LEO Real Estate Agent

Directions Website

LEO Real Estate Agent Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from LEO Real Estate Agent, Estate agents, No. 252, Mandalay.

2026-2027 ခုနှစ် ဒုတိယ ခြောက်လပတ်အတွက် အိမ်ခြံမြေ ရာဖြတ် စံနှုန်းထွက်ပါပြီရာဖြတ် ဈေးအရင်(၆)လ ထက် အနည်းငယ်ပိုတက်ပါတယ်၊ တခ...
13/10/2026

2026-2027 ခုနှစ် ဒုတိယ ခြောက်လပတ်အတွက် အိမ်ခြံမြေ ရာဖြတ် စံနှုန်းထွက်ပါပြီ

ရာဖြတ် ဈေးအရင်(၆)လ ထက် အနည်းငယ်
ပိုတက်ပါတယ်၊
တချို့နေရာတွေတော့ ၃၀% လောက်ထိ တက်ပါတယ် ... အပြင်ပေါက်ဈေးရဲ့ ၃ပုံ ၁ပုံ နီးပါးထိ ရောက်လာတဲ့ သဘောပါပဲ ...

တချို့စိုးရိမ်သလို ဆောင်ရတဲ့ အခွန်နှုန်းထား မပြောင်းလဲပါ ...
(ကျတော်ပြောပါတယ် မပြောင်းပါဘူးလို့)

အဲ့မှာ စိတ်ဝင်စားစရာကောင်းတာက မန္တလေးမြို့ရဲ့ လားရာကို ရာဖြတ်စံနှုန်းကနေ မြင်နေရတာ...

၆၂လမ်းအတင် လမ်း၃၀နဲ့ ၃၅လမ်းကြားက ၄၀x၆၀ မြေတကွက်ရဲ့ စံနှုန်းက ၁၂၅၅၂ သိန်း ဖြတ်ပြီး

၆၂လမ်းတင် ၁၂၈x၁၂၉ လမ်း စက်မှုဘက်က ၄၀x၆၀ မြေတကွက်ကိုကျ ၁၃၂၀၀သိန်း ရာဖြတ်တယ် ...

မြို့ထဲ ဈေးထက် စက်မှုဘက်က
ဈေး ပိုများနေတာ🙄

စဉ်းစားစရာပဲ .....

ဘာပဲဖြစ်ဖြစ် အခွန်မပြောင်းဘူးဆိုတော့ ပြန်ရောင်းကြ ဝယ်ကြလို့ရပါပြီ 😂

ဒါနဲ့ ပြင်ဦးလွင် ရာဖြတ်ဈေးက အပြင်ဈေးထက် အများကြီး နည်းသေးတယ်နော် ...
လုပ်သာကိုင်သာ ရှိသေးတယ် 😅

ဦးငြိမ်းချမ်းအောင်
တရားလွှတ်တော်ရှေ့နေကြီး

The Central Condo ပြသနာတက်နေတယ်ကြားတော့ ကိုယ်စိတ်ဝင်စားမိတာ စာချုပ်ပါပဲ ... သူတို့ စာချုပ်တွေ ဘယ်လိုချုပ်ထားသလဲပေါ့ ...P...
01/10/2026

The Central Condo ပြသနာတက်နေတယ်ကြားတော့ ကိုယ်စိတ်ဝင်စားမိတာ စာချုပ်ပါပဲ ...
သူတို့ စာချုပ်တွေ ဘယ်လိုချုပ်ထားသလဲပေါ့ ...

Project တွေမှာ ကြိုပွိုင့်ဝယ်ကြတဲ့အခါ (အိမ်ယာစီမံကိန်းပဲဖြစ်ဖြစ်၊ ကွန်ဒိုပဲဖြစ်ဲဖြစ်)
သူတို့ပြောတဲ့ Marketing လုပ်တဲ့အခါ မှာ ပါတဲ့ အရာတွေနဲ့ ချုပ်တဲ့စာချုပ်က ပါတဲ့ အရာတွေ မတူညီကြပါဘူး...

ဘယ်လောက်ပဲ ရွှန်းရွှန်းဝေအောင် ပြောရောင်းပါစေ၊ စာချုပ်မှာ မပါတဲ့အခါ တရားဝင်တောင်းဆိုခွင့် မရနိုင်ပါဘူး၊

တခါက ကျတော့် မိတ်ဆွေတယောက် မန္တလေးမှာ အသစ်ဖော်တဲ့ မြေယာစီမံကိန်းတခုမှာ မြေကွက်ဝယ်ဖို့ ရှိတော့ ကျတော့်ကို စာရွက်စာတမ်းစစ်ဖို့ ခေါ်ပါတယ်၊
သူတို့စီမံကိန်းကို တချက်ကြည့်လိုက်တော့ လယ်မြေပေါ်မှာ အခြားနည်းလျှောက်ပြီး အိမ်ယာဖော်ဆောင်တာပါ၊

တကယ်လည်း အခြားနည်းကျပြီး လုပ်ဆောင်နေကြတာပါပဲ ...

အဲ့ဒါက သက်ဆိုင်ရာစာရွက်စာတမ်းစစ်တော့ ပြသနာမဟုတ်ပေမယ့် မြေကွက်တွေရောင်းတဲ့ စာချုပ်က ပြသနာရှိနေတာ.....

စာချုပ်က အတော်လေး အဆင်မပြေလို့ ကျတော်က ပြောတော့ အဆိုပါ အိမ်ယာဘက်က ရှေ့နေအမျိုးသမီးက ကျတော့်ကို တခြားရှေ့နေတွေက အကုန် အဆင်ပြေပြီး ဆရာတယောက်ပဲ အဆင်မပြေဘူးပြောတာ ဘာဖြစ်လို့လဲဆိုလာပါတယ် ...

ပြောရရင်တော့ အတော်များပေမယ့် အရေးကြီးတဲ့ (၃)ချက်လာက်တော့ ပြောလိုက်ပါတယ်...
(၁) hang over date တိတိကျကျမပါဘူး၊
(ဘယ်နှနှစ်အတွင်း အပြီးအပ်မယ်၊ ဘယ်နှနှစ်အတွင်း ဂရန်ရရှိအောင် ဆောင်ရွက်ပေးမယ်ပဲ ဖော်ပြထားတာ... အဆင်မပြေပါ၊
(၂) ဝယ်သူဘက်က Payments (ငွေသွင်း)နောက်ကျရင် ဒဏ်ကြေးဘယ်လောက်ဆိုတာပဲ ပါတယ်...
ခင်ဗျားတို့ developer ဘက်က delay ဖြစ်ခဲ့ရင် ဘယ်လိုလုပ်ပေးမယ်ဆို မပါဘူး၊
(၃) ပြသနာ တက်ခဲ့ရင် ဘယ်လို ဖြေရှင်းမယ်ဆို တိတိကျကျ မထည့်ထားဘူး၊

ဒါကြောင့် အဆင်မပြေပါဘူး၊ ညှိနှိုင်းလို့ရရင် ညှိနှိုင်းချင်ပါတယ်လို့ ပြောတော့...

စိတ်ဆိုးသွားတယ်နဲ့ တူပါတယ်(သူမေးလို့လဲ ပြောရသေးတယ်)

ကိုယ်ပြောတဲ့အချက်တွေကိုတော့ မရှင်းပြဘဲ အကုန်လုံး ဒီစာချုပ်ပုံစံနဲ့ ရောင်းတာပါ ၊ ကြိုက်မှ ဝယ်ပါတဲ့😅

လုပ်ပုံနော် .....

ဒါနဲ့ ကိုယ့်လူကိုတော့ ရှင်းပြရတာပေါ့၊

ပြသနာမတက်ရင် အကောင်းဆုံးပါလို့၊
တက်ခဲ့ရင်တော့ ဒီစာချုပ်အရ ကျတော့်ဘက်က approve ပေးဖို့ အဆင်မပြေပါဘူးလို့ ပြောလိုက်တယ် .....

ဝယ်ယူသူ အများစုဟာ Developer ဘက်ကရှေ့နေနဲ့ စာချုပ်ချုပ်ပေးမယ်ဆိုတာနဲ့ အလွယ်ယုံကြည်ပြီး ဝယ်ယူလိုက်မယ်ဆိုမှား နိုင်ပါတယ် ...

project ထဲမှာ ဘယ်နေရာမှာတော့ ဘယ်ဘဏ်ကြီး၊ ဘယ်နေရာမှာတော့ ဘယ်shopping center ကြီးလာမှာနဲ့ မက်လုံးအပြည့်နဲ့ အဟုတ်ပါပဲ၊

သူတို့နဲ့ လက်မှတ်ထိုးထားတဲ့ MOU တောင် မပြနိုင်ပဲ ... ခပ်တည်တည် ပုံဆွဲပြီး လက်ညိုးထိုး အကွက်ရောင်းနေတာများ လေးစားဖွယ်ရာပါပဲ ...

ပြောရမယ်ဆို ကုန်နိုင်ဖွယ်မရှိပါပဲ ...

ဆေးလောကမှာ ဆိုရိုးစကားရှိတယ်...
ကုသခြင်းထက် ကာကွယ်ခြင်းက ပိုထိရောက်တယ်....တဲ့

ဒီလိုပါပဲ ...
မဝယ်ခင် ရှေ့နေငှါးတာက အမှုဖြစ်မှ ငှါးတာထက် အများကြီး ကုန်ကျစရိတ် ပိုသက်သာပါတယ် ....😁(ဒါက ကြော်ငြာ)

ဆြာငြိမ်းချမ်းအောင်
တရားလွှတ်တော်ရှေ့နေကြီး

မန္တလေးစာချုပ်ရုံးလည်း စာထွက်လာပါပြီ၊✍️မနက် ၉:၀၀-၁၂:၀၀ ထိပဲ ဆောင်ရွက်ပေးမယ်၊(တရက်ကို ၃နာရီပဲဆိုတော့ တခြားဆောင်ရွက်စရာ ကိ...
29/09/2026

မန္တလေးစာချုပ်ရုံးလည်း စာထွက်လာပါပြီ၊

✍️မနက် ၉:၀၀-၁၂:၀၀ ထိပဲ ဆောင်ရွက်ပေးမယ်၊
(တရက်ကို ၃နာရီပဲဆိုတော့ တခြားဆောင်ရွက်စရာ ကိစ္စတွေအတွက်တော့ ဘယ်လိုလုပ်မယ် မသိ)

✍️စာချုပ်ချုပ်တဲ့သူ(သက်ဆိုင်သူ)တွေသာ ရုံးအတွင်း ဝင်ရောက်ခွင့်ပြုမယ်၊
(သက်ဆိုင်သူဆိုတော့ ရှေ့နေတွေ ပါ/မပါ မသေချာ)

✍️ ဧည့်မှတ်တမ်းယူမယ်၊ အဲ့ဒီအမှတ်စဉ်အတိုင်း ဆောင်ရွက်ပေးမယ်၊ ပါတဲ့သူပဲ အလှည့်ကျ ရုံးဝင်းအတွင်းဝင်ရမယ်၊
(ဝင်းအတွင်းဆိုတော့ အလှည့်မကျသေးတဲ့သူတွေက အပြင်ကစောင့်ဆိုတော့ ဘယ်လိုစီမံမယ်တော့ သေချာ မသိရသေး)

✍️၅-၁၀-၂၀၂၆ ရက်နေ့ကနေ စတင်
ဆောင်ရွက်မယ် ...

အဆင်ပြေ ချောမွေ့ကြပါစေ😌

ဆြာငြိမ်းချမ်းအောင်
တရားလွှတ်တော်ရှေ့နေကြီး

"ဂရန်ရရှိသင့်သူများ ဂရန်ထုတ်ပေးနိုင်ရေးအတွက် လေ့လာစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစိစစ်ဆောင်ရွက်ပေးရေး"အဆိုကို မန္တလေးတိုင်းလွှတ်...
25/09/2026

"ဂရန်ရရှိသင့်သူများ ဂရန်ထုတ်ပေးနိုင်ရေးအတွက် လေ့လာစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစိစစ်ဆောင်ရွက်ပေးရေး"အဆိုကို မန္တလေးတိုင်းလွှတ်တော်တင်သွင်း

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(တတိယနေ့)ကို ယနေ့ စက်တင်ဘာ ၂၅ ရက်နံနက် ၁၀ နာရီကကျင်းပရာ "ဂရန်ရရှိသင့်သူများ ဂရန်ထုတ်ပေးနိုင်ရေးအတွက် လေ့လာစစ် ဆေးရေးအဖွဲ့ ဖွဲ့စည်းစိစစ်ဆောင်ရွက်ပေးရေး"အဆိုကိုတင်သွင်းခဲ့ကြောင်း သိရသည်။

ယင်း အဆိုကို ငါန်းဇွန်မြို့နယ်၊ ကိုယ်စားလှယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမြတ်သူကတင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကထောက်ခံဆွေးနွေးခဲ့ကာ အဆိုကို ဆွေးနွေးရန်သင့်/မသင့် လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်ကသဘောတူခဲ့ကြောင်း သိရသည်။

ထို့ပြင် အစည်းအဝေး၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၉)ဦးက ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ကြယ်ပွင့်ပြမေးခွန်း(၁၂)ခုကိုမေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များကပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။

ပေါ်ပြူလာ

ပွဲစား ဆို မကောင်းဘူး။ ဒီလိုပြောတာကို သာမန် ဝယ်သူ၊ ရောင်းသူတွေ ပြောတာ လက်ခံပေးလို့ရတယ်။အိမ်ခြံမြေ အရောင်းအဝယ် ကြားခံ လုပ...
22/09/2026

ပွဲစား ဆို မကောင်းဘူး။ ဒီလိုပြောတာကို သာမန် ဝယ်သူ၊ ရောင်းသူတွေ ပြောတာ လက်ခံပေးလို့ရတယ်။

အိမ်ခြံမြေ အရောင်းအဝယ် ကြားခံ လုပ်ပေးနေတဲ့ သူအချင်းချင်းမှာ ပွဲစားဆို တာဝန်ယူ၊ တာဝန်ခံ မရှိဘူး၊ အကျိုးဆောင်ဆိုတာ ပိုကောင်းတယ်။ ဒါ့အပြင် တစ်နိုင်တစ်ပိုင် လုပ်နေတဲ့ သူတွေကိုလဲ လမ်းလျောက်ပွဲစားက မကောင်းဘူး တို့ လိုက်ပြောနေတဲ့သူတွေလဲ သက်သက်ကို ရှိတယ်။ အချင်းချင်းပြောတာချည်းက နားထောင်လို့မကောင်းဘူး။

ဒီတော့ ပြောစရာရှိတာက ဘာတွေများ ဒီအလုပ်လုပ်ဖို့ သင်တန်းကျောင်းတွေ၊ စာမေးပွဲတွေ၊ အတွေ့အကြုံတွေများ ယူနေရသေးလို့လဲ ဆိုတာပဲ။

အိမ်ခြံမြေ လုပ်ငန်း လုပ်နေတဲ့သူတွေ တိတိကျကျ ဘယ်သူမှ ပညာသေချာ သင်လာတဲ့သူဆိုတာ မြန်မာပြည်မှာ မရှိဘူး။ လုပ်ရင်းသိ၊ လေ့လာရင်းသိ တွေ ၁၀၀ မှာ ၉၀ များတယ်။ ကျန်တဲ့ ၁၀ က ရှိနေမလားလို့ ထည့်ထားတာပဲ ရှိတယ်။

ကျင့်ဝတ်၊ ဈေးကွက် သဘောတရားတွေက နှစ်တွေကြာလာလို့ လုပ်ငန်းအတွေ့အကြုံနဲ့ မသိနေသေးဘူး။ သီအိုရီတွေ ရှိသေးတယ်။ သေချာသင်မယ်ဆို နက်နဲလွန်းလို့ ၄ နှစ်တောင် မလောက်ဘူး။

ဆရာဝန် လို့ ကိုယ့်ကိုယ်ကို တံဆိပ်ကပ်လို့ရတယ် ဒါပေမယ့် ဆရာဝန် ဖြစ်မလာဘူး။ ပွဲစားလို့ တပ်တပ်၊ အကျိုးဆောင် လို့တပ်တပ် ကိုယ့်လုပ်ရပ်၊ ကိုယ့် ရပ်တည်ချက်နဲ့ ကိုယ်ရွေးချယ်ရာနဲ့ ဆိုင်တယ်။

ဆရာဝန်တစ်ယောက် ဖြစ်ဖို့ဆိုတာ ပညာသင်ရတယ်။ ဝင်ခွင့်တောင် မနည်းရအောင် တက္ကသိုလ်စာမေးပွဲမှာ အမှတ်ကောင်းအောင်ဖြေရတယ်။ သင်ပြီးလဲ တန်းဆရာဝန် မဖြစ်သေးဘူး။ အတွေ့အကြုံယူရတယ်။

ပွဲစားတပ်တပ်/အကျိုးဆောင်တပ်တပ် လူတိုင်း ဘာစာမေးပွဲမှ ဖြေစရာမလို၊ လေ့လာစရာ မလိုတာကို ခေါင်းစဥ်ကြီးတွေ တပ်ပြီး "ပွဲစား ပွဲစား" ဆိုပြီး နှိမ်တွေတာတွေ ကြည့်မကောင်းဘူး။ ကိုယ့်အချင်းချင်းတောင် နှိမ်နေရင် ဘယ်သူမှ ဒီအလုပ်လုပ်တဲ့သူအပေါ် ပညာမတက်တွေ လုပ်တဲ့ အလုပ်လို့ မြင်နေမှာပဲ။

အကျိုးရှိမဲ့ လမ်းကိုပဲသွား။ ပွဲစား ဆိုတာ မကောင်းတာမဟုတ်သလို၊ အကျိုးဆောင် ဆိုတိုင်းလဲ ကောင်းနေတာ မဟုတ်ဘူး။ ကိုယ့်ရပ်တည်ချက်၊ ကိုယ့်ကျင့်တရား နဲ့ဆိုင်တယ်။

အောင်သူရကျော်

19/09/2026

🌸🌸 Online မှာ ပါမစ်မြေနှင့်ပတ်သတ်ပြီး ပျံ့နှံ့နေသော သတင်းအချို့နှင့် ပတ်သက်၍ 🌸🌸

🏠 ပါမစ်မြေ နှင့်ပတ်သက်၍
ပါမစ်မြေသည် သတ်မှတ်ထားသော စည်းမျဉ်းများအရ သုံးထပ်အထိသာ ဆောက်လုပ်ခွင့်ရှိပြီး လေးထပ်နှင့်အထက် ဆောက်လုပ်ခွင့်မရှိပါ။

ထို့အပြင် ကန်ထရိုက်တိုက် ဆောက်လုပ်ခြင်းကိုလည်း ခွင့်ပြုထားခြင်းမရှိပါ။

🏢 လေးထပ်နှင့်အထက် အဆောက်အဦးများ ဆောက်လုပ်မည်ဆိုပါက သက်ဆိုင်ရာ စည်းမျဉ်းများနှင့်အညီ ဂရန်မြေအမျိုးအစား ဖြစ်ရန် လိုအပ်ပါသည်။
အရပ်စာချုပ်မြေဖြင့်လည်း အဆိုပါအဆောက်အဦးများ ဆောက်လုပ်ခွင့်မရှိပါ။

👉 အထက်ပါအချက်များသည် ယခုမှ အသစ်ပြဋ္ဌာန်းလိုက်သည့် စည်းမျဉ်းများမဟုတ်ဘဲ နဂိုရှိရင်းစွဲ သတ်မှတ်ချက်များ ဖြစ်ပါတယ်။

ယခုအချိန်တွင်တော့ ဂရန်မြေအမျိုးအစားမဟုတ်သော မြေများပေါ်တွင် ကန်ထရိုက်တိုက် ဆောက်လုပ်ခြင်းကို ခွင့်မပြုရေးနှင့်ပတ်သက်၍ ပိုမိုတင်းကြပ်စွာ စိစစ်ဆောင်ရွက်လာခြင်း ဖြစ်ပါတယ်။

💰 ရောင်းခွန် / အမြတ်ခွန်နှင့်ပတ်သက်၍လည်း
သက်ဆိုင်ရာ စည်းမျဉ်းများအရ ဂရန်မြေအမျိုးအစားများတွင် သတ်မှတ်ချက်များရှိပြီး တန်ဖိုးမြင့် ဂရန်မြေများ အရောင်းအဝယ်ပြုလုပ်ရာတွင် ငွေကြေးစီးဆင်းမှုများကို စနစ်တကျ စိစစ်ခြင်း၊ အိမ်ခြံမြေဈေးကစားမှုများနှင့် ဈေးကွက်ဖောင်းပွမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ရောင်းခွန်/ဝယ်ခွန်ဆိုင်ရာ စိစစ်မှုများ ပိုမိုတင်းကြပ်လာခြင်း ဖြစ်ပါတယ်။

⚠️ မိမိတို့၏ အိမ်ခြံမြေ အရောင်းအဝယ်များတွင် ကောလဟာလသတင်းများကိုသာ အခြေခံ၍ ဆုံးဖြတ်ခြင်းမပြုဘဲ သက်ဆိုင်ရာ စာရွက်စာတမ်းများနှင့် လက်ရှိသတ်မှတ်ချက်များကို သေချာစွာ စိစစ်ပြီးမှ ဆောင်ရွက်ကြပါရန် မေတ္တာဖြင့် အသိပေးအပ်ပါတယ်ရှင့်။
မှားယွင်းသော သတင်းအချက်အလက်များကြောင့် ရောင်းမှား၊ ဝယ်မှား မဖြစ်စေရန် — သတိထားစစ်ဆေးကြပါရှင့်🙏❤️

🏡 Ei Ei Lay Real Estates

ရန်ကုန်စည်ပင် နယ်နမိတ်အတွင်းမှာ  ဂရန်​မြေ​ပေါ်မှာသာ အဆောက်အဦဆောက်လုပ်ခွင့်ပြု ရန်ကုန်မြို့ စည်ပင်သာယာရေးကော်မတီ နယ်နမိတ...
18/09/2026

ရန်ကုန်စည်ပင် နယ်နမိတ်အတွင်းမှာ ဂရန်​မြေ​ပေါ်မှာသာ အဆောက်အဦဆောက်လုပ်ခွင့်ပြု

ရန်ကုန်မြို့ စည်ပင်သာယာရေးကော်မတီ နယ်နမိတ်အတွင်းမှာ အဆောက်အဦ ဆောက်လုပ်မယ်ဆိုရင် လတ်တလောမှာ ဂရန်အမည်ပေါက် မြေပေါ်မှာသာ ဆောက်လုပ်ခွင့်ရှိတဲ့ အခြေအနေဖြစ်နေ တယ်လို့ ကန်ထရိုက်တာတွေဆီက သိရပါတယ်။

ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေ စတင်အသက်ဝင်ပြီးနောက် အခုစက်တင်ဘာလကစလို့ ပါမစ်၊ ဘိုဘွားပိုင်မြေ၊အရပ်စာချုပ်မြေ၊စလစ် စတဲ့ ဂရန်အမည်ပေါက်မဟုတ်တဲ့ မြေပေါ်မှာ အဆောက်အဦးဆောက်ခွင့်မပြုတာ ဖြစ််တယ်လို့ သိရပါတယ်။

" လောလာဆယ် အခြေအနေအရ ဂရန်မြေပဲ ဆောက်ခွင့်ရမယ်ပြောတယ်။ စည်ပင်ကို မေးပြီးပါပြီ။ တရားဝင်စာ မထွက်ပေမယ့် ရန်ကုန်မြို့နယ် စည်ပင်အားလုံး ပါဝင်ပါတယ်။ ဘယ်စည်ပင်မေးမေးဂရန်အမည်ပေါက်မှ တရားဝင်တင်လို့ရပါမယ်။ ဥပဒေဆွဲတာက ဖေဖော်ဝါရီ ၊ အတည်ပြုလိုက်တာက မကြာသေးဘူး။ အဲဒီဥပဒေစပြီး အခုလိုကြပ်လာတာပဲ။ဥပဒေမှာတော့မပါပေမယ့် ပိုကြပ်လာတာ ။ " လို့ ကန်ထရိုက်တာ တယောက်က ပြောပါတယ်။

မြေကို ဂရန်အမည်ပေါက်ရဖို့အတွက် လျှောက်ပါက အနည်းဆုံး ၃ လမှ ၆ လလောက်အထိ ကြာနိုင်ပြီး အဆောက်အဦ ဆောက်ခွင့်ရဖို့တင်ရဖို့က အချိန် ၁ လလောက်ကြာ တယ်လို့ သိရပါတယ်။

ဂရန်မြေ နဲ့ ဆောက်လုပ်ခွင့်လျှောက်ထားဆဲ အချိန်မှာ အဆောက်အဦကို ကြိုတင်ဆောက်လုပ်ခြင်း ၊ ခွင့်ပြုမိန့်မတင်ဘဲ ဆောက်လုပ်ခြင်းကို စစ်ဆေးတွေ့ရှိပါက ပထမအကြိမ် ဒဏ်ကြေးရိုက်ပြီး ထပ်မံကျူးလွန်ရင် ထောင်ဒဏ်ချမှတ်တဲ့အထိ အရေးယူခံရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် မြေပြင်မှာတော့ ဂရန်အမည်ပေါက်မဟုတ်တဲ့ မြေပေါ်မှာ အဆောက်အဦဆောက်လုပ်နေတာတွေ ရှိနေပါတယ်။

" မြေပြင်မှာဆောက်နေကြတယ်ဆိုတာ နားလည်မှုနဲ့ဆောက်ခွင့်ပေးထားတာ။ အခုကစစ်ဆေးရေးပါ ရှိလာတော့ဝန်ထမ်းတွေလည်း ပြုတ်နိုင်တဲ့အနေအထားဖြစ်လာတယ်။ အဲဒီတော့ တင်းကြပ်လာတဲ့သဘော။ အခုက မြေကွက် ဂရန်မရသေးတာကို ဆောက်ချင်ရင်တော့ စည်ပင်ကိုဆောက်ခွင့်မတင်ပဲ ဆောက်လို့ စည်ပင်က လာစစ်လို့မိရင် ဒဏ်ကြေးဆောင်ရမယ်။ ပထမအကြိမ် ဒဏ်ကြေးနဲ့ သတိပေးခြင်းဒုတိယအကြိမ် ထောင်ချတာရှိမယ်သိရတယ်။ " လို့ သူက ဆက်ပြောပါတယ်။

ဒါကြောင့် လက်ရှိရန်ကုန်က ကန်ထရိုက်တာတွေ ၊ အင်ဂျင်နီယာတွေ ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအတွက် အဆောက်အဦ ဆောက်လုပ်ဖို့ လက်ခံရာမှာ အခက်အခဲတွေ ရှိလာသလို ဂရန်မြေမဟုတ်တဲ့ အခြားမြေပိုင်ဆိုင်သူတွေအတွက်လည်း အဆင်မပြေဘူးလို့ တယ်လို့ သိရပါတယ်။

" ရန်ကုန်မြို့နယ်အားလုံး ဂရန်မှလွဲပြီး ဆောက်ခွင့်မရဘူးဆိုတော့ ဆောက်လုပ်ရေးလောကကြီးက အဘက်ဘက်က ကြပ်လာပြီး လုပ်စားလို့မကောင်းတော့ဘူး။လောလောဆယ်က ဂရန်အမည်ပေါက်ပဲ လက်ခံပေးလို့ရမယ်။ ဂရန်မြေမဟုတ်လည်း ဆောက်မယ် တကယ်လို့ ဒဏ်ကြေးရိုက်ရင် အိမ်ရှင်က သူပဲဆောင်ပါမယ်ပြောရင်တောင် သိပ်မလုပ်ရဲဘူး။ " လို့ အင်ဂျင်နီယာတယောက်က ပြောပါတယ်။

အခုနောက်ပိုင်းမှာ အဆောက်အဦ ဆောက်လုပ်တာနဲ့ပတ်သက်ပြီး စည်ပင်၊ထွေအုပ် ၊ရဲ အပါအဝင် ဌာနဆိုင်ရာပေါင်းစုံပါဝင်တဲ့ စစ်ဆေးရေးအဖွဲ့က လိုက်လံစစ်ဆေးတာတွေပြုလုပ်ပြီး အရေးယူမှုတွေ ပြုလုပ်နေပါတယ်။

ရန်ကုန်စည်ပင်နယ်နမိတ်အတွင်း ​ဂရန်အမည်ပေါက်မြေပေါ်မှာသာ အဆောက်အဦ ဆောက်လုပ်ခွင့်ပြုမယ်ဆိုတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို VOM အနေနဲ့ ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေဆဲဖြစ်ပါတယ်။

CC (VOM)
စက်တင်ဘာ ၁၈ ၊ ၂၀၂၆
Voice of Myanmar

မြေယာပြဿနာတွေမဖြစ်ဖို့ ရောင်းမှား ဝယ်မှား မဖြစ်အောင် သတိထားဖို့လိုမြန်မာနိုင်ငံတဝှမ်းနဲ့ မန္တလေးတိုင်းအတွင်းက မြို့နယ်တွ...
17/09/2026

မြေယာပြဿနာတွေမဖြစ်ဖို့ ရောင်းမှား ဝယ်မှား မဖြစ်အောင် သတိထားဖို့လို

မြန်မာနိုင်ငံတဝှမ်းနဲ့ မန္တလေးတိုင်းအတွင်းက မြို့နယ်တွေမှာလယ်ယာမြေတွေကို တခြားနည်းသုံးစွဲခွင့် လျှောက်ထားမှု မရှိပဲ အကွက်ရိုက်ပြီး ရောင်းချထားတဲ့ မြေကွက်တွေနဲ့ အဲ့ဒီနေရာတွေမှာ အဆောက်အဦဆောက်လုပ်ထားတာတွေကို ဒီရက်ပိုင်းမှာ သက်ဆိုင်ရာ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က လိုက်လံရှင်း လင်းနေတယ်လို့ သိရပါတယ်။

လယ်ယာမြေတွေကို တခြားနည်းသုံးစွဲခွင့်မရှိပဲ အကွက်ရိုက်ပြီး ရောင်းချသူတွေဆီကနေ သက်ဆိုင်ရာမြေစာရင်းဦးစီးဌာနမှာ မြေရာဇဝင် စစ်ဆေးမှုမရှိဘဲ အရပ်စာချုပ်နဲ့ ဝယ်ယူထားသူတွေ အများအပြားရှိနေပြီး သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ က ကွင်းဆင်းစစ်ဆေးပြီး သိမ်းဆည်းတဲ့အခါ ဝယ်ယူထားသူတွေ အနေနဲ့ ဆုံးရှုံးနစ်နာမှုတွေ ရှိနေလို့ ဝယ်ယူသူတွေ အနေနဲ့ သတိထားစိစစ်ပြီး ဝယ်ယူဖို့လိုအပ်ပါတယ်။

ဒီလိုပြဿနာတွေအများစုမှာ နောက်ဆုံးဝယ်ယူထားသူတွေသာ ရင်ဆိုင်ဖြေရှင်းကြရပြီး ဆုံးရှုံးခဲ့ကြရတဲ့ သာဓကတွေ ရှိနေသလို စာချုပ်ချုပ်ဆိုချိန်မှာ ပါဝင်ခဲ့ကြတဲ့ ရပ်ကျေးဥက္ကဋ္ဌ၊ ရာအိမ်မှူးအဖွဲ့ဝင်တွေ နဲ့ အရင်ရောင်းချသွားခဲ့တဲ့ သူတွေက ခေါင်းရှောင်နေတဲ့ ဖြစ်စဥ်တွေလဲ ရှိနေပါတယ်။

အမရပူရမြို့နယ်မှာ မြေယာပြဿနာ ရင်ဆိုင်နေရသူတဦးက "ကျမတို့ကို ရောင်းတုန်းက အဆင့်သုံးဆင့်လောက်ကိုပြောင်းသွားပြီ၊ ရွာမြေဆိုပြီး ပြောရောင်းတာ ကျမတို့ အဆောက်အဦးဆောက်တဲ့အချိန်မှာလည်း တစုံတယောက်ကမှ လာပြီးမတားဘူး၊ အသိပေးခြင်းလည်း မရှိခဲ့ဘူး၊ နောက်တခုက ကျမတို့ရပ်ကွက်ထဲမှာ ၂၀၁၉ မှာ အခြားနည်းသုံးစွဲ ကျခဲ့တာတွေရှိတယ်၊ ကျမတို့နဲ့ ဆွေးနွေးခြင်း ခေါ်ပြောခြင်း အသိပေးခြင်းလုပ်တာ မရှိဘူး၊ ကျမတို့ ဆောက်တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ သိတယ်လေ၊ အကွက်ရိုက်တာလည်း သူတို့သိမှာပဲ ဘယ်လိုဖြစ်ဖြစ် သိကိုသိတယ်၊ စာချုပ်မှာလည်း သူတို့လက်မှတ်ထိုးတွေပါတယ်၊ သူတို့ကမှ မတားမြစ်တော့ ကျမတို့က ရွာမြေပဲထင်တာပေါ့၊ သက်ဆိုင်သူတွေလည်းပါနေတော့ ယုံတာပေါ့၊ ပေးရတာပေါ့ စာချုပ် ချုပ်တုန်းကလည်း သူတို့ ရသင့်ရထိုက်သလောက် ရကြတာပေါ့၊ မပေးဘဲနဲ့လည်း မရဘူးလေ၊ အခုသူတို့ဖျက်မယ်ဆိုတော့လည်း ကျမတို့အိမ်ရှေ့ကို စက်ယန္တရားတွေရောက်လာမှ သိရတာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း ဘာမှကို အသိမပေးဘူး၊ ကျမတို့အကွက်ထဲမှာဆိုရင် ဂရန်ကျတဲ့သူတွေရှိတယ်၊ တခြားနည်းသုံးစွဲခွင့်ကျတဲ့သူတွေရှိတယ်၊ ကျမတို့အမရပူရမှာ မြေယာပြဿနာတွေကို ရင်ဆိုင်နေရတာ အိမ်ခြေ တသောင်းကျော်နဲ့ လူဦးရေ ၄၀၀၀၀ ဝန်းကျင်မှာရှိတယ်၊ အခုနေနေတဲ့သူတွေက မရှိဆင်းးရဲသားတွေဖြစ်တယ်၊ မသိနားမလည်သူတွေဖြစ်တယ်၊ အဲ့ဒါတွေကြောင့်လည်း ထပ်ပြီးဝယ်နိုင်စရာအကြောင်းလည်း မရှိဘူး တကယ်ကို လမ်းဘေးရောက်ကျမှာ" လို့ ပြောပါတယ်။

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အစည်း အဝေးတွေမှာလည်း ပုသိမ်ကြီး၊ မတ္တရာ၊ စဥ့်ကိုင်၊ တံတားဦး၊ အမရပူရ၊ ပြင်ဦးလွင် မြို့နယ်တွေကို ကိုယ်စားပြုတဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်ကိုယ်စားလှယ်တွေက မြေယာပြဿနာတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေနဲ့ ဌာနဆိုင်ရာတွေက အရေးယူဖို့မေးခွန်းတွေ မေးမြန်းခဲ့တာကိုလည်း တွေ့ရပါတယ်။

တံတားဦးမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်အမှတ် ၂၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတိုက်ကြည်က " မြေစာ ရင်းနဲ့ ထွေအုပ်က မသိတာမဟုတ်ဘူး သိတယ်၊ သိလျက်နဲ့ နောက်ဆုံးနစ်နာတဲ့သူကတော့ ပြည်သူကပဲ နောက်ဆုံးဝယ်ထားတဲ့သူက နစ်နာတာပဲလေ၊ အဲ့ဒီမေးခွန်းတွေလည်း မေးလိုက်တော့ လယ်တွေထဲမှာ အိမ်တွေဆောက်လို့မရတော့ဘူး အကုန်ရပ်ထားရတယ်၊ နို့တစ်စာတွေ ပို့ထားတယ်သူတို့က၊ အစက တည်းက ထိန်းခဲ့တယ်ဆိုရင် အဆင်ပြေတယ်လေ မထိန်းခဲ့တော့ ပြည်သူကပဲ ခံနေရတာ၊ တာဝန်ယူမှုတာဝန်ခံမှုတော့ရှိရမှာပေါ့သူတို့ကလည်း သိသိကြီးနဲ့ မှိန်းလုပ်တယ်၊ ပွဲစားတွေလည်း ထိုနည်း၄င်းပဲ အဲ့လိုတွေလုပ်ခဲ့တာ၊ လုပ်ခဲ့တဲ့အတွက် ဥပဒေအရ အရေးယူမယ်ဆိုတော့ သူတို့ပါ တရားစွဲလို့မရဘူးလားဆိုတော့ ရတယ်၊ သို့သော်လည်း ဒီလူတွေက မလုပ်ကြတဲ့အတွက် သူတို့က လွတ်နေတာ အဲ့သဘောပဲ၊ မြေစာရင်းလက်စွဲတွေလည်းရှိတယ်လေ မြေတိုင်းတွေက သူတို့တကယ်ထွက်နေမယ် ကွင်းဆင်းရမယ်၊ ထူးခြားဖြစ်စဥ်တွေ့တာနဲ့ သူတို့ဌာနကို တင်ပြရမယ် တာဝန်ကျေကျေထမ်းဆောင်မယ်ဆိုရင် ဒါတွေက အကုန်အဆင်ပြေသွားမှာ၊ တင်းတင်းကြပ်ကြပ်လုပ်ကိုင်ဆောင်ရွက်ချင်းမရှိလို့ ဒီလိုတွေဖြစ်နေတာ၊ ဝယ်တဲ့သူတွေဘက်ကလည်း မြေစာရင်းမှာ တရားဝင်စစ်မယ် ပိုင်ဆိုင်မှုအတွက် အခွန်ထမ်းဆောင်တာတွေလုပ်မယ်ဆိုရင်တော့ အဆင်ပြေမှာပေါ့၊ ဝယ်တဲ့သူတွေကလည်း အခွန်ရှောင်ကြတဲ့အနေအထားတွေရှိလို့ ဒီလိုတွေရှုပ်ကုန်တာ" လို့ VOM ကိုပြောပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်းမှာ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ထုတ်ပေးထားတဲ့ လယ်မြေပေါင်း ၁၀,၈၃, ၅၇၃ ခု၊ ဥယျာဉ်ခြံပေါင်း ၁၉,၁၀,၃၄၈ ခု၊ ဧရိယာပေါင်း ၃၃,၅ ၈,၇၀၉.၁၆ ဧက ရှိတယ်လို့ သိရပါတယ်။

လယ်ယာမြေ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ အချက်တွေနဲ့ ပုဒ်မ ၁၂ (က) သတ်မှတ်စည်းကမ်းချက်များကို လိုက်နာခြင်း မရှိဘဲ လယ်ယာမြေ လုပ်ပိုင်ခွင့်၊ ပုဒ်မခွဲ (ခ) လယ်ယာမြေကို ခွင့်ပြုမိန့်မရှိဘဲ အခြားနည်း သုံးစွဲခြင်း မပြုရ၊ ပုဒ်မခွဲ (ဃ) လယ်ယာမြေနှင့် စပ်လျဉ်း၍ သက်ဆိုင်သူများအကြား သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့အစည်းအသီးသီးက ဥပဒေနှင့်အညီ ချမှတ်ထားသော အမိန့်ကို လိုက်နာရမည်၊ ပုဒ်မ ၁၉ ဒီဥပဒေ ပုဒ်မ ၁၂ အရ စည်းကမ်းချက် အားလုံးကိုဖြစ်စေ၊ စည်းကမ်းချက် တစ်ရပ်ရပ်ကိုဖြစ်စေ လိုက်နာရန် ပျက်ကွက်လျှင် သက်ဆိုင်ရာ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့သည် ဒီဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများနှင့်အညီ စုံစမ်းစစ်ဆေးပြီးနောက် အောက်ဖော်ပြပါ အမိန့်တစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက် ပို၍ဖြစ်စေ ချမှတ်နိုင်သည်

(က) သတ်မှတ်ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊
(ခ) သတ်မှတ်နည်းလမ်းအတိုင်း လယ်ယာမြေကို ဆောင်ရွက်စေခြင်း၊
(ဂ)လယ်ယာမြေပေါ်မှ နှင်ထုတ်ထိုက်သူများကို နှင်ထုတ်ခြင်း၊
(ဃ) လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော အဆောက်အအုံများကို ဖယ်ရှားခြင်း။

ပုဒ်မ ၂၀ (က) ပုဒ်မ ၁၉ အရ ချမှတ်သည့် အမိန့်ကို လိုက်နာခြင်းမရှိသော မည်သည့်လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိသူကိုမဆို အဲ့ဒီ အမိန့်ပါ သတ်မှတ်ရက် ကျော်လွန်ပါက မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ကသော်လည်းကောင်း၊ ယင်းအဖွဲ့က တာဝန်ပေးအပ်သော ပုဂ္ဂိုလ်ကသော်လည်းကောင်း သက်ဆိုင်ရာ တရားရုံးမှာ တရားစွဲဆိုနိုင်တယ်လို့သိရပါတယ်။

ပုဒ်မ ၂၀ (ခ) ပုဒ်မ ၁၃ အရ ချမှတ်သည့် အမိန့်ကို လိုက်နာခြင်းမရှိသော မည်သူ့ကိုမဆို ယင်းအမိန့်ပါ သတ်မှတ်ရက် ကျော်လွန်ပါက သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ကသော်လည်း ကောင်း၊ ယင်းအဖွဲ့က တာဝန်ပေးအပ်သော ပုဂ္ဂိုလ်ကသော် လည်းကောင်း သက်ဆိုင်ရာ တရားရုံးတွင် တရားစွဲဆိုနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

လက်ရှိ မန္တလေးတိုင်းအတွင်း ပုသိမ်ကြီးမြို့နယ်၊ အမရပူရခရိုင်နဲ့ ပြင်ဦးလွင်ခရိုင်အတွင်းမှာ မြေယာပြဿနာအရှုပ်အရှင်းအများဆုံး ဖြစ်ပွားနေတဲ့ နေရာတွေ ဖြစ်ပါတယ်။

ပုသိမ်ကြီးမြို့နယ်အတွင်းမှာ ရှိတဲ့ နန်းဦးလွင်၊ ကံကောက်၊ သမ္မတော၊ မဲကင်းကုန်း နဲ့ အစရှိတဲ့ နေရာတွေက သတိထားပြီး ဝယ်ယူရမယ့် နေရာတွေဖြစ်တယ်လို့ သိရပါတယ်။

အမရပူရခရိုင်အတွင်းမှာတော့ ရှမ်းကလေးကျွန်းရွာ၊ ယဥ်တော်ကျေးရွာအုပ်စု၊ ငယ်တိုးတိုက်နယ်၊ ရွှေကြက်ယက်ကျေးရွာအုပ်စုတွေက အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတလျှောက်နေရာတွေမှာ လက်ရှိအချိန်ထိ မြေယာပြဿနာတွေရှိနေတယ်လို့ သိရပါတယ်။

အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်မယ့် စီးမံကိန်းတွေဖြစ်တဲ့ ကော်ဖီစီမံကိန်း၊ သစ်တောစီမံကိန်း၊ ပိုးစာစီမံကိန်း စတဲ့ စီမံကိန်းမျိုးစုံအတွက် လျာထားတဲ့ ဧရိယာအတွင်းက မြေတွေကိုစီမံကိန်းမဖော်ဆောင်ခင်မှာ တချို့က ခိုင်မှာမှုရှိတယ်ဆိုကာ အကွက်ရိုက်ရောင်းချပြီး စီမံကိန်းအကောင်အထည်ဖော်လာတဲ့အချိန် ဖယ်ရှားခံရတာကြောင့် ဝယ်ယူထားသူတွေအနေနဲ့ နစ်နာဆုံးရှူံးခဲ့ရတဲ့ သာတကတွေ အများအပြားရှိခဲ့ပါတယ်။

ဒီလိုပြဿနာတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ သတိထားဆောင်ရွက်ဖို့ သက်ဆိုင်ရာက သတိပေးဆောင်ရွက်နေတာဖြစ်ပါတယ်။

VOM
မန္တလေး၊ စက်တင်ဘာ- ၁၇- ၂၀၂၆
SA(VOM)

#ပုသိမ်ကြီး #အမရပူရ #လယ်ယာမြေ #ပြဿနာ #အိမ်ခြံမြေ #ရောင်းမှား #ဝယ်မှား

🌍 ကမ္ဘာ့အိမ်ခြံမြေဈေးအကြီးဆုံး Prime Location ၂၀ နဲ့ ရန်ကုန် Prime Land ကို ၁ Sqft နှုန်းနဲ့ နှိုင်းယှဉ်ကြည့်မယ်။ အိမ်ခြ...
16/09/2026

🌍 ကမ္ဘာ့အိမ်ခြံမြေဈေးအကြီးဆုံး Prime Location ၂၀ နဲ့ ရန်ကုန် Prime Land ကို ၁ Sqft နှုန်းနဲ့ နှိုင်းယှဉ်ကြည့်မယ်။

အိမ်ခြံမြေဈေးကွက်ကို နှိုင်းယှဉ်တဲ့အခါ
“ဒီနိုင်ငံက ဈေးကြီးတယ်”
“ဒီမြို့က ဈေးသက်သာတယ်”
လို့ ပြောရုံနဲ့ မလုံလောက်ပါဘူး။

Prime Location မှာ ၁ Sqft ဘယ်လောက်လဲ?

ဆိုတာကို ကြည့်လိုက်ရင် ပိုပြီး စိတ်ဝင်စားစရာကောင်းပါတယ်။

ဒီတစ်ခါတော့ ပျမ်းမျှ Residential Property မဟုတ်ဘဲ Prime Residential Property ဈေးနှုန်းကို အခြေခံပြီး ကမ္ဘာ့အဓိကဈေးကွက်တွေနဲ့ ရန်ကုန်ရဲ့ Prime Location တွေကို နှိုင်းယှဉ်ကြည့်ပါမယ်။

🌎 ကမ္ဘာ့ Prime Residential Property — ၁ Sqft ဈေးနှုန်း

2025 June Savills World Cities Prime Residential Index အရ—

🥇 🇭🇰 Hong Kong
US$3,720 / Sqft

🥈 🇺🇸 New York
US$2,610 / Sqft

🥉 🇨🇭 Geneva
US$2,460 / Sqft

4️⃣ 🇯🇵 Tokyo
US$2,330 / Sqft

5️⃣ 🇦🇺 Sydney
US$2,000 / Sqft

6️⃣ 🇨🇳 Shanghai
US$1,980 / Sqft

7️⃣ 🇰🇷 Seoul
US$1,950 / Sqft

8️⃣ 🇬🇧 London
US$1,900 / Sqft

9️⃣ 🇫🇷 Paris
US$1,860 / Sqft

🔟 🇸🇬 Singapore
US$1,810 / Sqft

11️⃣ 🇮🇹 Milan
US$1,520 / Sqft

12️⃣ 🇨🇳 Beijing
US$1,490 / Sqft

13️⃣ 🇮🇹 Rome
US$1,460 / Sqft

14️⃣ 🇨🇳 Shenzhen
US$1,440 / Sqft

15️⃣ 🇵🇹 Lisbon
US$1,440 / Sqft

16️⃣ 🇺🇸 Miami
US$1,440 / Sqft

17️⃣ 🇺🇸 San Francisco
US$1,400 / Sqft

18️⃣ 🇬🇷 Athens
US$1,190 / Sqft

19️⃣ 🇪🇸 Madrid
US$1,120 / Sqft

20️⃣ 🇹🇭 Bangkok
US$1,050 / Sqft

ဒီကိန်းဂဏန်းတွေဟာ Savills ရဲ့ 2025 June Prime Residential Index က ထုတ်ပြန်ထားတဲ့ Prime Capital Value US$/Sqft ကို အခြေခံထားတာဖြစ်ပါတယ်။

⸻

🇲🇲 ဒါဆို ရန်ကုန် Prime Location တွေက ဘယ်လောက်လဲ?

ဒီနေရာမှာ မြန်မာ့အိမ်ခြံမြေဈေးကွက်အတွက် အလွန်စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခု ရှိပါတယ်။

ရန်ကုန်ရဲ့ Prime Location တွေဖြစ်တဲ့—

📍 ပြည်လမ်းမကြီး

📍 ကမ္ဘာအေးဘုရားလမ်း

📍 ရွှေတောင်ကြား

📍 အင်းလျားကန်အနီး

📍 ရန်ကုန်ရဲ့ အဓိက Commercial / Residential Prime Areas

တွေမှာ မြေဈေးဟာ နေရာအလိုက် ၁ Sqft ကို သိန်း ၅၀–၆၀ ဝန်းကျင် အထိ ဈေးပေါက်နေတဲ့ အခြေအနေတွေ ရှိပါတယ်။

အဲဒီဈေးနှုန်းကို ရိုးရိုးတွက်ကြည့်ရင်—

၁ Sqft = သိန်း ၅၀

= ကျပ် 5,000,000

US$1 = ကျပ် 4,200 နဲ့တွက်ရင်

5,000,000 ÷ 4,200
≈ US$1,190 / Sqft

⸻

၁ Sqft = သိန်း ၆၀ ဆိုရင်

= ကျပ် 6,000,000

6,000,000 ÷ 4,200

= US$1,429 / Sqft ခန့်

ဆိုလိုတာက—

🇲🇲 Yangon Prime Land

US$1,190–1,429 / Sqft ခန့်

ဆိုတဲ့ အဆင့်ထိ ရောက်နေပါတယ်။

⸻

🔥 ဒါကို ကမ္ဘာ့ Prime Property နဲ့ ယှဉ်ကြည့်မယ်ဆိုရင်…

🇭🇰 Hong Kong — $3,720

🇺🇸 New York — $2,610

🇨🇭 Geneva — $2,460

🇯🇵 Tokyo — $2,330

🇦🇺 Sydney — $2,000

🇨🇳 Shanghai — $1,980

🇰🇷 Seoul — $1,950

🇬🇧 London — $1,900

🇫🇷 Paris — $1,860

🇸🇬 Singapore — $1,810

⸻

🇲🇲 Yangon Prime Land — $1,190–1,429

ဆိုတော့ ရန်ကုန်ရဲ့ Prime Land ဈေးဟာ ကမ္ဘာ့အလွန်ဈေးကြီးတဲ့ မြို့ကြီးတွေနဲ့ နှိုင်းယှဉ်လို့ရတဲ့ အဆင့်တစ်ခုမှာ ရှိနေတယ် လို့ ပြောလို့ရပါတယ်။

အထူးသဖြင့် ၁ Sqft သိန်း ၆၀ ကို $4,200 ငွေလဲနှုန်းနဲ့ တွက်မယ်ဆိုရင်—

Yangon Prime Land ≈ US$1,429 / Sqft

ဖြစ်ပါတယ်။

ဒီအဆင့်ဟာ Savills ရဲ့ Prime Residential benchmark ထဲက Beijing ($1,490), Rome ($1,460), Shenzhen/Lisbon/Miami ($1,440) တို့နဲ့ အလွန်နီးစပ်ပါတယ်။

⸻

🤔 ဒါဆို ရန်ကုန်က ကမ္ဘာ့အိမ်ခြံမြေဈေးအကြီးဆုံးမြို့တွေထဲက တစ်မြို့လား?

ဒီနေရာမှာ “ဟုတ်တယ်” လို့လည်း တိုက်ရိုက်မပြောသင့်သလို “မဟုတ်ဘူး” လို့လည်း လွယ်လွယ်မပြောသင့်ပါဘူး။

ဘာကြောင့်လဲဆိုတော့—

ကမ္ဘာ့မြို့ကြီးတွေမှာ ဖော်ပြထားတဲ့ US$/Sqft က Prime Residential Property ဖြစ်ပါတယ်။

ရန်ကုန်မှာ ပြောနေတဲ့ ၁ Sqft သိန်း ၅၀–၆၀ က Prime Land ဖြစ်ပါတယ်။

Property အမျိုးအစား မတူပါဘူး။

ဒါကြောင့် ဒီနှိုင်းယှဉ်မှုကို အကြမ်းဖျင်း ဈေးနှုန်းအဆင့်ကို နားလည်ဖို့ အသုံးပြုသင့်ပြီး “ရန်ကုန်က ကမ္ဘာ့နံပါတ်ဘယ်လောက်” ဆိုတဲ့ တိကျတဲ့ Ranking အဖြစ်တော့ မသတ်မှတ်သင့်ပါဘူး။

⸻

💡 ဒါပေမယ့် စဉ်းစားစရာက အရမ်းကောင်းပါတယ်

ရန်ကုန်ဟာ—

🇭🇰 Hong Kong လို နိုင်ငံတကာဘဏ္ဍာရေးမြို့ မဟုတ်သေးပါဘူး။

🇸🇬 Singapore လို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုဗဟိုချက် မဟုတ်သေးပါဘူး။

🇯🇵 Tokyo လို ကမ္ဘာ့စီးပွားရေးအင်အားကြီးမြို့ မဟုတ်သေးပါဘူး။

ဒါပေမယ့်—

Prime Location မြေတစ်စတုရန်းပေကို ကျပ်သိန်း ၅၀–၆၀ အထိ တန်ဖိုးထားတဲ့ ဈေးကွက် ရှိနေတယ်ဆိုတာက မြန်မာ့အိမ်ခြံမြေဈေးကွက်ရဲ့ ထူးခြားချက်တစ်ခုပါ။

အထူးသဖြင့်—

မြေရှားပါးမှု

လမ်းမကြီးပေါ်တည်ရှိမှု

စီးပွားရေးအသုံးချနိုင်မှု

တည်နေရာ

ပိုင်ဆိုင်မှုအရည်အသွေး

ငွေကြေးဖောင်းပွမှု

မြေကို တန်ဖိုးထိန်းသိမ်းတဲ့ Asset အဖြစ် မြင်မှု

တွေက Prime Land ဈေးနှုန်းကို မြင့်တက်စေနိုင်ပါတယ်။

⸻

🏠 အိမ်ခြံမြေမှာ အရေးကြီးဆုံးမေးခွန်း

“၁ Sqft ဘယ်လောက်လဲ?”

ဆိုတာထက်—

“ဒီ ၁ Sqft က ဘယ်နေရာမှာရှိတာလဲ?”

ဆိုတာက ပိုအရေးကြီးပါတယ်။

ဥပမာ—

မြို့အစွန်မှာ ၁ Sqft = ၁ သိန်း

နဲ့

ပြည်လမ်းမပေါ်မှာ ၁ Sqft = ၆၀ / ၇၀ သိန်း

ဆိုရင်…

ဘာကြောင့် ၆၀ /၇၀ ဆ ကွာသွားတာလဲ?

အဖြေက မြေတစ်စတုရန်းပေတည်းရဲ့ တန်ဖိုးမဟုတ်ဘဲ၊ အဲဒီမြေက ဖန်တီးပေးနိုင်တဲ့ စီးပွားရေးတန်ဖိုး ကြောင့်ပါ။

⸻

📌 နောက်ထပ် အရေးကြီးတဲ့အချက်

ကမ္ဘာ့ Prime Property Market တွေမှာလည်း ဈေးနှုန်းဟာ တစ်မြို့တည်းအတွင်းမှာတောင် အလွန်ကွာခြားပါတယ်။

ဥပမာ Hong Kong မှာ Prime Average ကို US$3,720/Sqft လောက်ဖြစ်နေပေမယ့် The Peak ရဲ့ ultra-prime property တွေမှာ ဒီထက် အများကြီး မြင့်နိုင်ပါတယ်။

ဒါကြောင့် “Average Prime” နဲ့ “Ultra-Prime / Trophy Property” ကိုလည်း ထပ်ခွဲဖို့လိုပါတယ်။

Knight Frank ရဲ့ 2026 PIRI 100 က ကမ္ဘာ့ Prime Residential Market ၁၀၀ ကို ခြေရာခံထားပြီး 2025 ခုနှစ်မှာ ကမ္ဘာ့ Luxury Residential Prices စုစုပေါင်း 3.2% မြင့်တက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

⸻

🇲🇲 နောက်ဆုံးအနေနဲ့…

ရန်ကုန်က ဟောင်ကောင်၊ နယူးယောက်၊ တိုကျိုတို့ထက် အိမ်ခြံမြေ ၁ Sqft ဈေးပိုကြီးတယ်လို့ မပြောနိုင်ပါဘူး။

ဒါပေမယ့်—

ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ရွှေတောင်ကြား၊ အင်းလျားကန်အနီးလို Prime Location တွေမှာ ၁ Sqft သိန်း ၅၀–၆၀ ဝန်းကျင် ရှိနိုင်တဲ့အခြေအနေကတော့ ကမ္ဘာ့ဈေးကြီးတဲ့ Property Market တွေနဲ့ နှိုင်းယှဉ်ပြီး လေ့လာသင့်တဲ့ အချက်တစ်ခု ဖြစ်ပါတယ်။

အထူးသဖြင့် ၁ Sqft သိန်း ၆၀ ≈ US$1,429/Sqft ဆိုတဲ့ ဥပမာတွက်ချက်မှုက ကမ္ဘာ့ Prime Residential Market တွေရဲ့ အဆင့်နဲ့ကြည့်ရင် နည်းပါး တဲ့ ဈေးနှုန်းတစ်ခု တော့ မဟုတ်ပါဘူး။

ဒါပေမယ့် Prime Land ကို Prime Residential Property နဲ့ တိတိကျကျ တန်းတူမထားဘဲ အနာဂတ်မှာ ရန်ကုန် Prime Land ကို Hong Kong Land, Singapore Land, Tokyo Land, London Land စတဲ့ land-only prime market တွေနဲ့ တစ်မျိုးတည်းသော စံနဲ့ ထပ်မံနှိုင်းယှဉ်နိုင်ရင် ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ ရလဒ် ထွက်လာပါလိမ့်မယ်။

ဈေးနှုန်းက နေရာ နဲ့ စပ်ဆက် နေ ပြီး
တန်ဖိုးက အနာဂတ် ကို ဖေါ် ဆောင် ပါတယ် လို့ မြင်မိ ကြောင်း တင်ပြအပ်ပါတယ် ။

Super Star Win Kyaw Zan
Super Star Property

ရန်ကုန်၊ မန္တလေးနဲ့ ပြင်ဦးလွင် အပါအဝင် မြို့ကြီးတွေရဲ့ အိမ်ခြံမြေဈေးကွက် ထဲကို ပုံစံမျိုးစုံနဲ့ စီးဝင်နေတဲ့ ငွေတွေရှိနေတ...
15/09/2026

ရန်ကုန်၊ မန္တလေးနဲ့ ပြင်ဦးလွင် အပါအဝင် မြို့ကြီးတွေရဲ့ အိမ်ခြံမြေဈေးကွက် ထဲကို ပုံစံမျိုးစုံနဲ့ စီးဝင်နေတဲ့ ငွေတွေရှိနေတယ်ဆိုတာက 'မမြင်ရပေမဲ့ ထင် ကြည့်လို့ ရပါတယ်'။ တရားဝင်+ တရားမဝင် စီးပွါးရေးလုပ်ငန်းတွေကနေ ရတဲ့ငွေကြေးတွေကလည်း ရွှေ၊ ဒေါ်လာ( ဘတ်၊ယွမ်)နဲ့အိမ်ခြံမြေတွေထဲ စီးဝင်ဖို့ကလွဲရင် အခြားလမ်းလည်း မမြင်ရပါဘူး။

အရောင်းအဝယ်တွေမှာ ဘဏ်ကို အားမကိုးတော့ရင် ဘဏ်စနစ်ပြင်ပကနေလဲလှယ်တဲ့ စီးပွါးရေး (Cash-based Economy) ဖြစ်လာမှာပါပဲ။ ဘဏ်စနစ်ကို ကျော်ပြီး လက်ငင်းငွေသား (Cash) ဒါမှမဟုတ် တရားမဝင် ဟွန်ဒီ (Hundi) စနစ်များနဲ့ သွားလာနေရင် ငွေကြေးစီးဆင်းတဲ့လမ်းကြောင်းတွေကို ခြေရာခံဖို့ ခက်ခဲလာစေမှာဖြစ်သလို၊ အခြားတဖက်မှာ ငွေကြေးပမာဏကို ထိန်းချုပ်နိုင်ဖို့လည်း ခက်လာမှာပါ။

အိမ်ခြံမြေစျေးကွက်က ကမ္ဘာ့ဒေသ အတော်များများမှာ တရားမဝင် ရရှိတဲ့ ငွေကြေးတွေကို တရားဝင်ပိုင်ဆိုင်မှုအဖြစ် ပြောင်းလဲဖို့ အဓိက အသုံးပြုတဲ့ (Placement & Layering) ကဏ္ဍတခု ဖြစ်တယ်။

ပြည်တွင်းမှာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအတွက် ဥပဒေဆိုင်ရာ အခြေခံများ ပြဋ္ဌာန်းထားချက်တွေရှိပါတယ်။ အိမ်ခြံမြေ အရောင်း အဝယ်တွေမှာ သံသယဖြစ်စရာ ငွေကြေးစီးဆင်းမှုတွေကို သတင်းပို့ဖို့ လုပ်ဆောင်ချက်တွေလည်း ရှိခဲ့တယ်။ ကျပ် သန်း(၃၀၀)နဲ့ အထက် အရောင်းအဝယ်တွေကို ဘဏ် စနစ်နဲ့သာ ဆောင်ရွက်ရမယ်ဆိုတဲ့ စည်းကမ်းချက်တွေလည်း ရှိတယ်။(ရှိတာကိုပြောတာပါ။ လိုက်နာမှုရှိ/မရှိကတော့ မိမိလည်း ဒီနယ်ပယ်နဲ့ အဆက်အစပ် မရှိလို့ မသိပါဘူး)။

ဆိုလိုတာက ဒီလို ပြဌာန်းမှုတွေ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက ရှိခဲ့သလို၊ ဆိုင်ရာ ဥပဒေတွေလည်း ယခင်ကတည်းက ရှိခဲ့ကြပါတယ်လို့ ပြောချင်တာပါ။ ဒါဖြင့် ဘာလို့ ဝယ်နေ၊ ရောင်းနေလည်း တွေးကြည့်ရင် ဒါပဲ လုပ်စရာ ရှိလို့နေမှာပေါ့နော်ဗျာ🤔🤫😊...

ဆြာကြီးဦးကျော်ဆန်း

Address

No. 252
Mandalay
NONE

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when LEO Real Estate Agent posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category