10/07/2026
HS5 & H5 Pre-Order Customer များအတွက် အသိပေးကြေညာချက်
Premium Auto Myanmar ကို ယုံကြည်စွာရွေးချယ်ပြီး Hongqi HS5 နှင့် Hongqi H5 မော်တော်ယာဉ်များကို ကြိုတင်မှာယူထားသော Customer များအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။
လက်ရှိတွင် ထုတ်လုပ်မှုကုန်ကျစရိတ်များ မြင့်တက်လာသော်လည်း Premium Auto Myanmar အနေဖြင့် Customer များနှင့် ပြုလုပ်ထားသော ကတိကဝတ်ကို အလေးထားလိုက်နာသွားမည်ဖြစ်ပါသည်။
✅ စျေးနှုန်းမပြောင်းလဲမီ Pre-Order အတည်ပြုပြီးသော HS5 နှင့် H5 Customer များအားလုံးသည် မူလသဘောတူထားသော စျေးနှုန်းအတိုင်းသာ မည်သည့်အပိုကုန်ကျစရိတ်မျှ မရှိဘဲ ယာဉ်လက်ခံရရှိမည်ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ယုံကြည်ချက်မှာ Customer များ၏ ယုံကြည်မှုသည် အရေးအကြီးဆုံး တန်ဖိုး ဖြစ်ပါသည်။
Premium Auto Myanmar သည် ပွင့်လင်းမြင်သာမှု၊ ယုံကြည်စိတ်ချရမှုနှင့် အရည်အသွေးမြင့် ဝန်ဆောင်မှုများဖြင့် Customer များနှင့်အတူ ရေရှည်လက်တွဲသွားမည်ဖြစ်ပါသည်။
ကျေးဇူးတင်ရှိပါသည်။
Premium Auto Myanmar Co., Ltd.