ZIN YAW PHYU

Call Directions Website Contact the business

ZIN YAW PHYU စိတ်ချမှန်ကန် မြန်ဆန်ဖို့

ဇင်​ယော်ဖြူ သို့ ဆက်သွယ်စို့...

အိမ်ခြံမြေအရောင်းအဝယ်အတွက်
23/08/2026

အိမ်ခြံမြေအရောင်းအဝယ်အတွက်

01/08/2026
27/07/2026

အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) မရသေးသော တိုက်ခန်းကို ဝယ်ယူနေထိုင်ခြင်း၏ အားနည်းချက်

အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) ရရှိမှသာ တိုက်ခန်းများတွင် တရားဝင်လူနေထိုင်ခွင့်ရရှိ မှာဖြစ်ပါသည်။

ကန်ထရိုက်တာများသည် အဆောက်အဦဆောက်လုပ်ခြင်းအတွက် အခွန်ဆောင်ရန်ကို ရှောင်ရှားရန် အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) မလျှောက်ထားဘဲ နေထိုင်နေကျတာကို တွေ့ရပါ တယ်။

အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) မရသေးသည့် အဆောက်အဦသည် ကိုယ်ပိုင် မီတာလျှောက်ထားလို့ မရသေးပါဘူး။ တစ်တိုက်လုံးအတွက် စုပေါင်းအသုံပြုသည့်မီတာ တစ်လုံးထဲကို နေထိုင်သည့်အခန်းများ အချိုးကျထည့်ဝင် ကျခံရပါတယ်။

ထိုသို့ အချိုးကျထည့်ဝင်ကျခံခြင်းသည် ကုန်ကျစရိတ်များပြားခြင်း၊ မီအားလုံလောက်စွာအသုံး မပြုနိုင်ခြင်း စသည့်ဒုက္ခတွေရှိပါသည်။

အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) လျှောက်ထားဖို့ မည်သူ့တွင် တာဝန်ရှိသလဲဆိုလျှင် ကန်ထရိုက်တာနှင့် မြေရှင် ချုပ်ဆိုသောစာချုပ်ပေါ်မူတည်ပြီး နှစ်ဦးအချိုးကျထည့်ဝင်ကျခံရန် (သို့မဟုတ်) ကန်ထရိုက်တာတစ်ဦးတည်းကျခံရန် ဆုံးဖြတ်ရမှာဖြစ်ပါသည်။

တိုက်ခန်းဝယ်ယူသူများက စုပေါင်း အခွန်ဆောင်ရန် တာဝန်မရှိပါ။

တိုက်ခန်းဝယ်ယူသူများကို ရောင်းချသည့်အခါ လူနေထိုင်ခွင့်ရရှိရန်အတွက် အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) ရရှိအောင် ဆောင်ရွက်ပေးရမည့်တာဝန်သည် ရောင်းသူနှင့်သာ သက်ဆိုင်ပါသည်။

အဆောက်အဦပြီးစီးကြောင့်လက်မှတ် (BCC) ခွင့်ပြုချက်မကျမီ လူနေထိုင်သည့်ကိစ္စအတွက် သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီမှ စစ်ဆေးတွေ့ရှိ၍ ဒဏ်ငွေကောက်ခံခြင်းများရှိလာပါကလည်း ဒဏ်ငွေကျခံရန် တာဝန်သည်လည်း ကန်ထရိုက်တာ (သို့မဟုတ်) မြေရှင်ကသာ တာဝန်ယူကျခံရမှာဖြစ်ပါ သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥပဒေပုဒ်မ-၃၁၂(င)အရ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက် နေထိုင်ခြင်း၊ အသုံးပြုခြင်းအတွက် နေ့စဉ် ငွေဒဏ် ကျပ်တစ်သောင်းမှ ကျပ်ငါးသောင်းထိ ပြစ်ဒဏ်ချ မှတ်နိုင်သည်အထိ အရေးယူခံရနိုင်ပါတယ်။

အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) မကျသေးသည့်တိုက်ဖြစ်သည့်အတွက် ကိုယ်ပိုင် လျှပ်စစ်မီတာတပ်ဆင်ရန်ကိစ္စကိုလည်း ထည့်သွင်းစဉ်စားရပေမည်။

ကိုယ်ပိုင်လျှပ်စစ်မီတာတပ်ဆင်ရန် အတွက် ကုန်ကျစရိတ်ကို မည်သူကျခံမလဲဆိုတာလည်း အရေးကြီးကိစ္စအဖြစ်ပါဝင်လာပြန်သည်။ လျှပ်စစ် မီတာတစ်လုံးကို ၅သိန်းကျော်ကုန်ကျနေသည့် ခေတ်ကာလတွင် အရောင်းအဝယ်စာချုပ်တွင် ကြိုတင်ညှိနှိုင်း ချုပ်ဆိုထားခြင်းမရှိပါက ရောင်းသူများဖြစ်သော ကန်ထရိုက်တာနှင့် မြေရှင်တို့သည် တိုက်ခန်းဝယ်ယူသူထံမှ ကုန်ကျစရိတ်ထပ်မံ ကောက်ခံခြင်းများရှိနေပါသည်။

ထို့ကြောင့် အထက်ပါကိစ္စများကို စတင်ဝယ်ယူသည့်အချိန်က စာချုပ်ချုပ်ရာတွင် ထည့်သွင်းချုပ်ဆို ထားမှသာ အခန်းဝယ်ယူသူများအနေဖြင့် ပိုမိုစိတ်ချရမှာဖြစ်ပြီး စာချုပ်တွင် မပါဝင်ပါက ကန်ထရိုက်တာနှင့် မြေရှင်သည် တိုက်ခန်းဝယ်ယူသူများကို အချိုးကျထည့်ဝင်ခိုင်းခြင်း၊ ကုန်ကျစရိတ်ကောက်ခံခြင်းများ ရှိနိုင်ပါတယ်။ ထို့အတွက် တိုက်ခန်းဝယ်ယူမည်ဆိုလျှင် အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) ခွင့်ပြုချက် မရရှိသေး သည့် တိုက်ခန်းများကို မဝယ်ယူသင့်ကြောင်း အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) ရရှိပြီး လူနေထိုင် ခွင့်ရပြီးသား တိုက်ခန်းကိုရွေးချယ်ဝယ်ယူခြင်းဖြင့် အထက်ကဖော်ပြထားသည့် ကိစ္စများကို ရှောင်ရှားနိုင်မှာ ဖြစ်ပါသည်။

08/07/2026

Good morning
Have a nice day

တိုက်ခန်းအရောင်းတောင်ဥက္ကလာပမြို့နယ်( ၄ )ရပ်ကွက်သုတလမ်းမပေါ် .ဒေါင့်တိုက်(၁၈+၅၅) ပေအကျယ်တတိယအလွှာ -အပေါ်( ၂)ထပ်ကျန်ကြွေပ...
21/06/2026

တိုက်ခန်းအရောင်း
တောင်ဥက္ကလာပမြို့နယ်
( ၄ )ရပ်ကွက်
သုတလမ်းမပေါ် .ဒေါင့်တိုက်
(၁၈+၅၅) ပေအကျယ်
တတိယအလွှာ -အပေါ်( ၂)ထပ်ကျန်
ကြွေပြားခင်း ။အခန်း(၂ )ခန်း။ဘိုထိုင်အိမ်သာ
ဝေဇယန္နာလမ်းမဒဲ့ပေါက်
ပါရမီလမ်းမကြောကပ်.INNO CITY အနီး။ညောင်ပင်မှတ်တိုင်အနီး
နန္နဝန်ဈေးနီး
ညစဉ်ရွေတိဂုံဘုရားအမြဲဖူးမျော်ကြည်ညိုရသောအခန်းလေးဖြစ်ပါသည်
တိုက်သက်တမ်း( ၇ )နှစ်
#ဘဏ်ချိတ်ရ
#အကျိုးတူရ
#ပိုင်ရှင်တိုက်ရိုက်@

ရောင်းဈေး( ၂၄၅၀ ) သိန်း

ဆက်သွယ်ရန်

09.974333309
09.428113055

အိမ်ခြံ​မြေ၀ယ်ယူသူများ​လွဲ​ပြောင်းသူချသူများအတွက်....ပြည်တွင်းအခွန်ဦးစီးနှင့်လုပ်ကိုင်​ဆောင်ရွက်ရန် လုပ်ငန်းစဥ်....
27/01/2026

အိမ်ခြံ​မြေ၀ယ်ယူသူများ​လွဲ​ပြောင်းသူချသူများအတွက်....

ပြည်တွင်းအခွန်ဦးစီးနှင့်လုပ်ကိုင်​ဆောင်ရွက်ရန် လုပ်ငန်းစဥ်....

Address

သုတလမ်း

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959428113055

Alerts

Be the first to know and let us send you an email when ZIN YAW PHYU posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ZIN YAW PHYU:

Shortcuts

  • Want your business to be the top-listed realtor/realty service?

Share