Ko Zaw - General & Real Estate

Call Directions

Ko Zaw - General & Real Estate Ko Zaw - အထွေထွေနှင့် အိမ် ခြံ မြေ ဝန်ဆောင်မှုလုပ်ငန်း၊ ဒဂုံ (တောင်၊မြောက်၊အရှေ့၊ဆိပ်ကမ်း) မြို့နယ်၊ သာကေတမြို့နယ်၊ သင်္ကန်းကျွန်းမြို့နယ်။

လူကောင်းဖြစ်တာ မြင့်မြတ်တယ်။ သူများကို လူကောင်းဖြစ်အောင် သင်ပေးတာက ပိုမြင့်မြတ်တယ်။ ကိုယ်တိုင်လည်း ဘာမှပင်ပန်းစရာမလိုဘူး...
13/10/2026

လူကောင်းဖြစ်တာ မြင့်မြတ်တယ်။ သူများကို လူကောင်းဖြစ်အောင် သင်ပေးတာက ပိုမြင့်မြတ်တယ်။ ကိုယ်တိုင်လည်း ဘာမှပင်ပန်းစရာမလိုဘူး။....
မတ်ခ်တွိန်း (Mark Twain)

ဒီစကားက သူ့ရဲ့ ၁၈၉၇ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Following the Equator စာအုပ်ရဲ့ အဖွင့်ပိုင်းမှာ ပါတာပါ။ စာအုပ်ရဲ့ အဲဒီအဖွင့်စာမှာပဲ သူက ဒီဆုံးမစကားတွေကို ကိုယ်တိုင်ကျင့်သုံးရာက ရခဲ့တာမဟုတ်ဘဲ သူများကိုလိုက်ပြီး လေ့လာကြည့်ရှုရာက ရခဲ့တာလို့ အရွှန်းဖောက်ထားပါတယ်။....

ဒါကြောင့် ကိုယ်တိုင်လည်း ဆုံးမစကားရေးသူတစ်ယောက်ဖြစ်တဲ့ သူ့ကိုယ်သူပါ သရော်ထားတာဖြစ်ပါတယ်။......

 #မြေကွက်ဝယ်တော့မယ်ဆိုရင် သတိထားသင့်တဲ့အချက် ( ၅ ) ချက်.....နွေးထွေးတဲ့မိသားစုအိမ်လေးဟာ လူသားတိုင်းအတွက်လိုအပ်ပါတယ် ခင်ဗ...
08/10/2026

#မြေကွက်ဝယ်တော့မယ်ဆိုရင် သတိထားသင့်တဲ့
အချက် ( ၅ ) ချက်.....

နွေးထွေးတဲ့မိသားစုအိမ်လေးဟာ လူသားတိုင်းအတွက်လိုအပ်ပါတယ် ခင်ဗျ။ကိုယ့်မှာ စုဆောင်းထားတဲ့ ငွေကြေးနဲ့ တစ်ဘဝလုံးစာ နေထိုင်ဖို့ အိမ်နဲ့ ခြံလေး ဝယ်ယူတော့မယ်ဆိုရင် အချိန်ကုန်၊ ငွေကုန် လူပင်ပန်း မဖြစ်ရအောင် မဖြစ်မနေ သိထားသင့်တဲ့ အိမ်ခြံမြေဆိုင်ရာ ဗဟုသုတလေးတွေကို ဖော်ပြလိုက်ပါတယ်နော်။......

၁။ ပိုင်ဆိုင်မှု ခိုင်မာပါစေ

ငွေပေါပေါ ရှိလို့ ဝယ်လိုက်သည်ဖြစ်စေ၊ အနှစ်နှစ်အလလ စုထားရတဲ့ ချွေးနှဲစာ ငွေလေးနဲ့ ဝယ်ယူသည်ဖြစ်စေ ဝယ်ပြီးမှတော့ လွယ်လွယ်နဲ့ ဆုံးရှုံးချင်မှာ မဟုတ်ဘူးနော်။ ဒါကြောင့် ပထမဆုံး အနေနဲ့...

( က ) မိမိဝယ်ယူလိုတဲ့မြေကွက်ရဲ့ အမည်ပေါက်ဟာ ဘယ်သူလဲ၊
(ခ ) မြေပိုင်ဆိုင်မှု အထောက်အထား၊
( ဂ ) စာရွက်စာတမ်းတွေစုံ/မစုံ၊
( ဃ ) မူရင်းစစ်မှန်မှုရှိ/မရှိ၊ အရှုပ်အရှင်းကင်းမကင်း၊
( င ) မြေခွန်၊ အိမ်ခွန် ကြွေးကျန် ရှိ၊ မရှိ
( စ ) မြေပုံ/မြေရာဇဝင် နဲ့
( ဆ ) စည်ပင်သာယာ (သို့မဟုတ်) မြေစာရင်းရုံးရဲ့ နောက်ဆုံးမှတ်တမ်းမှာ ဘယ်လိုရေးသွင်းမှတ်သားထားလဲဆိုတာတွေကို တိကျရှင်းလင်းစွာ စစ်ဆေးရပါမယ်။...

၂။ မြေအမျိုးအစားကို သေချာစစ်ဆေးပါ

ကိုယ်ဝယ်မယ့်မြေဟာ ဘိုးဘွားပိုင်မြေလား၊ ဂရန်မြေလား၊ မြေချမိန့်ရထားတဲ့မြေလား၊စလစ်မြေ၊ရွာမြေ၊လယ်မြေလား၊ ယာမြေလား၊ပုံစံ-၇ ရထားတဲ့မြေလား ဆိုတာ သေချာစစ်ဆေးရပါမယ်။.....

၃။ မြေကွက်ကို ရောင်းချသူ ဘယ်လိုပိုင်ဆိုင်ခဲ့တယ် ဆိုတာကို စစ်ဆေးပါ

မြေကွက်ပိုင်ရှင် ရောင်းချသူဟာ ကိုယ့်ရဲ့ မိတ်ဆွေရင်းကြီး ဖြစ်နေရင်တောင် သေချာစစ်ဆေးဖို့ လိုပါတယ်။ ရောင်းချသူဟာ မြေကွက်ကို အမွေရခဲ့တာလား၊ ကိုယ်တိုင်ဝယ်ယူခဲ့တာလား၊ လက်ဆောင်ရထားတာလား ဆိုတာကို သေချာစုံစမ်းဖို့ လိုပါတယ်နော်။....

၄။ စာချုပ်စာတမ်း စုံ၊ မစုံ စစ်ဆေးပါ

စာချုပ်စာတမ်း စစ်ဆေးရာမှာ
ဂရန်မြေဆိုရင် –
(က) မြေချထားမိန့်မူရင်း
(ခ) ငွေသွင်းပြေစာမူရင်း
(ဂ) ဂရန်စာချုပ်မူရင်း၊ မြေပုံ/မြေရာဇဝင်
(ဃ)မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ
(ဇ) အိမ်ခွန်၊ မြေခွန်ပြေစာများ

ဘိုးဘွားပိုင်မြေဆိုရင်

(က) ဘိုးဘွားပိုင်မြေမှတ်တမ်းစာချုပ်
(ခ) မြေပုံ/မြေရာဇဝင်
(ဃ) မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ

ပုံစံ-၇ ထုတ်ပေးထားတဲ့မြေဆိုရင်.....

(က) ပုံစံ-၇ မူရင်း
(ခ) မြေပုံ၊ မြေရာဇဝင်
(ဂ) ရပ်/ကျေးမှတ်တမ်း
(ဃ) စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများကို စုံအောင် စစ်ဆေးရပါမယ်။...

၅။ စာချုပ်ချုပ်ဆိုခြင်း

စာချုပ်စာတမ်းတွေ စစ်ဆေးပြီးရင်တော့ စရံပေးစာချုပ်( ကတိစာချုပ် ) ချုပ်ဆိုခြင်း၊ အရောင်အဝယ် ပြုလုပ်ခြင်းအား ကန့်ကွတ်လိုသူ ရှိ၊ မရှိ သတင်းစာမှာ ကြေညာခြင်း၊ သတင်းစာမှာထည့်ပြီး စောင့်ကြည့်နေစဉ်အတွင်း အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ခြင်း၊ မြေပုံ၊ မြေရာဇဝင် ရေးသားခြင်းတို့ လုပ်ဆောင်ရပါမယ်။ ကန့်ကွတ်သူ မပေါ်လာရင်တော့ ငွေအပြည့်ချေပြီး မြေလက်ရောက် လွှဲပြောင်းယူခြင်း၊ ဝယ်ယူတဲ့မြေနဲ့ ဆိုင်တဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်း (မူရင်း) အားလုံး
အခွန်ဆောင်ထားသော မှတ်တမ်းမှတ်ရာများ၊ စာချုပ်စာတမ်းများ၊ ဂရန်မူရင်း (သို့) ပုံစံ-၇ မူရင်း အစရှိတဲ့ စာရွက်စာတမ်းတွေ တစ်ခါတည်းအရယူထားရပါမယ်။...

အထက်ပါအဆင့်တွေအားလုံးပြီးရင်တော့ မှတ်ပုံတင် အရောင်းအဝယ်စာချုပ် လက်ထဲရတာနဲ့ မိမိအမည်ပေါက်ပြောင်းလဲဖို့ လျှောက်ထားကာ ပိုင်ဆိုင်မှုကို ပိုမိုခိုင်မာအောင် ဆက်လက်လုပ်ဆောင်နိုင်ပါပြီ။...

ထပ်ဆင့်ကူးယူဖော်ပြပါသည်။
မူရင်းရေးသားသူအားလေးစားစွာဖြင့်
to Original Writer Uploader with respect.

 #တိုက်ခန်းဝယ်တော့မယ်ဆိုရင် တောင်းယူရမည့် စာရွက်စာတမ်းများ........တိုက်ခန်းဝယ်တော့မယ်ဆိုရင်......တိုက်ခန်း အရောင်းအဝယ်လု...
21/09/2026

#တိုက်ခန်းဝယ်တော့မယ်ဆိုရင် တောင်းယူရမည့် စာရွက်စာတမ်းများ........

တိုက်ခန်းဝယ်တော့မယ်ဆိုရင်......
တိုက်ခန်း အရောင်းအဝယ်လုပ်တဲ့အခါ ဝယ်ယူသူတွေအနေနဲ့ ပိုပြီးခိုင်မာမှုရှိအောင် တောင်းယူရမယ့် စာရွက်စာတမ်းတချို့ကို မဖြစ်မနေ တောင်းယူသင့်ပါတယ်။....

အရောင်းအဝယ် လုပ်တဲ့အခါ ရောင်းသူနဲ့ပွဲစားတွေရဲ့ ပြောစကားတွေကိုသာ ဝယ်သူတွေက ယုံကြည်ကြရပါတယ်။.....

ဒါကြောင့် အရောင်းအဝယ် လုပ်တဲ့အခါ ပိုပြီးစိတ်ချနိုင်အောင် လုပ်သင့်တာတွေ ရှိပါတယ်။....

စရန်ပေးရင် ပိုင်ဆိုင်မှု မိတ္တူတောင်းပါ။ ဝယ်ယူသူတွေအနေနဲ့ တိုက်ခန်းနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ မှန်ကန်အောင် ပြည့်စုံအောင် သေချာမသိကြဘူး။
ဈေးတန်ရင် ဈေးဆစ်ဝယ်ကြတာပါပဲ။.....

ကိုယ်ဝယ်မယ့်တိုက်ခန်းစာရွက် စာတမ်းတွေကလည်း စရန်မြေပေး စာချုပ်ချုပ်တော့မှ ထုတ်ပြကြတာပါ။
တစ်ခါတရံရောင်းသူတွေက ကျန်ငွေချေတဲ့အခါမှသာ မူရင်းပေးမယ်လို့ ပြောတတ်ကြပြီး ဒါတွေကို သတိထားသင့်ပါတယ်။ စာရွက်စာတမ်းကျွမ်းကျင်သူ ဝယ်သူတော်တော်များများက စရန်ပေး စာချုပ်ချုပ်တဲ့အခါ ရှေ့နေခေါ်ဖို့ မလိုဘူးထင်ပြီး ပွဲစားတွေ ယူလာတဲ့ အိမ်ခြံမြေအရောင်းအဝယ်စာချုပ်တွေ တိုက်ခန်းအရောင်းအဝယ် စာချုပ်တွေနဲ့ပဲ စရန်ငွေပေးပြီး စလွယ်လုပ်တတ်ကြပါတယ်။......

ဒါကြောင့်ဝယ်တဲ့အခါ ခိုင်မာအောင် စာရွက်စာတမ်း ကျွမ်းကျင်သူတွေကို ခေါ်ယူသင့်ပါတယ်။
ရောင်းသူထံက တောင်းယူမယ့် စာရွက်စာတမ်း ကန်ထရိုက်ထံက တိုက်ခန်း တိုက်ရိုက်ဝယ်ယူတဲ့အခါ မြေရှင်နဲ့ ကန်ထရိုက်တို့ အခန်းအပေးအယူ သဘောတူစာချုပ်ချုပ်ထားတဲ့ ကတိစာချုပ် (မိတ္တူ)၊ ရောင်းသူနဲ့ကျန် ကန်ထရိုက်တာနှစ်ဦး အခန်းခွဲဝေတဲ့ သဘောတူစာချုပ်(မူရင်း)၊ BCC လူနေထိုင်ခွင့် လက်မှတ် (မိတ္တူ)တွေကို ရောင်းသူထံက တောင်းယူဖို့ လိုအပ်ပါတယ်။ ပြီးမှ ရောင်းသူထံက မှတ်ပုံတင်မိတ္တူနဲ့ အိမ်ထောင်စု စာရင်းမိတ္တူ တောင်းယူသင့်ပါတယ်။
မြေရှင်လက်မှတ်ယူပါ။....

တိုက်ခန်းအရောင်းအဝယ် စာချုပ်ပြီး အခွန်မဆောင်ရင်တော့ မိမိဝယ်တဲ့တိုက်ခန်းနဲ့ မြေရှင်လက်မှတ်ယူသင့်ပါတယ်။....

အရင်ဆုံး မြေရှင်လက်မှတ်ထိုးခအဖြစ် မြေနဲ့အိမ်တန်ဖိုးပေါ်မူတည်ပြီး (တစ်ရာခိုင်နှုန်း/နှစ်ရာခိုင်နှုန်း)ပေးရပါတယ်။.....

မြေရှင်လက်မှတ် ထိုးပေးတဲ့အတွက် အရောင်းအဝယ် ကောင်းစွာပြုလုပ်နိုင်ပါတယ်။.....

စာကြွင်း(မြေရှင်လက်မှတ်ပါမှ တရားဝင်သည်ဟု
မည်သည့်ဥပဒေမှာမှ မသတ်မှတ်ထားပါမြေရှင် လက်မှတ်မပါလည်း အရောင်းဝယ်ပြီးမြောက်ပါတယ်)_________

 #အိမ်ခြံမြေအကျိုးဆောင် လုပ်နေတဲ့  #ညီအကိုမောင်နှမများ....ဒီ ညွှန်ကြားချက်များကို မဖြစ်မနေ လေ့လာ သိရှိထားသင့်ပါတယ်ခင်ဗျာ...
06/09/2026

#အိမ်ခြံမြေအကျိုးဆောင် လုပ်နေတဲ့ #ညီအကိုမောင်နှမများ....ဒီ ညွှန်ကြားချက်များကို မဖြစ်မနေ လေ့လာ သိရှိထားသင့်ပါတယ်ခင်ဗျာ.....

အလုပ်ပိတ်ရက် အားလပ်ချိန်မှာ ...အိမ်ခြံမြေ လောကထဲကို တပည့်ခံပြီး.....သေသေချာချာ လေ့လာသင်ယူဖြစ်တယ်။....နောင်တစ်ချိန် ကိုယ်...
29/08/2026

အလုပ်ပိတ်ရက် အားလပ်ချိန်မှာ ...
အိမ်ခြံမြေ လောကထဲကို တပည့်ခံပြီး.....
သေသေချာချာ လေ့လာသင်ယူဖြစ်တယ်။....

နောင်တစ်ချိန် ကိုယ်ပိုင်လုပ်ငန်း လုပ်တဲ့အခါ....
တွဲဖက် လေ့လာပြီးသား ဖြစ်အောင်လို့ ပေါ့။...

အိမ်ခြံမြေ အလုပ်က သိပ်မခက်ခဲဘူးလို့ ...
အချို့က ထင်နေကြတာ ၊ ပြောတတ်ဆိုတတ်ရင်
ရတယ်လို့ ထင်နေတာ ၊ မဟုတ်ပါဘူး။....

ပထမ အဆင့်အနေနဲ့.....
အသင်းဝင်ဖြစ်အောင် စာရင်းသွင်းပြီး...
စမတ်ကဒ် လုပ်ရတယ်။...
A. B. C အလိုက် အသင်းဝင်ကြေး သွင်းရတယ်။
စမတ်ကဒ်နဲ့ ရင်ထိုးတံဆိပ်ရတယ်။ ....

ပြီးရင် အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ ...
သင်တန်းကို ၃ ရက်လောက် တက်ရတယ်။....
သင်တန်းက ၁ နှစ်မှ တစ်ကြိမ်လောက်ပဲ ဖွင့်တာ
သင်တန်းမဖွင့်သေးရင် စောင့်နေရတယ်။....

သင်တန်းဆင်းလက်မှတ်ရမှ ....
ရပ်ကွက်၊ ရဲစခန်း ထောက်ခံချက်တွေ...
ရုံးခန်းဖွင့်မယ့် တည်နေရာ ဓါတ်ပုံတွေ
မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်း မိတ္တူ
မိမိလိုင်စင်ဓါတ်ပုံ စုံလင်စွာ ယူပြီး .....

သက်ဆိုင်ရာ မြို့နယ်ထွေ/အုပ်ရုံးမှာ....
အကျိုးဆောင် မှတ်ပုံတင် လုပ်ရတယ်။
အခွန်ငွေသွင်းရတယ်။....

စည်ပင်လိုင်စင် လုပ်ရတယ်။....
ဆိုင်းပုဒ်ခွန် ဆောင်ရတယ်၊ ( ပေ အလိုက်)
လုပ်ငန်းအတွက် ကြိုတင်ခွန်ဆောင်ရတယ်။..
(အဲဒါက လိုင်စင် ကဏ္ဍ )....

အကျိုးဆောင် လိုင်စင်ရပြီးနောက်....
အိမ်ခြံမြေနဲ့ ပတ်သက်လို့ စတင် ...
လုပ်ကိုင်ပြီ ဆိုရင် ဥပဒေ စည်းမျဥ်းတွေအပြင်...
လူမှုစံနှုန်းနဲ့ သတ်မှတ်ထားတဲ့ ပတ်ဝန်းကျင်...
စည်းမျဥ်း စည်းကမ်းတွေပါ လိုက်နာရတယ်။ ....

ငွေကြေးခဝါချ ဥပဒေ၊ အဂတိတိုက်ဖျက်ရေး....
ဥပဒေတွေ၊ လယ်ယာမြေဥပဒေ၊ သစ်တောဥပဒေ၊
ဆည်မြောင်းဥပဒေ ၊ မြေအသုံးချဥပဒေ အပြင် ...

မိမိရောင်းမယ့် မြေက လမ်းမကြီးဥပဒေနဲ့ .....
လွတ်ကင်းမှု ရှိ /မရှိ ၊ မီးရထားဥပဒေနဲ့
ညီ/ မညီ ကအစ အကုန် လေ့လာရတာ။....
အလွယ်လျှောက်ပြောပြီး ရောင်းလို့ မရဘူး။ 😎..

ပြီးရင်....
သတ်မှတ်တဲ့ အကျိုးဆောင် % ယူရတယ်။....
သိန်း ၁၀၀၀ အောက်ဆိုရင် ပွဲခ ၃ %....
သိန်း ၁၀၀၀ အထက်ဆိုရင် ပွဲခ ၂%...
သိန်း ၁၀၀၀၀ အထက်ဆိုရင် ပွဲခ ၁ % စသဖြင့်....

ရောင်းသူက မိမိကို တိုက်ရိုက် အပ်တဲ့ ....
မြေကွက်ဆိုရင် အကျိုးဆောင်ခ အပြည့်ရတယ်။...
သူများကို အပ်ထားတဲ့ မြေကွက်ကို မိမိက....
အကျိုးတူ ရောင်းပေးလို့ ထွက်သွားရင် ...
အကျိုးဆောင်ခကို မူလ လူနဲ့ ခွဲဝေယူရတယ်။ ...
(၃ ဦးဆို ၃ ပုံ၊ ၄ ဦး ရှိရင် ၄ ပုံ)
မိမိက သူများကို အကျိုးတူအပ်ရင်လည်း...
ခွဲဝေယူရတယ်။ မောင်ပိုင်မစီးရဘူး။....

မူလမြေပိုင်ရှင်ရဲ့ သဘောတူညီချက် မရဘဲ....
ပွဲညွန့်တင်တာ မလုပ်ရဘူး။ မလုပ်ကောင်းဘူး။...
ဘဝတူအကျိုးဆောင် အချင်းချင်းကို...
လှည့်ပတ် ကျော်တာ ခွတာ မလုပ်ရဘူး။....

သူများ အရောင်းတင်ထားတဲ့ ပုံကို Save ပြီး..
ပိုင်ရှင်နဲ့ တိုက်ရိုက်ချိတ် ဝယ်လက်ရှာရောင်းတာ...
မလုပ်ရဘူး။ နယ်ကျဥ်းသွားတတ်တယ်။...

ကိုယ်ပိုင်တဲ့ မြေကွက် ရောင်းထွက်သွားရင်....
အကျိုးဆောင်ခ မယူရဘူး။ ဘဝတူတွေကို
ဟိုဟိုဒီဒီ ခေါ်သွားပြီး အောင်ပွဲ ခံပေးရတယ်။ 😛...

ပိုင်ရှင်ကလည်း မိမိမြေကွက် ရောင်းထွက်ဖို့ ....
တွေ့သမျှ မြင်သမျှ ကြားသမျှ သိသမျှ....
အကျိုးဆောင်တိုင်းကို မအပ်ရဘူး။...
(% ခွဲတဲ့အခါ စိတ်ဝမ်းကွဲတတ်တယ် )😛...

လယ်ယာမြေနဲ့ ပတ်သက်ရင်လည်း...
အခြားနည်းအသုံးပြုခွင့် ကိစ္စ၊ သီးနှံပြောင်းကိစ္စ...
ဥယျာဥ်ခြံမြေလား ?
သစ်တောမြေလား ?
လယ်မြေလား ?
ယာမြေလား ?
အစိုးရပိုင်မြေလား ?
လေ့လာရတယ်။....

အရောင်းအဝယ်ဖြစ်ရင်လည်း ....
အစအဆုံး တာဝန်ယူပေးရတယ်။...
၁။ ရှေ့နေခေါ်ပြီး တရားဝင် စာချုပ်ချုပ်ရတယ်။...
၂။ တရားရုံးမှာ အရောင်းအဝယ်စာချုပ် ချုပ်။...
၃။ သက်ဆိုင်ရာ စည်ပင်/မြေစာရင်းရုံးမှာ ဂရံစစ်။...
၄။ မြေယာမှတ်ပုံတင်ရုံးမှာ GP/SP လွှဲ....
၅။ သတင်းစာထဲမှာ ကန့်ကွက်လွှာ ကြော်ငြာ....
၆။ အရောင်းအဝယ်စာချုပ် နောက်ကျောမှာ
စစ်ဆေးပြီး ဂရံအား လွှဲပြောင်း /လက်ခံ လုပ်...
၇။ သတ်မှတ်ရက်အတိုင်း ငွေပေးချေမှုကို
အတိအကျ တာဝန်ယူပေး။....
အဲဒါမှ အကျိုးဆောင် ကဏ္ဍ ပြီးဆုံးတာ။....
အကျိုးဆောင်ခ ရပြီးရော မလုပ်ရဘူး။...

ဂရံအမည်ပြောင်းပေးဖို့ ပြောရင်လည်း....
၁၀၅/၁၀၆ ထုတ်ပေးတာ၊ သတင်းစာကန့်ကွက်....
ကြေငြာတာ၊ ကွင်းဆင်းတာ၊ အခွန်ဆောင်တာ....
စသဖြင့် အစအဆုံး လုပ်ပေးရတယ်။ ...
ထိုက်သင့်တဲ့ အကျိုးဆောင်ခ ထပ်ယူပေါ့။....

မိမိကို ဝယ်သူက ယုံကြည်အားကိုး ...
လာတဲ့ အခါ အဲဒီမြေကွက် ဝယ်ပေးပြီးတဲ့နောက်....
အိမ် Design အပ်တာ၊ Soil Test စစ်တာ၊ ....
ဆောက်လုပ်ခွင့် တင်ပေးတာ ၊ ငွေသွင်းတာ...
လိုအပ်တဲ့ အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ ၊ သံချောင်းလုံး၊ လေဘာ ကအစ ချိတ်ဆက်ပေးရ....
အင်ဂျင်နီယာကို အပ်ပေးတာအဆုံး အကုန်လုံး
ထပ်မံ လုပ်ခိုင်းပါလိမ့်မယ်။ ပြီးရင် BCC အထိ...
ပါပါးလေး ပုတ်ရုံပဲ 😛....

အိမ်ခြံမြေအကျိုးဆောင်ဘဝမှာ....
ရင်းနှီးရတာက ကားဆီဖိုး၊ စားသောက်တာ
အဝတ်အစား ကောင်းတာဝယ်တာနဲ့
တပည့်တွေအတွက် ရုံးကိစ္စ အခြားစရိတ်....

မိမိကို အပ်ထားတဲ့ မြေကွက်ကို လာကြည့်ရင်
လိုက်ပြရတယ်၊ တစ်ခါပြ တစ်ခါဝယ် ရှားတယ်။....

မြေတစ်ကွက်ကို ၅ ဦးလာကြည့်ရင် .....
၅ ခါ လောက် လိုက်ပြရတာ ရှိတယ်။ ....
ကြာလာတော့ တိုးရစ်ဂိုက်နဲ့ တူလာတယ် 😛....

သိန်း ၁၀၀၀ တန် မြေကွက် ရောင်းထွက်ဖို့....
၅ ကြိမ်လောက် ပြရရင် စရိတ်က ၁၀ သိန်း ...
ဝန်းကျင် ကုန်တယ်။ ရောင်းမထွက်တဲ့ လ ရှိရင် ...
အိတ်စိုက်ရတယ်။ ...

၁ လကို မြေ ၁ ကွက်လောက် ပုံမှန်.....
ရောင်းထွက်ရင် အဆင်ပြေတယ်။....

အဓိက က မိတ်ဆွေကောင်းတွေ ရှိဖို့.....
မိမိကလည်း လူလည်မကျဖို့၊ မညစ်ပတ်ဖို့....
အလုပ်ကို သမာသမတ်ကျကျ လုပ်တတ်ဖို့....
အလားအလာရှိတဲ့ နေရာကို ကြိုသိဖို့....
ရင်းနှီးမြှုပ်နှံဖို့ နေရာ၊ စက်ရုံ အလုပ်ရုံနေရာ....
ဟိုတယ် မိုတယ် ဆောက်လို့ရတဲ့ နေရာ....
စီမံကိန်းနေရာတွေကို လေ့လာထားရတယ်။.....
ဝယ်လက်က မေးရင် ဖြေနိုင်ရတယ်။....
မိမိကလည်း စကားပြော ပါးနပ်ရတယ်။....

အိမ်ခြံမြေလောကနဲ့ ပတ်သက်တဲ့.....
အချက်အလက်တွေကို အခုကတည်းက...
တပည့်ခံ ကားဆီဖိုးအကုန်ခံ၊ စားစရိတ်ခံပြီး...
ပညာသင်ယူနေရတာ ပါ။....

အားလပ်ရက်မှာ ...
မိသားစု စားဝတ်နေရေးအတွက်
ဆီဖိုး ဆန်ဖိုးလေး ရလိုရငြားပေါ့ 😍....

အဲဒါလေး သိသမျှ ပြောပြတာ
အလုံးစုံတော့ မကျွမ်းကျင်သေးပါဘူး။
လေ့လာ သင်ယူနေဆဲပါ။ ....
ဗဟုသုတပေါ့။....

ရွာမြေ၊ လယ်ယာမြေ၊ ဂရံမြေတွေကို ဘယ်လို စီစစ် ဝယ်ရမလဲ တဲ့....ရွာမြေလို့ ပြောရင်ရွာအတွင်းထဲက မြေသာဝယ် မမှားဘူး။....တိုးချဲ့...
25/08/2026

ရွာမြေ၊ လယ်ယာမြေ၊ ဂရံမြေတွေကို
ဘယ်လို စီစစ် ဝယ်ရမလဲ တဲ့....

ရွာမြေလို့ ပြောရင်
ရွာအတွင်းထဲက မြေသာဝယ် မမှားဘူး။....

တိုးချဲ့ရွာမြေလို့ ပြောရင်
တိုးချဲ့ခွင့်ပြုတဲ့ စာ ရှိ/မရှိ
မြို့နယ်ထွေအုပ် နဲ့ မြေစာရင်းမှာ
မေးမြန်း စုံစမ်းပြီး သေချာမှ ဝယ်ပါ။
ကိုယ့်သဘောနဲ့ကိုယ် တိုးချဲ့လို့ မရပါ။....

လယ်ယာမြေဝယ်ရင် ပုံစံ ၇ ရှိတာ ဝယ်ပါ။
ဦးပိုင်အမှတ်နဲ့ ကွင်းအမှတ် တည်နေရာ
မှန်/မမှန် မြေစာရင်းရုံးမှာ သွားရောက်စစ်။....

ကန့်ကွက်တဲ့သူ ရှိ / မရှိ သေချာမေး...
သား ရောင်းတာ မိဘ မသိ
သားမက် ရောင်းတာ ယောက္ခမ မသိ
မဖြစ်ရအောင် သက်သေကို အမျိုးရင်းတွေခေါ်
စာချုပ် ချုပ်။ ဓါတ်ပုံရိုက်ထား။....
လိုအပ်ရင် ဖုန်းနဲ့ ဗွီဒီယိုရိုက်ထား....

အခြားနည်း သုံးစွဲခွင့်ကျပြီးသားလို့ ပြောရင်
အခြားနည်းသုံးစွဲခွင့်ကို ဘယ်လိုခေါင်းစဥ်နဲ့
ချထားပေးတာလဲ ဆိုတာ မေးပါ။....

လယ်မြေကနေ စပါးစိုက်ပျိုးမရလို့
သရက်စိုက်ချင်လို့ သီးနှံပြောင်း ချပေးတာလား ?
မွေးမြူရေးအတွက် ချထားပေးတာလား ?
ထုတ်ကုန် / အလုပ်ရုံအတွက် ချပေးတာလား ?
သေချာမေးပါ။....

(လတ်တလောမှာတော့ လယ်မြေဆိုရင်
အခြားနည်း အသုံးပြုခွင့် ချမပေးပါ )

အခြားနည်းအသုံးပြုခွင့် ဆိုတာက
မြေကွက်ရိုက်ပြီး ရောင်းစားဖို့ မဟုတ်။
စက်သုံးဆီဆိုင်ဖွင့်ဖို့တောင် ၁ ဧကလောက်ပဲ
ချပေးတာ။....

ပုံစံ ၇ ဆိုတာက
လယ်ယာမြေ အသုံးပြုခွင့် လက်မှတ်
အမည်ပေါက်နဲ့ ထုတ်ပေးတာ...

အိမ်၊ ခြံ၊ လယ်ယာမြေတွေအတွက်
ထုတ်ယူတဲ့ ပုံစံ ၁၀၅ / ပုံစံ ၁၀၆ ဆိုတာက
ပိုင်ဆိုင်မှု မဟုတ်ဘူး။....

မြေပုံ မြေရာဇဝင် နဲ့ အနားလေးရပ်ကြား
မြေကွက်တည်ရှိတာကို ရေးဆွဲပေးတာ
မြေအမျိုးအစားက ဘာမြေ . . .
မြေကွက် ဘေးဘယ်ညာက ဦးဘယ်သူ
ဘယ်လမ်း စသဖြင့်ပေါ့။
သက်တမ်းက အလွန်ဆုံး ၁ နှစ်ပဲ
ဂရံမြေ အိမ်ဆောက်ဖို့အတွက်ဆို ၆ လ ပဲ။...

နောက်တစ်ချက်က
ဂရံမြေတွေမှာ တိုက်အိမ်အပါ ဝယ်ရင်
ဆောက်လုပ်ခွင့် တင်ပြပြီးသားလား ?
ဆောက်လုပ်ပြီးစီးကြောင်းစာ ရပြီလား ? မေးပါ
ဆောက်လုပ်ခွင့် မတင်ပြရသေးလို့
ဆောက်လုပ်ပြီးစီးကြောင်း စာမရသေးလို့
နောင်တစ်ချိန် ပြဿနာဖြစ်ရင် ဝယ်ယူသူက
နစ်နာလိမ့်မယ်။...

နောက်တစ်ချက်က
ဆောက်လုပ်ခွင့် တင်ပြတာနဲ့ ပတ်သက်လို့....

နေပြည်တော်မှာ အိမ်ဆောက်ရင်
ပေ ၁၂၀ × ၁၂၀ နှင့် အထက်
မြေကွက်ဆိုရင်
မြေကျန်ကို ရှေ့ ၁၂ ပေ၊ နောက် ၈ ပေ
ဘေးဘယ်ညာ ၅ ပေစီ ချန်ရတယ်။....

ပေ ၄၀ × ၆၀ မှ
ပေ ၁၂၀ × ၁၂၀ အောက် မြေကွက်ဆိုရင်
မြေကျန်ကို နောက် ၅ ပေ၊ ရှေ့ ၅ ပေ
ဘေးဘယ်ညာ ၃ ပေစီ ချန်ရတယ်။
(အဆောက်အဦအပြင် နံရံကနေ ခြံစည်းရိုး
ဗဟိုကြား အတိုင်းအတာပေါ့).....

Public Building ဆိုရင် ၁ ထပ်ပဲ ဖြစ်ဖြစ်
(စာသင်ကျောင်း၊ စားသောက်ဆိုင် စသဖြင့် )
M & E Drawing ဆွဲပြီး မီးသတ်ထောက်ခံစာ
ယူရတယ်။....

အထပ်မြင့်တွေအတွက် ဆိုရင်
အထပ်တိုင်းအတွက် အရေးပေါ်ထွက်ပေါက်
လှေကားတွေ ပါဝင်ရပြီး မီးဘေးလုံခြုံမှုစနစ်
ကောင်းမွန်ကြောင်း မီးသတ်ထောက်ခံချက်
ယူရပါတယ်။...

၂ ထပ် နဲ့ အထက်ဆိုရင် PE လက်မှတ်ထိုးရ၊
ငလျင်ဒဏ်ခံနိုင်ဖို့ Soil Test စစ်ရတယ်။
Structure Design တွေ ၊ Design Calculation
Book တွဲတင်ရတယ်။...

Loading အပိုင်းမှာ Gravity Load အပြင်
Lateral Load ( Wind Load နဲ့ Earthquake
Load ) ကို MNBC 2025 ပါ သတ်မှတ်ချက်
အတိုင်း တွက်ချက်ပြီး Design ရေးဆွဲရတယ်။....

အဆောက်အဦဆောက်လုပ်ခွင့် တင်ပြပြီးလို့
အဆောက်အဦ ဆောက်လုပ်ပြီးစီးကြောင်း
ထပ်မံတင်ပြရင် အခွန်ရုံးမှာ Sqft အတိုင်း
အခွန်ဆောင်ပြီး ပြေစာ တွဲတင်ရတယ်။
အဲဲဒါတွေပြီးရင် BCC လို့ခေါ်တဲ့
အဆောက်အဦ ဆောက်လုပ်ပြီးစီးကြောင်း
ခွင့်ပြုချက် စာရွက်ရပါတယ်။....

မိမိနေအိမ်ကို အခြားသူကို ရောင်းချရင်
မြေကွက်နဲ့ ပတ်သက်လို့ ဂရံစာအုပ်
အဆောက်အဦနဲ့ ပတ်သက်လို့
ဆောက်လုပ်ခွင့် ခွင့်ပြုချက်စာ
အဆောက်အဦဆောက်လုပ်ပြီးစီးကြောင်း စာနဲ့
အဆောက်အဦဆောက်လုပ်ခဲ့တဲ့ ဓါတ်ပုံ
မှတ်တမ်းအပြည့်အစုံနဲ့ ခိုင်ခိုင်မာမာ ပြသနိုင်ရင်
အများထက် စနစ်တကျ လုပ်ကိုင်ထားရင်....

ဝယ်သူလည်း စိတ်ချမ်းသာ
ရောင်းသူအတွက်လည်း လက်ရှိပေါက်စျေးထက်
မလျော့တဲ့ စျေးနှုန်းရပါတယ်။...

ရောင်းသူ ဝယ်သူ တစ်သက်လုံး
စိတ်ချမ်းသာပါတယ်။ ဘယ်အလုပ်ဖြစ်ဖြစ်
စေတနာသာ ထည့်လုပ်ပါ။...

မသိရှိ နားမလည်ဘဲ အလွယ်တွေ
လုပ်ကြမှာစိုးလို့ အတိုချုပ် ရှင်းပြတာပါ။...

အားလုံး အဆင်ပြေကြပါစေ။....

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ... #ရွှေဈေး-ကမ္ဘာ့ရွှေဈေး တအောင်စ ၄၃၄၂ ဒေါ်လာရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်မျ...
09/08/2026

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ...

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၃၄၂ ဒေါ်လာ

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း.....

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၀၀၀,၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း....

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၀၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၉၉၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၆၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၅၉၀,၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ....
ရောင်းဈေး ၉,၉၁၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၈၇၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၅၁၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၄၇၀,၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ....

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)..

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း ....
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ် .....

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၀၀ ကျပ်
ဝယ်ဈေး - ၄၂၉၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၄၅ ကျပ်
ဝယ်ဈေး - ၃၃၅၅ ကျပ်

-ယူရို
ရောင်းဈေး - ၅၀၉၀ ကျပ်
ဝယ်ဈေး - ၄၉၆၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၃.၃၃ ကျပ်
ဝယ်ဈေး - ၁၂၉.၈၇ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၇၅ ကျပ်
ဝယ်ဈေး - ၁၀၄၈ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၅၂ ကျပ်
ဝယ်ဈေး - ၆၃၅ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၉၁ ကျပ်
ဝယ်ဈေး - ၂၇.၁၈ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၆.၂၅ ကျပ်
ဝယ်ဈေး - ၄၅.၀၅ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၃ ကျပ်
ဝယ်ဈေး - ၃.၀၅ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၉၄၀ ကျပ်
ဝယ်ဈေး - ၅၇၈၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၁၁၀ ကျပ်
ဝယ်ဈေး - ၃၀၃၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၆၀ ကျပ်
ဝယ်ဈေး - ၃၀၇၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၆၁ ကျပ်
ဝယ်ဈေး - ၅၄၇ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၁၉၉ ကျပ်
ဝယ်ဈေး - ၁၁၆၈ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။...

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။.....
#ရွှေစျေး #နိုင်ငံခြားငွေလဲလှယ်နှုန်း #ဒေါ်လာစျေး

အိမ်ခြံမြေ ဂရန် မိတ္တူခြမ်း ဝယ်ယူထားပြီးသည့်နောက် ဖြေရှင်းရမည့် အခက်အခဲ.....အိမ်ခြံမြေ အရောင်းအဝယ်တွေ ကောင်းနေတဲ့ ကာလတွေ...
08/08/2026

အိမ်ခြံမြေ ဂရန် မိတ္တူခြမ်း ဝယ်ယူထားပြီးသည့်နောက် ဖြေရှင်းရမည့် အခက်အခဲ.....

အိမ်ခြံမြေ အရောင်းအဝယ်တွေ ကောင်းနေတဲ့ ကာလတွေမှာတောင် ဝယ်ရသူတွေဟာ “ရော့ပတ္တမြား၊ ရော့နဂါး” ဆိုသလို လွယ်လွယ်နဲ့ ပိုင်ဆိုင်လက်ခံရရှိသူ နည်းပါးလှပါတယ်။ ခက်ခက်ခဲခဲနဲ့ ကြိုးစားယူကြရလိမ့်မယ်လို့ "မောင်ကောင်းဖေ" ထင်ပါတယ်။.....

လက်ရှိအနေအထားမှာတော့ မြေချပါမစ်မြေကွက်ဝယ်ရင်လည်း ပေါ့ပေါ့ဆဆဝယ်လို့မရ၊ ဂရန်မြေဝယ်ပြန်ရင်လည်း စာချုပ်အဆက်အစပ်တွေက ခပ်များများနဲ့မို့ မြေနဲ့အိမ် ဝယ်လိုသူတွေအဖို့ ပိုင်ဆိုင်မှုခိုင်ခိုင်မာမာနဲ့ စိတ်အေးလက်အေးနေထိုင်နိုင်ဖို့ အတော်ကြိုးစားယူရတာကို" မောင်ကောင်းဖေ"တွေ့ရပြန်ပါတယ်။....

ဂရန်မြေဆိုရင်လည်း မြေအမည်ပေါက်မှန်ကန်ရင် ဝယ်ရတာ အလိမ်မခံရဘူးဆိုပေမယ့် အချို့သောသူများက ဂရန်မြေနဲ့ အိမ်ကို ဝယ်ထားသော်လည်း ကိုယ်အမည်မဖောက်ဘဲ မူလအမည်ပေါက်ထံက (General Power)ဖြစ်စေ၊ (Special Power) ဖြစ်စေ ယူထားပြီး သိမ်းထားတတ်ကြတယ်။.....

အချို့ဝယ်သူတွေကျပြန်တော့ လမ်းမကြီးတန်းက (40'×60') မြေကွက်ကြီးတစ်ခုလုံး မဝယ်နိုင်လို့ (20'×60')ပဲ ခွဲပြီး ဝယ်ထားတာကို တွေ့ရပြန်တယ်။ (20'×60') ဝယ်ထားပေမယ့် တရားဝင်ခွဲစိပ်ပြီး အမည်မပြောင်းဘဲ (20'×60') တစ်ခြမ်းဝယ် အရောင်းအဝယ်စာချုပ်ကို အခွန်ဆောင်ပြီး မှတ်ပုံတင်ထားတတ်ကြတယ်။ ဒါပေမဲ့ တချို့သောသူများက အမည်မပြောင်းဘဲ တစ်ခြမ်း (20'×60') အရောင်းအဝယ်မှတ်ပုံတင်စာချုပ်နဲ့ ဂရန်မူရင်းကြီးကို ကိုင်ထားတတ်ကြပြန်တယ်။.....

ဘာကြောင့် အဲဒီလို ပထမဝယ်သူက ဂရန်မူရင်းကြီးလည်း ကိုင်ထားပြီး (20'×60' ) တစ်ခြမ်းဝယ် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ကြီးကိုလည်း အမည်မပြောင်းသေးဘဲ ထားရသလည်းဆိုရင် အမည်ပြောင်းခ ကုန်ကျစရိတ်နဲ့ ဂရန်ခွဲကုန်ကျစရိတ်တွေ အကုန်အကျမခံချင်ကြလို့ပဲပေါ့။အမည်မပြောင်းသေးသရွေ့ကတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့မြေစာရင်းမှာတော့ မူလဂရန်အမည်ပေါက်သူရဲ့နာမည်နဲ့ပဲ ရှိနေမှာပဲဖြစ်ပါတယ်။......

မူလဂရန်အမည်ပေါက်သူတွေကတော့ ဘာဖြစ်လို့ ဂရန်မူရင်းကြီးကို ပေးလိုက်ရသလဲဆိုရင် ဂရန်မူရင်းပေးလိုက်ရင် ဈေးပိုရလို့ပါပဲ။ ဥပမာ~~မြေနဲ့ အိမ်တန်ဖိုးက သိန်း (၁၅၀၀)တန်တယ်ဆိုပါတော့ ရောင်းသူက ဂရန်မူရင်းလိုချင်ရင် (20'×60')တစ်ခြမ်းမြေကွက်ကို သိန်း (၈ဝဝ) သတ်မှတ်ပြီး ရောင်းတယ်။ ကျန်တဲ့မြေကွက်ကို ဝယ်သူ အနေနဲ့ကျတော့ ဂရန်မိတ္တူပဲရတယ်။ မြေဈေးနှုန်းကျတော့ သိန်း(၇ဝဝ) နဲ့ရောင်းလိုက်တယ်။ အဲဒီ မြေကွက်ထဲမှာရှိတဲ့ အိမ်ကိုတော့ ဂရန်အမည်ပေါက်သူတွေက ဖျက်ယူသွားတတ်ကြတယ်။.....

အဲဒီတော့ တစ်ဦးက ဂရန်မူရင်းကြီးကိုင်ထားပြီး ကျန်တစ်ဦးကျတော့ ဂရန်မိတ္တူပဲ ကိုင်ထားရတာလေ။ ပြန်ရောင်းတဲ့အခါမှာ မျက်နှာငယ်ရတာပေါ့။ ဂရန်မူရင်းကိုင်ထားသူကတော့ ခေါင်းရင်းခြမ်း(20'×60')ဝယ်ထားတဲ့ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ပြပြီး ဝယ်သူလာရင် အပေါ်စီးကနေ ဈေးတင်ရောင်းတာကို တွေ့ရတယ်။...

ခြေရင်းဘက်ခြမ်း (20'×60')ဝယ်ထားသူကတော့ သူ့လက်ထဲရှိတာ အမည်ပေါက်ရဲ့မိတ္တူနဲ့ အရပ်ကတိအရောင်းအဝယ်စာချုပ်ပဲရှိတာလေ။ ပိုင်ဆိုင်မှုဆိုလို့ မြေကွက်ကိုပဲ လက်ညှိုးထိုးပြလို့ရတယ်။ ဂရန်မူရင်းနဲ့ ပိုင်ဆိုင်မှုတွေအားလုံးက ခေါင်းရင်းဘက်ခြမ်းက လူဆီမှာရှိနေတော့ စီးပွားရေးအဆင်မပြေလို့ ပြန်ရောင်းမယ်လို့ ပြင်ဆင်လိုက်တာနဲ့ ဂရန်မူရင်းရှိတဲ့သူကို မျက်နှာချိုသွေးရပြီပေါ့။.....

ဂရန်မူရင်းကိုင်ထားသူဆီကလည်း ဒီအတိုင်းတော့ အလွယ်တကူနဲ့ မငှားဘူး။ တန်ဖိုးတစ်ခုပေးမှ ဂရန်ကိုငှားတာလေ။ တန်ဖိုးတစ်ခုဆိုတာကလည်း တစ်သိန်း၊ နှစ်သိန်းအောက်မဟုတ်ဘူး၊ ဂရန်ငှားပြီး တစ်ခြမ်းအရောင်းအဝယ်လုပ်ဖို့ စည်ပင်မှာ အရောင်းမြေပုံကူးလိုက်ပေးရလို့၊ စာချုပ်ရုံးမှာ လိုက်ပေးရလို့၊ အခွန်ရုံးမှာလိုက်ပေးရလို့ဆိုပြီး (၁၅) သိန်းတောင် တောင်းတဲ့သူ "မောင်ကောင်းဖေ" ကြုံခဲ့ဖူးတယ်ဗျာ။အင်း..ဒါလည်း မှတ်သားစရာပါပဲ။.....

ဒါကြောင့် ဂရန်မိတ္တူနဲ့ မြေကွက်တစ်ခြမ်းဝယ်ထားမိသူတွေရဲ့ ဒုက္ခကလည်း မသက်သာလှပါဘူး။ ဒါကြောင့် ပြောတာ မြေဝယ်ရင် မိတ္တူနဲ့ဝယ်ရတာ “သူများနှာခေါင်းပေါက်နဲ့အသက်ရှူရသလို” ခံစားရတယ်ဆိုတာပေါ့။ 'ရွှေအကြောင်းဖယောင်းမှသိ၊ လူအကြောင်း ပေါင်းမှသိ” ဆိုတာ ဒီလိုလူမျိုးတွေပြောတာထင်ပါရဲ့။ အချို့ဂရန်မူရင်းခေတ္တအငှားလိုက်သူများဆိုရင် သူတို့ရဲ့ ဂုဏ်သိက္ခာကိုကြည့်ပြီး (၁၀)သိန်းတောင်းလိမ့်မယ်လို့ ထင်တောင်ထင်ရက်စရာမရှိပါဘူး။ ဒါပေ့မယ်လည်း ငွေနဲ့ပတ်သက်လာရင် “ဘယ်သူသေသေ ငတေမာရင် ပြီးရော’ဆိုတဲ့ စိတ်ဓာတ်မျိုးတွေ ရှိတတ်ကြတယ် မဟုတ်ပေဘူးလား။.....

အချို့သော ဂရန်မူရင်းကိုင်ထားသူများဟာဆိုရင် "ပြောတော့ဖြင့် တရားသဘောတွေပြောလိုက်ကြတာ၊ ကြားရသူအပေါင်း တရားကျလောက်ပါရဲ့။ သို့ပေမယ့် မထင်နဲ့ဗျို့။ တကယ်ဆက်ဆံကြည့်တော့မှ ငွေမျက်နှာတစ်ခုပဲ'ကြည့်တာကိုတွေ့ခဲ့ရတယ်။" ဘုရားမှတ်လို့ ကိုးကွယ်၊ ဖွတ်ထွက်မှ တောင်ပို့မှန်းသိ' ဆိုတာ ဒီလိုလူမျိုးကို ပြောတာထင်ပါရဲ့လို့ “မောင်ကောင်းဖေ” တွေးမိတယ်ဗျာ။....

ဒီတော့ “မောင်ကောင်းဖေ” အနေနဲ့ အိမ်ခြံမြေဝယ်ကြတဲ့ သူများကို အသိပေးပါရစေ…မြေကွက် တစ်ကွက်လုံးဝယ်နိုင်ရင် ဝယ်ပါ။ မဝယ်နိုင်လို့၊ ဂရန်မိတ္တူပဲ ဝယ်ရတော့မယ်ဆိုရင်တော့ တစ်ခြမ်းဝယ် အထူးကိုယ်စားလှယ်လွှဲစာလုပ်ပါ။ ဒါအပြင် အရောင်းမြေပုံကူးနဲ့၊ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဖို့ ဂရန်မူရင်းကိုင်ထားသူက လိုက်ပါဆောင်ရွက်ပေးအောင်လည်း တာဝန်ယူပေးပါရန် တောင်းဆိုသင့်ပါကြောင်း အကြံပေး တင်ပြလိုက်ရပါတယ်။....
#ရေးသားသူလွှတ်တော်ရှေ့နေမောင်ကောင်းဖေ

မိဘက သားသမီးတစ်ယောက်အား ပစ္စည်းအားလုံးပေးခြင်းသည် တရားဝင်သလား ?က။    အသက် ၇၂ နှစ်အရွယ်ရှိ ဒေါ်ရွှေရီ ဆိုသူသည် မသေမီ ကိုး...
23/07/2026

မိဘက သားသမီးတစ်ယောက်အား ပစ္စည်းအားလုံးပေးခြင်းသည် တရားဝင်သလား ?

က။ အသက် ၇၂ နှစ်အရွယ်ရှိ ဒေါ်ရွှေရီ ဆိုသူသည် မသေမီ ကိုးရက်အလိုတွင် မှတ်ပုံတင်အရာရှိကို အိမ်သို့ခေါ်ယူပြီး မှတ်ပုံတင်စာချုပ်ချုပ်ဆို၍ ရှိသမျှ ပစ္စည်း အားလုံးကို ၎င်းအား နှစ်ပေါင်းများစွာ ပြုစုသူအား ပေးကမ်းခဲ့သည်။ ဒေါ်ရွှေရီသည် နှစ်ပေါင်း အတော် ကြာ ကိုယ်ရေပြားရောဂါဖြစ်ပြီး မှတ်ပုံတင်စာချုပ်သည့် အချိန်တွင် မမာမကျန်းဖြစ်နေသည်။ ထို့ကြောင့် အဆိုပါ စာချုပ်ကို မြန်မာဓလေ့ထုံတမ်းဥပဒေနှင့်အညီ မညီညွတ်၍ တရားလွှတ်တော်မှ အတည်မပြုပေ။.....

တရားလွှတ်တော်မှ အကြောင်းနှစ်ရပ် ပြသည်။ ပထမ အကြောင်းမှာ သေခါနီးဆဲဆဲ ပေးကမ်းခြင်း ဖြစ်သည်။ ဒုတိယ အကြောင်းပြချက်မှာ သေသူသည် ရှိသမျှ ပစ္စည်းအားလုံးကို ပေးကမ်းခဲ့ခြင်း ဖြစ်သည်။
ဒေါ်သိုင်း နှင့်ဒေါ်ငွတ် ( ၁၉၄၉ မတစ လွှတ်တော် ၄၇၁ ).

ခ။ မြန်မာ ဗုဒ္ဓဘာသာ တစ်ဦးသည် မိမိပိုင်ပစ္စည်းကို ပေးကမ်းခွင့် မရှိဟု တားမြစ်ချက် မရှိပေ။ သို့ရာတွင် ဓမ္မသတ် သုံးဆယ်ခြောက်စောင်တွဲ အခန်း ၈၊ ပုဒ်မ ၇၅ အရ မြန်မာ ဗုဒ္ဓဘာသာတစ်ဦးသည် အမွေခံများ အတွက် ဝေခြမ်းစရာ အမွေပစ္စည်း မရှိခြင်း ဖြစ်သည့်အခါ ထိုသို့ ပေး ကမ်းခြင်းသည် မြန်မာဓလေ့ ထုံးတမ်း ဥပဒေ နှင့် ဆန့်ကျင်သည်ဟု မှတ်ယူကြရမည်ဖြစ်ပြီး ပေးကမ်းခြင်းကြောင့် ရရှိထားသည့်ပစ္စည်းကို အမွေပုံတွင် ထည့်သွင်း၍ ခွဲဝေယူကြရမည် ဖြစ်ပေသည်။
[ ဦးတင်ဝင်း ပါ- ၂နှင့် ဦးတင်ညွန့် ပါ -၃ ၁၉၈၃ မတစ ၁၉၁ ]။...

ဂ။ မိခင်က သမီးနှစ်ယောက်အနက် တစ်ယောက်ကို အချင်းဖြစ်မြေနှင့် တိုက်ကို မှတ်ပုံတင်စာချုပ်ဖြင့် ပေး ကမ်းခဲ့သည်။ ယင်းသို့ ပေးကမ်းချိန်၌ အမွေဆိုင်ပစ္စည်းများအဖြစ် စိန်ရွှေရတနာ ပစ္စည်း ငါးမျိုးနှင့် ပရိဘောဂ များ ကျန်ရစ်ကြောင်း အမှုတွဲတွင် ပေါ်ပေါက်သည်။....

တရားရုံးချုပ်က ဆုံးဖြတ်ရာ၌ မြန်မာဓလေ့ထုံတမ်းဥပဒေအရ အမွေဆိုင်ပစ္စည်း အားလုံကို ပေးကမ်းမှသာလျှင် ထိုပေးကမ်းခြင်းမှာ တရားမဝင် အထမမြောက်ခြင်း ဖြစ် သည်။ ဤအမှုတွင် မိခင်သည် အချင်းဖြစ် မြေနှင့်တိုက်ကို သမီးတစ်ဦးအား မှတ်ပုံတင်စာချုပ်ဖြင့် ပေးကမ်းချိန်တွင် အမွေဆိုင်ပစ္စည်းတချို့ ချန်လှပ် ပေးကမ်းခြင်းဖြစ်၍ မှတ်ပုံတင်စာချုပ်ဖြင့် ပေးကမ်းခြင်းသည် တရားဝင် ပေသည်။ [ [ ဒေါ်ရီရီ နှင့် ဒေါ်တင်တင် တရားရုံးချုပ် ၁၉၈၇ ခုနှစ် တရားမ ပထမအယူခံမှု အမှတ် ၅၀]။.....

ဃ။ အမွေပုံ စီမံခန့်ခွဲပေးစေလိုမှုတွင် တရားပြိုင်က အချင်းဖြစ်ပစ္စည်းကို မှတ်ပုံတင်စာချုပ်ဖြင့် ပေးကမ်းပြီး ဖြစ်သည်ဟု ခုခံသည်။ မြန်မာ ဗုဒ္ဓဘာသာဝင်များသည် မိမိပိုင်ပစ္စည်းများကို သားသမီးများအနက်မှ တစ်ဦး တစ်ယောက်အား ပေးကမ်းခွင့်မရှိဟု တားမြစ်ချက် မရှိသော် လည်း ယင်းသို့ပေးကမ်းခြင်းကြောင့် ထိုသူ ကွယ်လွန်သည့်အခါ အခြား အမွေဆိုင်များတွင် ဝေခြမ်းစရာ အမွေပစ္စည်း မကျန်တော့လျှင် အဆိုပါ ပေးကမ်းခြင်းမှာ မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေနှင့်အညီ ဆန့်ကျင်သည်ဟု မှတ်ယူရမည်ဖြစ်ပြီး ထိုပစ္စည်းကို အမွေပုံတွင် ထည့် သွင်း၍ ခွဲဝေကြရမည်သာ ဖြစ်သည်။....
[ဦးတင်ဝင်း ပါ- ၂ နှင့် ဦးတင်ညွန့် ပါ-၃ ၁၉၈၃ မတစ ၁၉၁] ...

အပေး စာချုပ် ပယ်ဖျက်စေလိုကြောင်း သီးခြားစွဲဆိုရန် မလိုအပ်ချေ။ ....
[ဒေါ်ဌေးဌေး နှင့် ဒေါ်သန်းတင် ၁၉၉၁ ခုနှစ် တရားမ ပထမအယူခံမှု အမှတ် ၂၃၅၊ တရားရုံးချုပ် ( မန္တလေး )]

င။ ဦးရွှေဆင့်သည် ဒေါ်သန်းသန်း ( အမှတ် ၃ အယူခံတရားပြိုင် ) အား ရှိသည့် ပစ္စည်းအားလုံး ပေး ကမ်းခြင်းမဟုတ်ဘဲ ထိုက်သည့်အား လျော်စွာ ပေးကမ်းခြင်းသာဖြစ်ကြောင်း တွေ့ရှိရပေသည်။ မြန်မာဗုဒ္ဓဘာ သာဝင်များသည် မိမိပိုင် ပစ္စည်းများကို သားသမီးအနက်မှ တစ်ဦးတစ်ယောက်အား ပေးကမ်းခွင့်မရှိဟု တားမြစ် ချက် မရှိသော်လည်း ယင်းသို့ ပေးကမ်းခြင်းကြောင့် ထိုသူ ကွယ်လွန်သည့်အခါ အခြားအမွေဆိုင်များတွင် ဝေ ခြမ်းစရာပစ္စည်း မကျန်တော့လျှင် အဆိုပါပေးကမ်းခြင်းမှာ မြန်မာဓလေ့ ထုံးတမ်းဥပဒေနှင့်အညီ ဆန့်ကျင်သည် ဟု မှတ်ယူရမည်ဖြစ်သည်။ ....

( ဦးတင်ဝင်း ပါ ၂ နှင့် ဦးတင်ညွန့်ပါ ၃ ၊ ၁၉၈၃ မတစ၊ ၁၉၁ )ကို ရည်ညွှန်းသည်။ ထို့ကြောင့် မန္တလေး တိုင်းတရားရုံးက ဒေါ်သန်းသန်းအား ပေးကမ်းသည့် အပေးစာချုပ်သည် မြန်မာဓလေ့ထုံးတမ်းဥပဒေအရ မပျက်ပြယ်ကြောင်း ဆုံးဖြတ်ချက်သည် မှန်ကန်ကြောင်း တွေ့ရှိရပေသည်။....
( ဦးအောင်မြင့် နှင့် ဒေါ်ခင်စိန်မေ ပါ ၃၊ တရားရုံးချုပ် ( မန္တလေး) တရားမ ပထမအယူခံမှု အမှတ် ၁၅၆/၂၀၀၁( ၁၇-၁၂-၂၀၀၁ )။....

စ။ ဥပဒေနှင့်အညီ ချုပ်ဆိုထားသည့် မေတ္တာဖြင့်ပေးကမ်း စာချုပ်ကို အနိုင့်အထက်ပြုမှု၊ မတရား သြဇာလွှမ်းမိုးမှု၊ လိမ်လည်မှု သို့မဟုတ် အလွဲ ပြောဆိုမှု တစ်ခုခုကြောင့် ချုပ်ဆိုခဲ့ရခြင်းဖြစ်၍ တရားမဝင်ဟု စွပ်စွဲ ပြော ဆိုလာပါက ထိုစွပ်စွဲချက်ကို ထင်ရှားအောင် သက်သေပြရန် ထိုသူတွင် တာဝန်ရှိသည်။ မိဘသည် သားသမီးတစ်ဦးအား ပစ္စည်းပေးကမ်းရာ၌ အမွေပစ္စည်းအားလုံး ပေးကမ်းခြင်း မဟုတ်လျှင် မြန်မာ့ဓလေ့ ထုံး တမ်းဥပဒေအရ အဆိုပါ ပစ္စည်း ပေးကမ်းခြင်းသည် တရားဝင်သည်။ ....

[ဒေါ်တုတ်တုတ်ပါ-၄ နှင့် ဒေါ်စိန်စိန်ဝင်း ( ခ) ဒေါ်လှကြီး ပါ-၃ ၂၀၀၃ မတစ ၁၁၅]။...
( အညွှန်း ဦးမြစိန် ၊ တရားမလမ်းညွှန်စီရင်ထုံးများ၊ စာ ၁၅၁ ) ။...
#မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်

 #စလစ်မြေအကြောင်း သိကောင်းစရာ....စလစ်မြေ ကို၀ယ်လို့ရလား ? မေးမြန်းတာများလာတာကြောင့် ဖော်ပြပေးလိုက်ပါတယ်။ .....ယနေ့ခေတ်မှ...
21/07/2026

#စလစ်မြေအကြောင်း သိကောင်းစရာ....

စလစ်မြေ ကို၀ယ်လို့ရလား ? မေးမြန်းတာများလာတာကြောင့် ဖော်ပြပေးလိုက်ပါတယ်။ .....

ယနေ့ခေတ်မှာ ဂရန်မြေက စျေးများတာ ရယ် အမည်ပြောင်း ဝယ်ခွန်ဆောင်ရတာရယ်ကြောင့်အချို့က စလစ် မြေကို ရွေးချယ် ဝယ်ယူကြတာတွေ လည်း ရှိကြပါတယ်။....

စလစ်မြေဆိုတာ တိုးချဲ့ မြို့မြေ, လယ်ယာမြေ အစား အစားထိုးချပေးတဲ့မြေ နဲ့ မြို့နယ် မြေစာရင်း က စလစ်ထုတ်ပေးပြီး အမည်ပေါက်နေထိုင်ခိုင်းတဲ့ မြေပဲ ဖြစ်ပါတယ်။ မြေပြေစာ ထွက်ပါတယ်။ .....
အရွယ်အစားကတော့ လက်ဖဝါးအရွယ် ဝါကျင့်ကျင့်အရောင်ပါ။....

အဲ့ဒီစလစ်စာရွက်နောက်ကျောမှာ မြေကွက်ချထားပေးတဲ့ဌာန၊ ဥပမာ- မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအမည်တံဆိပ်အဝိုင်းနှင့် တာဝန်ခံအရာရှိရဲ့လက်မှတ်ပါရှိပါတယ်....

စလစ်မြေမဝယ်ခင် စလစ်မှာပါတဲ့ အမည် ပေါက် နဲ့ ရောင်းသူနဲ့ မည်သို့တော်စပ်သလဲ...သို့မဟုတ် စပ်ဆက်စာချုပ် အဆက်ဆက် နဲ့ မြေရာဇဝင်ကို သိဖို့လိုပါတယ်။.....

စလစ်ဟောင်းများ၊ မိတ္တူကူးထား သော စလစ်များနှင့်စလစ် အမည်ပေါက်သူ မဟုတ်ဘဲ တစ်ဆင့်ခံ ရောင်းချခြင်းများ ရှိနေသောကြောင့်
နစ်နာမှုမရှိစေရန် ပိုင်ဆိုင်မှုအထောက်အထား၊
စာရွက်စာတန်းများကို သေချာစိစစ်ဝယ်ယူသင့်ပါတယ်။ .....

စလစ်သည် အတု ဟုတ် မဟုတ် သက်ဆိုင်ရာ မြေစာရင်းမှာ စစ်ဖို့လိုသလို ရောင်းသူ လက်ရောက်ပိုင်ဆိုင်ခြင်း ရှိ၊မရှိ သွား စစ်ဆေးဖို့လည်း လိုပါတယ်...

စလစ်မြေကို လွှဲပြောင်းရောင်းချသည့်အခါမှာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး မှာ မှတ်ပုံတင်အရောင်းအ၀ယ်စာချုပ် ချုပ်ဆိုခွင့် မရပါ၊ အရပ်စာချုပ် (အရောင်းအ၀ယ်ကတိစာချုပ်) ဖြင့်သာ ချုပ်ဆိုပြီး အရောင်းအ၀ယ် ပြုလုပ်နိုင်ပါတယ်။....

စလစ်မြေကို အမည်တိုက်ရိုက်ပြောင်းလို့မရပါ ပါမစ်မြေ၊ ဂရမ်မြေ စသည့်မြေအမျိုးမျိုးကို အရင်လျှောက်ထားရပါတယ်၊ အရောင်းအ၀ယ်စာချုပ်မှုရင်းနဲ့ စလစ်မှုရင်းကိုယူပြီး မြေပေးအမိန့် သက်ဆိုင်ရာမြေစီမံခန့်ခွဲရေးဌာနမှာ အရင်သွားရောက်လျှောက်ရပါတယ် ထို့မှတဆင့် ပါမစ်မြေ၊ ဂရမ်မြေအဖြစ် အဆင့်ဆင့်ထပ်လျှောက်ထားနိုင်ပါတယ်။....

စာချုပ် ချုပ်တဲ့အခါ မြေတိုင်းပြီး သေချာ ချုပ်ပါ လို့အသိပေးအပ်ပါတယ်။....

#စလစ်မြေ

စလစ်မြေသည် သက်ဆိုင်ရာမြေစာရင်း ဦးစီးဌာနမှ မြေအကွက်အသစ်ဖော်ြပီး ချပေးတဲ့ အကွက်အတွက် ထုတ်ပေးတဲ့ စလစ်အထောက်အထားကို မြေချစလစ်လို့ခေါ်ပါတယ်။ စလစ်မြေမှာလည်း အိမ်ဆောက်လုပ်ပြီး နေထိုင်လို့ရပါတယ်၊ အမွေပေးလို့ရတယ်၊ အရောင်းအဝယ်ပြုလုပ် လို့လည်းရတယ်။....

၁။
စလစ်မြေမ၀ယ်ခင်မှာ မြေကွက်တည်နေရာကိုလည်း သွားရောက်ကြည့်ရှုဖို့သင့်ပါတယ် တစ်ခါတစ်ရံမှာ ကျူးကျော်နေထိုင်သူတွေရှိတတ်လို့ပါ မြေချစလစ်လည်း အတုတွေရှိနိုင်တဲ့အတွက် အရောင်းအ၀ယ် မပြုလုပ်ခင် သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနမှာ သွားရောက်စစ်ဆေးဖို့လည်းလိုပါတယ်.....

၂။
စလစ်မြေကို လွှဲပြောင်းရောင်းချသည့်အခါမှာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး မှာ မှတ်ပုံတင်အရောင်းအ၀ယ်စာချုပ် ချုပ်ဆိုခွင့် မရပါ၊ အရပ်စာချုပ် (အရောင်းအ၀ယ်ကတိစာချုပ်) ဖြင့်သာ ချုပ်ဆိုပြီး အရောင်းအ၀ယ် ပြုလုပ်နိုင်ပါတယ်။....

၃။
စလစ်မြေကို အမည်တိုက်ရိုက်ပြောင်းလို့မရပါ ပါမစ်မြေ၊ ဂရမ်မြေ စသည့်မြေအမျိုးမျိုးကို အရင်လျှောက်ထားရပါတယ်၊ အရောင်းအ၀ယ်စာချုပ်မှုရင်းနဲ့ စလစ်မှုရင်းကိုယူပြီး မြေပေးအမိန့် သက်ဆိုင်ရာမြေစီမံခန့်ခွဲရေးဌာနမှာ အရင်သွားရောက်လျှောက်ရပါတယ် ထို့မှတဆင့် ပါမစ်မြေ၊ ဂရမ်မြေအဖြစ် အဆင့်ဆင့်ထပ်လျှောက်ထားနိုင်ပါတယ်။....

#စလစ်မြေ
#မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်

Address

Yangon

Telephone

+959666610058

Website

Alerts

Be the first to know and let us send you an email when Ko Zaw - General & Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share