Explore with Nara

เส้นทาง ติดต่อ ธุรกิจของเรา

Explore with Nara ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก Explore with Nara, ตัวแทนอสังหาริมทรัพย์, Bangkok

Bangkok မှာ ရွှေမြန်မာတို့ ကိုယ့်အိမ်ကိုယ့်ယာလို အဆင်ပြေမယ့် နေရာငါးခုဘယ်သူမဆို အမိဇာတိမြေကိုတော့ ချစ်ကြတဲ့လူတွေချည်းပါပ...
09/08/2024

Bangkok မှာ ရွှေမြန်မာတို့ ကိုယ့်အိမ်ကိုယ့်ယာလို အဆင်ပြေမယ့် နေရာငါးခု

ဘယ်သူမဆို အမိဇာတိမြေကိုတော့ ချစ်ကြတဲ့လူတွေချည်းပါပဲ ။ ကျွန်တော်တို့ ရွှေမြန်မာတွေလည်း ထိုင်းနိုင်ငံကို အလုပ်ကြောင့်ဖြစ်စေ ၊ တခြားအကြောင်းအရင်းများကြောင့်ဖြစ်စေ လာရောက်နေထိုင်ရတဲ့အခါ အမိမြန်မာပြည်နဲ့ မြန်မာအစားအစာတွေကို လွမ်းကြရမှာပါ ။ ကျွန်တော်အခုပြောပြပေးမယ့် နေရာငါးခုကတော့ ကျွန်တော်တို့ရွှေ‌မြန်မာတွေ ထိုင်းနိုင်ငံထဲမှာကိုပဲ မြန်မာပြည်ပြန်ရောက်နေသလိုခံစားရစေမယ့် နေရာငါးခုပဲဖြစ်ပါတယ် ။

အခုပြောပြမယ့် ခရိုင်ငါးခုကတော့ Bangkok မှာရွှေမြန်မာတွေအများဆုံးရှိတဲ့ထဲက နေလို့ကောင်းပြီး သွားရေးလာရေးပြေသလို အိမ်ခန်းဈေးလည်းအဆင်ပြေတဲ့နေရာတွေကိုရွေးထုတ်ပေးထားတာဖြစ်ပါတယ် ။ သင်ရော ထိုင်းနိုင်ငံကိုလာဖို့ဆုံးဖြတ်ထားတယ်ဆိုရင် ဘယ်မှာနေမလဲစဉ်းစားပြီးပြီလား အကယ်၍ ရွေးချယ်ရခက်နေတယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ Explore with Nara page မှာလာရောက်တိုင်ပင်ဆွေးနွေးလို့ရပါတယ် ။ Bangkok မှာ ရွှေမြန်မာတို့ ကိုယ့်အိမ်ကိုယ့်ယာလို အဆင်ပြေမယ့် နေရာငါးခုကိုအောက်ကပုံလေးတွေကိုတစ်ပုံချင်းစီထောက်ကြည့်လို့ရပါတယ်ခင်ဗျာ။

Ref: google

Bangkok မြို့ရဲ့ ဈေးအကြီးဆုံး မြေနေရာများBangkok မြို့မှာ ခရိုင်ပေါင်း 50 ကျော်ရှိပြီး အိမ်ခြံမြေနေရာ‌ဈေးတွေအနေနဲ့ ဈေးသက...
02/08/2024

Bangkok မြို့ရဲ့ ဈေးအကြီးဆုံး မြေနေရာများ

Bangkok မြို့မှာ ခရိုင်ပေါင်း 50 ကျော်ရှိပြီး အိမ်ခြံမြေနေရာ‌ဈေးတွေအနေနဲ့ ဈေးသက်သာတာလည်းရှိသလို သာမန်လူတန်းစားတွေအနေနဲ့လက်လှမ်းမမှီတဲ့ဈေးနှုန်းတွေနဲ့နေရာတွေလည်းရှိပါတယ် ။

ဒီနေ့မှာတော့ ကျွန်တော်တို့ Page ကနေပြီး Bangkok မြို့ရဲ့ဈေးအကြီးဆုံးဧရိယာသုံးခုကိုပြောပြပေးသွားမှာဖြစ်ပါတယ် ။ အောက်ကတစ်ပုံချင်းစီကိုထောက်ပြီးဖတ်ကြည့်ပေးပါခင်ဗျာ။


Ref: Thaiger website, Lazudi

မင်္ဂလာပါ ။ကျွန်တော်တို့ရဲ့ page ကနေပြီးတော့ ထိုင်းနိုင်ငံမှာ အိမ်ခန်းရှာ‌နေသူများအတွက်1 - မိမိရှာဖွေချင်လိုသောနေရာ2 - မ...
01/06/2024

မင်္ဂလာပါ ။

ကျွန်တော်တို့ရဲ့ page ကနေပြီးတော့ ထိုင်းနိုင်ငံမှာ အိမ်ခန်းရှာ‌နေသူများအတွက်

1 - မိမိရှာဖွေချင်လိုသောနေရာ
2 - မိမိလိုချင်သည့်အချက်အလက်များ
3 - နေထိုင်လိုသူအရေအတွက်
4 - အိမ်လစာ စသဖြင့်တို့ကိုပြောပေးရုံဖြင့်။
အချိန်တိုအတွင်း အမြန်ဆုံးရှာဖွေပေးပါတယ် ။

အခန်းငှားအတွက်ဝန်ဆောင်ခကိုလည်း 80% နှုန်းသောအခန်းများက အိမ်ရှင်ဘက်က ပေးချေမှာဖြစ်တဲ့အတွက် customer များဘက်က နေရာတစ်နေရာကြည့်လိုလျင် transportation fee ‌အ‌နေဖြင့် 500ဘတ်သာကျသင့်မှာဖြစ်ပါတယ်ခင်ဗျာ ။

20% သောအခန်းများကတော့အိမ်ရှင်ဘက်ကမပေးချေပါသဖြင့် သင့်တင့်လျောက်ပတ်သော ဝန်ဆောင်ခသာရယူပြီး ရှာဖွေပေးပါမယ် ။

အခန်းဝယ်ယူလိုသည့် customer များအတွက်ကတော့ 100% အခမဲ့ဝန်ဆောင်မှုပေးပါတယ် ။

ထိုင်းနိုင်ငံမှာအိမ်ခန်းရှာ အဆင်ပြေဆုံးကူညီပေးမှာ Nara

ที่อยู่

Bangkok

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00
อาทิตย์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Explore with Nara โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Explore with Nara:

ทางลัด

แชร์