငံတကာဝယ်ယူသူတွေအတွက် Lifestyle နဲ့ နေထိုင်မှုအဆင်ပြေခြင်း။
• Expat နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတွေကြောင့် အငှားဈေးကွက်ကို စဉ်းစားနိုင်ခြင်း။
• နေထိုင်မှု၊ အငှားချထားမှုနဲ့ ပြန်လည်ရောင်းချမှုအတွက် ရွေးချယ်စရာများခြင်း။
• Shopping, Dining, Culture, Sports နဲ့ Nightlife တို့ကို အလွယ်တကူ ခံစားနိုင်ခြင်း။
အားနည်းချက်များ
• Prime Sukhumvit မှာ ဝယ်ယူစရိတ် မြင့်မားနိုင်ခြင်း။
• Traffic နဲ့ လူစည်ကားမှုကြောင့် နေ့စဉ်နေထိုင်မှုမှာ အဆင်မပြေမှုအချို့ ရှိနိုင်ခြင်း။
• Project အများအပြား ယှဉ်ပြိုင်နေတဲ့အတွက် အရည်အသွေးကောင်းပြီး ဈေးနှုန်းသင့်တင့်တဲ့ Unit ကို သေချာရွေးချယ်ဖို့ လိုခြင်း။
• လူသွားလူလာများတဲ့ နေရာအချို့မှာ တိတ်ဆိတ်ငြိမ်သက်မှု နည်းပါးနိုင်ခြင်း။
ဘယ်သူတွေအတွက် သင့်တော်လဲ?
နေထိုင်မှုအဆင်ပြေခြင်း၊ International Community၊ အငှားလိုအပ်ချက်နဲ့ ရေရှည်ပြန်လည်ရောင်းချနိုင်မှုတို့ကို မျှတစွာ စဉ်းစားလိုသူတွေအတွက် Sukhumvit က ရွေးချယ်စရာကောင်းတစ်ခု ဖြစ်ပါတယ်။
3. Sathorn - Prestige, Stability နဲ့ ပိုမိုတည်ငြိမ်တဲ့ မြို့ပြဘဝကို ရွေးချယ်သူတွေအတွက်ဖြစ်ပါတယ်။
Sathorn ကတော့ ဘန်ကောက်ရဲ့ အဓိက Financial Business District တွေထဲက တစ်ခုဖြစ်ပါတယ်။ Sukhumvit နဲ့ နှိုင်းယှဉ်ရင် ပိုမိုတည်ငြိမ်ပြီး Professional ဆန်တဲ့ ပတ်ဝန်းကျင်ရှိပါတယ်။ နေ့စဉ်အလုပ်လုပ်ရင်း မြို့လယ်မှာ နေထိုင်လိုသူတွေ၊ Premium Residence ကို နှစ်သက်သူတွေနဲ့ ရေရှည်ပိုင်ဆိုင်မှုကို ဦးစားပေးသူတွေအတွက် စဉ်းစားသင့်တဲ့ နေရာတစ်ခုပါ။
Sathorn ရဲ့ Vibe က Calm, Elegant နဲ့ composed ဖြစ်ပါတယ်။ Sukhumvit လို Shopping နဲ့ Nightlife ကို အဓိကထားတဲ့ Lifestyle ထက် စီးပွားရေးလုပ်ငန်းခွင်တွေ၊ Premium Residence တွေနဲ့ သပ်ရပ်တည်ငြိမ်တဲ့ မြို့ပြပတ်ဝန်းကျင်ကို ပိုမိုခံစားရပါတယ်။ ရုံးလုပ်ငန်းခွင်တွေ၊ သံရုံးတွေ၊ အဆင့်မြင့်လူနေအဆောက်အအုံတွေနဲ့ နီးနီးနားနား နေထိုင်လိုသူတွေအတွက်လည်း အဆင်ပြေပါတယ်။
တစ်နည်းပြောရရင် Sukhumvit က ပိုမိုစည်ကားလှုပ်ရှားတဲ့ Lifestyle ကို ပေးနိုင်တယ်ဆိုရင် Sathorn ကတော့ တည်ငြိမ်ပြီး Professional ဆန်တဲ့ Premium City Living ကို ပိုမိုနှစ်သက်သူတွေအတွက် ဖြစ်ပါတယ်။
Sathorn ရဲ့ Prime Location တွေမှာ Budget ပိုသုံးဖို့ လိုပါတယ်။ အထူးသဖြင့် တည်နေရာကောင်းပြီး အရည်အသွေးမြင့်တဲ့ Project တွေမှာ ဈေးနှုန်းက အခြားနေရာအချို့ထက် မြင့်မားနိုင်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ ရင်းနှီးမြှုပ်နှံတဲ့အခါ ဈေးသက်သာတာကိုပဲ မရှာဘဲ၊ ကိုယ်ဝယ်ယူမယ့် Property ရဲ့ အရည်အသွေး၊ တည်နေရာနဲ့ ရေရှည်မှာ ဘယ်လိုဝယ်ယူသူ ဒါမှမဟုတ် အငှားနေထိုင်သူတွေကို ဆွဲဆောင်နိုင်မလဲဆိုတာကို အဓိကထားစဉ်းစားသင့်ပါတယ်။
အားသာချက်များ
• Prestige ရှိတဲ့ Central Business District Address ဖြစ်ခြင်း။
• အဓိကစီးပွားရေးလုပ်ငန်းခွင်တွေနဲ့ နီးကပ်ခြင်း။
• Executive Tenants နဲ့ Premium Buyers တွေအတွက် ဆွဲဆောင်မှုရှိခြင်း။
• တည်နေရာကောင်းတဲ့ Property ကို ရေရှည်ပိုင်ဆိုင်လိုသူတွေအတွက် စဉ်းစားသင့်တဲ့ ဧရိယာဖြစ်ခြင်း။
အားနည်းချက်များ
• Prime Location တွေမှာ ဝယ်ယူစရိတ် မြင့်မားနိုင်ခြင်း။
• Sukhumvit နဲ့ နှိုင်းယှဉ်ရင် Lifestyle နဲ့ Nightlife ရွေးချယ်စရာတွေ အချို့နေရာမှာ ပိုမိုနည်းပါးနိုင်ခြင်း။
• ဈေးကွက်ရင့်ကျက်ပြီးသား ဖြစ်တဲ့အတွက် တန်ဖိုးနဲ့ ဈေးနှုန်းမျှတတဲ့ Property ကို ရှာဖွေရာမှာ ပိုမိုသေချာစွာ လေ့လာဖို့ လိုခြင်း။
ဘယ်သူတွေအတွက် သင့်တော်လဲ?
Budget ပိုမိုမြင့်မားပြီး Professional Lifestyle၊ Prestige ရှိတဲ့ Address နဲ့ ရေရှည်ပိုင်ဆိုင်မှုကို ဦးစားပေးသူတွေအတွက် Sathorn က သင့်တော်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်နိုင်ပါတယ်။
________________________________________
ဒါဆို ကိုယ့်အတွက် ဘယ်နေရာကို ရွေးချယ်သင့်သလဲ?
ဒီသုံးနေရာကို နှိုင်းယှဉ်ပြီးရင် အရေးကြီးဆုံးက ကိုယ်ဘာအတွက် Property ဝယ်ယူချင်တာလဲဆိုတဲ့ မေးခွန်းပါပဲ။
Growth Potential နဲ့ Value ကို ဦးစားပေးချင်တယ်ဆိုရင် - Rama 9
အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကို စိတ်ဝင်စားပြီး Budget နဲ့ Location ကို မျှတစွာ ချိန်ဆလိုသူတွေအတွက် စဉ်းစားသင့်ပါတယ်။
Lifestyle နဲ့ International Community ကို ဦးစားပေးချင်တယ်ဆိုရင် - Sukhumvit
နေထိုင်မှုအဆင်ပြေခြင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အငှားဈေးကွက်တို့ကို အလေးထားသူတွေအတွက် ရွေးချယ်စရာများပါတယ်။
Prestige နဲ့ Core C*D Address ကို ဦးစားပေးချင်တယ်ဆိုရင် -Sathorn
စီးပွားရေးအချက်အချာနေရာမှာ နေထိုင်လိုပြီး Professional Lifestyle နဲ့ ရေရှည်ပိုင်ဆိုင်မှုကို အလေးထားသူတွေအတွက် သင့်တော်နိုင်ပါတယ်။
ဒါပေမဲ့ တစ်ချက်တော့ သတိပြုဖို့လိုပါတယ်။ နေရာကောင်းတစ်ခုဖြစ်ရုံနဲ့ အဲဒီနေရာမှာရှိတဲ့ Property တိုင်းက ရင်းနှီးမြှုပ်နှံမှုကောင်းတစ်ခု ဖြစ်လာမယ်လို့ မဆိုနိုင်ပါဘူး။
တူညီတဲ့ဧရိယာအတွင်းမှာတောင် Project တစ်ခုနဲ့တစ်ခု၊ Unit တစ်ခုနဲ့တစ်ခုရဲ့ ဝယ်ယူဈေးနှုန်း၊ ဆောက်လုပ်ရေးအရည်အသွေး၊ အငှားလိုအပ်ချက်နဲ့ ပြန်လည်ရောင်းချနိုင်မှုတို့ ကွာခြားနိုင်ပါတယ်။
ဒါကြောင့် Location ကို ရွေးချယ်ပြီးတဲ့အခါ ကိုယ်ဝယ်ယူမယ့် Project နဲ့ Unit ကိုပါ သေချာလေ့လာဖို့ လိုပါတယ်။
နေရာကောင်းတာထက် ကိုယ့်အတွက် မှန်ကန်တဲ့ Property ဖြစ်ဖို့ ပိုအရေးကြီးပါတယ်။
WiseNest Property အနေနဲ့ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုမှာ “အကောင်းဆုံး Area” တစ်ခုတည်းကို ရှာဖွေတာထက် ကိုယ့်ရဲ့ရည်ရွယ်ချက်၊ Budget နဲ့ ရေရှည်အစီအစဉ်တွေအတွက် အသင့်တော်ဆုံး Property ကို ရွေးချယ်နိုင်ဖို့က ပိုအရေးကြီးတယ် လို့ ယုံကြည်ပါတယ်။
ဒါကြောင့် ဝယ်ယူမယ့်ဈေးနှုန်း၊ Location၊ Project အရည်အသွေးနဲ့ ရေရှည်အစီအစဉ်တို့ကို ပေါင်းစပ်ပြီး ဆုံးဖြတ်ဖို့ လိုပါတယ်။အရေးကြီးဆုံးက ကိုယ့်ဘဝပုံစံနဲ့ ကိုက်ညီပြီး၊ ကိုယ့်ရဲ့ရည်ရွယ်ချက်အတွက် သင့်တော်ကာ ရေရှည်မှာလည်း တန်ဖိုးရှိနိုင်မယ့် Property ကို ရွေးချယ်နိုင်ဖို့ပါပဲ။
ဘန်ကောက်မှာ Property ဝယ်ယူဖို့ စဉ်းစားနေပြီး ကိုယ့် Budget နဲ့ ဘယ်နေရာက ပိုသင့်တော်မလဲဆိုတာ သိချင်ပါသလား?
WiseNest Property နဲ့ ဆက်သွယ်ပြီး ကိုယ့်ရဲ့လိုအပ်ချက်နဲ့ ရည်ရွယ်ချက်အလိုက် သင့်တော်မယ့် ရွေးချယ်မှုတွေကို ဆွေးနွေးနိုင်ပါတယ်။
WiseNest Property - Let's find your dream home with us.
📱 Tele/ WhatsApp / LINE / Viber
+66 (0) 95 105 2693
________________________________________
Sources & References
• CBRE Thailand - 2026 Thailand Real Estate Market Outlook
• Colliers Thailand - Bangkok Condominium Market Q2 2026
• JLL - Bangkok Residential Market Dynamics Q2 2026
• Savills - Thailand Property Market 2026: Strategic Outlook & Emerging Trends