29/08/2023
👉 ဥပဒေနဲ့အညီ အိမ် ၊ ခြံ ၊ မြေ ဝယ်ယူနည်း
💁အိမ် ၊ ခြံ ၊ မြေတွေကိုဥပဒေနဲ့အညီဝယ်ယူဖို့အတွက် အရေးကြီးတဲ့ အချက်အလက်တွေကို လေ့လာကြည့်ကြရအောင်....
အိမ် ၊ ခြံ ၊ မြေတွေကို ဥပဒေနဲ့ဝယ်ယူဖို့ကိုလိုရင်းတိုရှင်းပြောရမယ်ဆိုရင်တော့...😊
(၁) စာချုပ်ချုပ်ရမယ်။
(၂) ဝယ်ယူတဲ့ တန်ဖိုးအလျောက်တံဆိပ်ခေါင်း ထမ်းဆောင်ရမယ်။
(၃) စာချုပ်မှာ ရောင်းသူနဲ့ဝယ်သူတို့လက်မှတ်ထိုးရမယ်။
(၄) သက်သေ(၂)ယောက် လက်မှတ်ရေးထိုးရမယ်။
(၅) စာချုပ်ကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ကြေး ပေးဆောင်ပြီး မှတ်ပုံတင်ရမယ်။
ဒါမှသာ အပြည့်အဝ၊ တရားဝင်၊ ဥပဒေနဲ့အညီဝယ်ယူခြင်း ဖြစ်ကြောင်း၊
- ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ၊
- စာချုပ်စာတမ်း မှတ်ပုံတင်အက်ဥပဒေ၊
- အခွန်တော်ခေါင်းအက်ဥပဒေ၊ ပဋိညာဉ်အက်ဥပဒေတွေမှာ တရားဝင်ပြဌာန်းထားပါတယ်။🤗
ဒီလိုမှတ်ပုံတင်စာချုပ်နဲ့ ဝယ်ယူ ပြီးနောက် -
* ပြန်လည်ရရှိလာတဲ့ မှတ်ပုံတင်စာချုပ်နဲ့ သက်ဆိုင်ရာမြေစာရင်း၊
မြို့တော်စည်ပင်ဌာနမှာ မိမိ ဝယ်ယူတဲ့မြေအမျိုး အစားအလျောက်
အမည်ပြောင်းပြီးဂရန်အမည်ပေါက်ဖောက်ပေးဖို့ ဆက်လက်လုပ်ဆောင်ရပါတယ်။
* ဘိုးဘွားပိုင်မြေဆိုရင် မိမိအမည်နဲ့ ဂရန်မြေဆိုရင် မိမိအမည်ပေါက်ဂရန်စာချုပ်နဲ့အတူ
မြေစာရင်းပုံစံ (၁၀၅)မြေပုံ၊ မြေစာရင်းပုံစံ(၁၀၆)မြေရာဇဝင် ထွက်လာပါမယ်။
ဒါဆိုရင် မိမိကဝယ်ယူတဲ့ အိမ်မြေရဲ့ပိုင်ရေးဆိုင်ခွင့်ကို သက်သေခံစာချုပ်
စာတမ်းများနဲ့အတူ ပိုင်ဆိုင်တယ်လို့ မှတ်ယူပါတယ်။
အပြည့်အဝ တရားဝင် ဥပဒေနဲ့အညီဝယ်ယူခြင်းဟာ အပြည့်အဝ
တရားဝင်ပိုင်ဆိုင်ခွင့်ရရှိစေပါတယ်ဆိုတာကို ဗဟုသုတအနေနဲ့ဖော်ပြပေးလိုက်ပါတယ်။
#အိမ်ခြံမြေဗဟုသုတ