07/10/2026
Condo ဝယ်ယူလျှင် သိထားသင့်သော အရေးကြီးအချက်များ...
Condo ဝယ်ယူတော့မည်ဆိုပါက အောက်ပါအချက်များကို အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်ပါသည်။
1. Owner Book စစ်ဆေးခြင်း
- Developer မှပေးထားသော Owner Book မူရင်း ရှိမရှိ စစ်ဆေးရန်။
- ပိုင်ရှင်ကိုယ်တိုင် အမည်ပေါက်ဟုတ်/မဟုတ် သေချာစစ်ပါ။
- Developer Owner Book, အိုးအိမ် Owner Book, ဆက်စပ်စာချုပ်, BCC မိတ္တူများကို စစ်ဆေးပါ။
2. Developer နှင့် Owner ချုပ်ဆိုထားသော စာချုပ်
- စာချုပ်မူရင်း ရှိမရှိ၊ အမည်ပေါက်မပေါက် သေချာစစ်ဆေးပါ။
3. အကြွေးကျန်ငွေများ စစ်ဆေးခြင်း
- လစဉ်/နှစ်စဉ် ပေးဆောင်ရသော Maintenance Fee, မီတာခ, ရေဖိုး အကြွေးကျန်ရှိမရှိ စစ်ဆေးပါ။
- ငွေသွင်းထားပါက ချလံမူရင်း ပြခိုင်းပါ။
4. ကားပါကင်နေရာ စစ်ဆေးခြင်း
- ကားပါကင်နေရာကို အပိုင်ဝယ်ထားခြင်းလား/ ငှားထားခြင်း လား စစ်ဆေးပါ။
- အပိုင်ဝယ်ထားပါက နေရာအတိအကျ ရှိမရှိ စစ်ပါ။
- ငှားထားပါက ငွေဘယ်ကာလထိသွင်းထားသလဲ ကြည့်ပါ။
5. Owner Book အမည်ပြောင်းခြင်း
- Owner Book Name Change Fee သည် Developer အလိုက်ကွဲပြားနိုင်သောကြောင့် ကြိုတင်မေးမြန်းထားပါ။
6. အငှားတင်ထားသော Condo ဝယ်ယူပါက
- အခန်းကို ဘယ်နေ့အထိဖယ်ပေးနိုင်မလဲဆိုတာ အတည်ပြုပါ။
- လက်လွှဲအငှားယူမည်ဆိုပါကစာချုပ်မူရင်းနှင့် လက်ရှိငှားနေသူ၏ သိရှိကြောင်း လက်မှတ် ရယူပါ။
7. စရံပေးစာချုပ်
- ရောင်းသူနှင့် ဝယ်သူ ညှိနှိုင်းထားသော အချက်အလက်များ အားလုံး စာချုပ်တွင် ရေးထည့်ပါ။
- ငွေအပြေအခြေစာချုပ်တွင် Payment နှင့် ပါဝင်ပစ္စည်းများ အတိအကျ ဖော်ပြထားပါ။
8. သတင်းစာကြော်ငြာ
- Developer Owner Book ရသော Project များတွင် သတင်းစာကြော်ငြာ မလိုအပ်သော်လည်း၊
- ဆက်စပ်စာချုပ်ဖြင့် ဝယ်ယူပါကသတင်းစာကြော်ငြာ ထည့်သွင်းရန် လိုအပ်ပါသည်။
9. မိမိတို့ဝယ်ယူမည့် Condo သည် ကွန်ဒိုစစ် မစစ် သေချာ စိစစ်ရန်
-စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေအရ
စုပေါင်းပိုင်မြေဖြစ်ရမည်။
စုပေါင်းပိုင်အဆောက်အအုံ ဖြစ်ရပါမည်။
မြေအချိုးကျပိုင်ဆိုင်ခွင့်ရှိရမည်။
အနည်းဆုံး ၆ ထပ်နှင့် အထက်ရှိရပါမည်။
မြေဧရိယာ စတုရန်းပေ ၂၀၀၀၀ နှင့် အထက်ရှိရမည်။
ဓာတ်လှေကား၊ ပန်းခြံ၊ ရေကူးကန်အစရှိသော စုပေါင်းပိုင်ပစ္စည်းများ ပါရှိရမည်။
Credit to owner with respect.
ပြန်လည်ပြုစုဖော်ပြခြင်းဖြစ်ပါသည်။