22/10/2026
🅷🅴🅻🅿 🆆🅰🅽🆃🅴🅳
တကယ်ကျောခိုင်းရတော့မယ်ဆိုတဲ့ အသိတရားဝင်လာရင်
နှလုံးရော အသွေးအသားရော
တကိုယ်လုံးတုန်ရီ
ချွေးစေးတွေ ကျရပေမယ့်
အမြဲ နာကျင်စွာနဲ့
ကို သည်းခံခဲ့တာတွေ
သူများကိုပေးသလောက်
ကို့အပေါ် အားစိုက်ခြင်းမရှိတာတွေကို
တန်းစီတွေးခေါ်ပြီး
ကျော်ဖြတ်နေပါတယ်။
တကယ်မချစ်တဲ့ တဖက်လူက
နောက်ခရီးတခုကို လွတ်လပ်စွာလှမ်းသွားပြီဆိုတာကို
အတိတ်တွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း
ဝေဝါးသွားတော့မယ့် အတိတ်တွေကို
ကြည့်ပြီးသား ဇာတ်ကားတခု
ပြန်ပြန်ကြည့်သလို
မေ့သွားမိမှာစိုးလို့
အထပ်ထပ်ကြည့်နေမိတယ်။
သူ့ရဲ့ပျော်ရွှင်ခြင်းအသစ်တိုင်းက
ကိုယ့်ရဲ့ ရှေ့ဆက်ရမယ့် ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်နေမယ့် နေ့ရက်တွေအဖြစ်ပေါ့။
ရေစက်ကုန်တယ်ဆိုတဲ့ အချိန်ရောက်လာတယ်ဆို
တကယ်ငြင်းဆန်လို့မရတော့တဲ့ အခိုက်အတန့်ပေါ့။
ရှေးရှေးဘဝတွေရဲ့ ဒါနတွေ
အတူတူလုပ်ခဲ့တဲ့ ကံက နည်းခဲ့လို့
အခုလို စောစော ဝေးကွာရတယ်ပဲ ခံယူလျက်ပါ။
ပျံသန်းလိုက်ဖို့ ဆုံးဖြတ်ပြီးတဲ့ ငှက်ကလေးကို
ဘာလို့ အတင်းမာယာ မူယာတွေနဲ့ ရစ်နွယ်ရပါ့။
သင်လွတ်လပ်ပေါ့ပါးခြင်းထပ်တူ
ကိုယ်တိုင်လဲ
ထပ်တူညီစွာ ပြန်လည်ပိုင်ဆိုင်ပါရစေလို့ပဲ
ဆုတောင်းလျက်...
မီ
22 October 2026 (14:10)