Win Kyaw Zawl

Call Directions

Win Kyaw Zawl မန္တလေးမြို့ အိမ်ခြံမြေနှင့်
စာချုပ်စာတန်း ဝန်ဆောင်မှု
09441010600
09771010600

21/08/2026
အခုနောက်ပိုင်း စည်ပင်နယ်နိမိတ်အတွင်း တိုက်အပါ ဂရံမြေကွက်တွေ ဝယ်မယ်ဆိုရင်ဆောက်လုပ်ခွင့် တင်ပြပြီးသားလား ?ဆောက်လုပ်ပြီးစီး...
15/07/2026

အခုနောက်ပိုင်း စည်ပင်နယ်နိမိတ်အတွင်း
တိုက်အပါ ဂရံမြေကွက်တွေ ဝယ်မယ်ဆိုရင်
ဆောက်လုပ်ခွင့် တင်ပြပြီးသားလား ?
ဆောက်လုပ်ပြီးစီးကြောင်းစာ ( BCC )
ရပြီလား ? သေချာ မေးပါ။

ဆောက်လုပ်ခွင့် မတင်ပြရသေးလို့
ဆောက်လုပ်ပြီးစီးကြောင်း စာမရသေးလို့
နောင်တစ်ချိန် ပြဿနာဖြစ်ရင်
ဝယ်ယူသူက နစ်နာလိမ့်မယ်။

ဆောက်လုပ်ခွင့် တင်ပြတာနဲ့
ပတ်သက်လို့ ဥပမာ -
နေပြည်တော်မှာ အိမ်ဆောက်ရင်
ပေ ၁၂၀ × ၁၂၀ နှင့် အထက်
မြေကွက်ဆိုရင်
မြေကျန်ကို ရှေ့ ၁၂ ပေ၊ နောက် ၈ ပေ
ဘေးဘယ်ညာ ၅ ပေစီ ချန်ရတယ်။

ပေ ၄၀ × ၆၀ မှ
ပေ ၁၂၀ × ၁၂၀ အောက် မြေကွက်ဆိုရင်
မြေကျန်ကို နောက် ၅ ပေ၊ ရှေ့ ၅ ပေ
ဘေးဘယ်ညာ ၃ ပေစီ ချန်ရတယ်။
(အဆောက်အဦအပြင် နံရံကနေ
ခြံစည်းရိုး ဗဟိုကြား အတိုင်းအတာပေါ့)
​
Public Building ဆိုရင် ၁ ထပ်ပဲ ဖြစ်ဖြစ်
(စာသင်ကျောင်း၊ စားသောက်ဆိုင် စသဖြင့် )
M & E Drawing ဆွဲပြီး မီးသတ်ထောက်ခံစာ
ယူရတယ်။

အထပ်မြင့်တွေအတွက် ဆိုရင်
အထပ်တိုင်းအတွက် အရေးပေါ်ထွက်ပေါက်
လှေကားတွေ ပါဝင်ရပြီး မီးဘေးလုံခြုံမှုစနစ်
ကောင်းမွန်ကြောင်း မီးသတ်ထောက်ခံချက်
ယူရပါတယ်။

၂ ထပ် နဲ့ အထက်ဆိုရင် PE လက်မှတ်ထိုးရ၊
ငလျင်ဒဏ်ခံနိုင်ဖို့ Soil Test စစ်ရတယ်။
Structure Design တွေ ၊ Design Calculation
Book တွဲတင်ရတယ်။

Loading အပိုင်းမှာ Gravity Load အပြင်
Lateral Load ( Wind Load နဲ့ Earthquake Load ) ကို MNBC 2025 ပါ
သတ်မှတ်ချက် အတိုင်း တွက်ချက်ပြီး
Design ရေးဆွဲရတယ်။

အဆောက်အဦဆောက်လုပ်ခွင့် တင်ပြပြီးလို့
အဆောက်အဦ ဆောက်လုပ်ပြီးစီးကြောင်း
ထပ်မံတင်ပြရင် အခွန်ရုံးမှာ Sqft အတိုင်း
အခွန်ဆောင်ပြီး ပြေစာ တွဲတင်ရတယ်။
အဲဲဒါတွေပြီးရင် BCC လို့ခေါ်တဲ့
အဆောက်အဦ ဆောက်လုပ်ပြီးစီးကြောင်း
ခွင့်ပြုချက် စာရွက်ရပါတယ်။

မိမိနေအိမ်ကို အခြားသူကို ရောင်းချရင်
မြေကွက်နဲ့ ပတ်သက်လို့ ဂရံစာအုပ်
အဆောက်အဦနဲ့ ပတ်သက်လို့
ဆောက်လုပ်ခွင့် ​ခွင့်ပြုချက်စာ
အဆောက်အဦဆောက်လုပ်ပြီးစီးကြောင်း
ခွင့်ပြုစာ အမှုတွဲ မိတ္တူနဲ့
အဆောက်အဦဆောက်လုပ်ခဲ့တဲ့ ဓါတ်ပုံ
မှတ်တမ်းအပြည့်အစုံနဲ့ ခိုင်ခိုင်မာမာ
ပြသနိုင်ရင် အများထက် စနစ်တကျ
လုပ်ကိုင်ထားရင်

ဝယ်သူလည်း စိတ်​ချမ်းသာ
ရောင်းသူအတွက်လည်း လက်ရှိ
ပေါက်စျေးထက် မလျော့တဲ့ စျေးနှုန်း
ရပါတယ်။

ရောင်းသူ ဝယ်သူ တစ်သက်လုံး
စိတ်ချမ်းသာပါတယ်။ ဘယ်အလုပ်ဖြစ်ဖြစ်
စေတနာသာ ထည့်လုပ်ပါ။
--------------------------

အဆောက်အဦ ဆောက်လုပ်ခွင့် တင်​ပြရင်
ပထမဦးဆုံး အနေနဲ့ မြေယာဌာနမှာ

- ​ပုံစံ ၁၀၅ / ၁၀၆ အရင်လျှောက်
- အဲဒါလျှောက်ဖို့ က
- မြေကွက်ပိုင်ဆိုင်မှု အထောက်အထား
(ဂရံ ၊ မြေပေးမိန့်)
- ဂရံရပြီးရင် မြေခွန် ၁ နှစ်စာ
ဆောင်ပြီးကြောင်း ပြေစာ
( အဲဒါမပါရင် မရဘူး)
သက်ဆိုင်ရာ မြို့နယ်စည်ပင်မှာ ဆောင်
- တစ်ဆင့် ပြန်ဝယ်ထားတယ်ဆိုရင်
GP ၊ SP ကိုယ်စားလှယ်လွှဲစာ၊ ဂရံ၊
အရောင်းအဝယ်စာချုပ်တွေ ပြ၊ မိတ္တူပေး
- လျှောက်မယ့်သူရဲ့ မှတ်ပုံတင်မိတ္တူ
- သန်းခေါင်စာရင်း၊ လိပ်စာ၊ ဖုန်းနံပါတ်
- စာရွက်စာတမ်း ပြည့်စုံရင် တင်ခဲ့
- ဌာနက M/S တင်
- တစ်ပတ်လောက်ရှိရင် ကွင်းဆင်း
- ၁၀၅ /၁၀၆ အတွက် ငွေသွင်း
(ဧက ကွက်မဟုတ်ရင် သောင်းဂဏန်းပါပဲ)
- အဲဒါပြီးရင် တစ်ပတ်စောင့် ၁၀၅/၁၀၆ ရ၏

---------------------------

၁၀၅ / ၁၀၆ ရရင်
ဆောက်လုပ်ခွင့် တင်ပြဖို့အတွက်
အဆောက်အဦဌာနမှာ

- လျှောက်လွှာထုတ်
- မိမိမြေကွက် တည်နေရာ ဓါတ်ပုံ ၄ ပုံ
- လျှောက်ထားသူရဲ့ လိုင်စင်ပုံ (၂)ပုံ
- မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း မိတ္တူတွဲ
- မြေကွက်ပိုင်ဆိုင်ကြောင်း အထောက်အထား
ထပ်တွဲ တင် (အပေါ်က ပြောခဲ့သလို)
- အနားလေးရပ် ထောက်ခံချက်ယူ
- အုပ်ချုပ်ရေးမှူးထောက်ခံချက် (၃)နေရာထိုး
- အဆောက်အဦ Drawing (၃)စုံ
- Drawing မှာ စည်ပင်က လိုင်စင်ရ
အင်/ယာ လက်မှတ်ထိုးရတယ်။
လက်မှတ်ထိုးခက Sqft အတိုင်းပေးရတယ်။
(အခြား အင်/ယာ ထိုးလို့မရ)
- ၁၀၅/၁၀၆ မူရင်းပါ တွဲတင်
- မြိုနယ်စည်ပင် EO က လက်မှတ်ထိုး
ရုံးအပေါ်စာနဲ့ တင်
- အမှုတွဲစုံလို့ တင်ပြီးရင် တစ်ပတ်စောင့်
(Design က လိုအပ်တာရှိရင် ပြန်ပြင်ပေး)
- မြေကွက်နေရာကို ကွင်းလာဆင်းကြည့်
- ဌာနက M/S ရေး EC တင်
- EC က ပြန်ကျရင်
ဆောက်လုပ်ခွင့်အတွက် ငွေသွင်း
(သောင်းဂဏန်းပါပဲ)
- Green Board ထုတ် မြေကွက်မှာကပ်
- ဆောက်လုပ်ခွင့်ပြု အမိန့် စည်ပင်က
အကြောင်းကြားရင် သွားထုတ်
- တင်ပြထားတဲ့ Design အတိုင်း ဆောက်

------------------------

၆ လ လောက်အကြာ
အဆောက်အဦ ဆောက်ပြီးရင်
ဆောက်လုပ်ပြီးစီးကြောင်း ထပ်တင်

- မူလက တင်ပြတဲ့ ဒီဇိုင်းမိတ္တူ
- ဆောက်လုပ်ခွင့်ပြုကြောင်းစာ မိတ္တူ
- ယခင်က ငွေသွင်းချလံမိတ္တူ
- လျှောက်လွှာပုံစံမှာ ဖြည့် ပြန်တင်
- အခွန်ရုံးမှာ Sqft အတိုင်း အခွန်ဆောင်
- ပြီးစီးကြောင်း အတွက် စည်ပင်ငွေသွင်း
( မပြီးသေးရင် Ex ထပ်တိုးတင်)
- တစ်ပတ်စောင့် ကွင်းလာဆင်း
- EC မှာ ပြန်တင်
- ဆောက်လုပ်ပြီးစီးကြောင်း စာရွက်ထွက်
- ဌာနကို သွားယူ

အဲဒါမှ စည်ပင်နယ်နိမိတ်အတွင်း
မိမိ အဆောက်အဦ ဆောက်လုပ်မှုကိစ္စ
အဝဝ ပြီးမြောက်၏။

အချို့က အလွယ်လုပ်နေကြလို့
ရောင်းသူ ဝယ်သူ မနစ်နာရအောင်
စေတနာ​နဲ့ ရှင်းပြတာပါ။

22/06/2026

ကျွန်မခြံထဲကို နဘေးချင်းကပ်ရပ်ခြံက သရက်ပင်အကိုင်းတွေ ကြောင့် အမှိုက်ကျတဲ့အပြင် မိုးလေပြင်းရင် ကျိုးပဲ့တာတွေလည်း ဖြစ်လေ့ရှိပါတယ်။ ခြံစည်းရိုးကိစ္စနဲ့လည်း မကြာခဏစကားများလေ့ရှိတဲ့အတွက် ဖက်ပြိုင် ပြီး မပြောချင်ပါဘူး ။ ကျွန်မတို့ခြံထဲရောက်နေတဲ့သစ်ကိုင်းကို ကိုယ့်ဖာသာကိုယ်ခုတ်ရင် ဥပဒေနဲ့ ငြိစွန်းနိုင် ပါသလား ။ ဘယ်လိုလုပ်ရမလဲဆိုတာကို အကြံပေးစေချင်ပါတယ် ။
======================

သစ်ပင်ပိုင်ရှင်သဘောမတူဘဲနဲ့ ခုတ်ခွင့်မရှိပါဘူး။ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၆၊ ၄၂၇ အရစွဲလို့ရပါတယ်။ ရာဇသတ်ကြီး ပုဒ်မ ၄၂၆ ဆိုရင် ထောင်ဒဏ် ၃ လနဲ့၊ ပြစ်ဒဏ်နှစ်ရပ်စလုံးကျရောက်နိုင်ပါတယ်။ ရာဇသတ်ကြီး ၄၂၇ ဆိုရင် ၂ နှစ်နဲ့ ပြစ်ဒဏ် နှစ်ရပ်လုံးကျရောက်နိုင်ပါတယ်။ သစ်ပင်ပိုင်ရှင်သဘောမတူဘဲနဲ့ မခုတ်ပါနဲ့။ သစ် ပင် ပိုင်ရှင်နဲ့ ညှိုနိုင်ပြီး ခုတ်နိုင်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ သူနဲ့ညှိုနိုင်းလိုလည်းမရရင် ကိုယ်အိမ်ဘက်မှာ လည်း သစ်ကိုင်းတွေက အရမ်းနောက်အယှက်ဖြစ်နေတယ်၊ ဥပမာ မှန်တွေကွဲ၊ ခေါင်မိုးတွေပေါက်စတဲ့ နစ်နာ ဆုံးရှုံး တာတွေဖြစ်နေတယ်ဆိုရင် ရာဇဝတ်ကြောင်းအရ၊ ရာဇသတ်ကြီးပုဒ်မ ၄၂၆ / ၄၂၇ အရ သစ်ပင်ပိုင်ရှင်ကို တရားစွဲလို့ရပါတယ်။ တရားမကြောင်းအရ နစ်နာဆုံးရှုံးမှု အပေါ်မှာလည်း သစ်ပင်ပိုင်ရှင်ကို တရားမနစ်နာမှုစွဲ လို့ရပါ။အကောင်းဆုံးကတော့ညှိုနိုင်းပြီးလုပ်ကြပါလို့အကြံပေးချင်ပါတယ်။

#ရာဇသတ်ကြီး၄၂၆/၄၂၇

(Zawgyi)

ကျွန်မခြံထဲကို နဘေးချင်းကပ်ရပ်ခြံက သရက်ပင်အကိုင်းတွေ ကြောင့် အမှိုက်ကျတဲ့အပြင် မိုးလေပြင်းရင် ကျိုးပဲ့တာတွေလည်း ဖြစ်လေ့ရှိပါတယ်။ ခြံစည်းရိုးကိစ္စနဲ့လည်း မကြာခဏစကားများလေ့ရှိတဲ့အတွက် ဖက်ပြိုင် ပြီး မပြောချင်ပါဘူး ။ ကျွန်မတို့ခြံထဲရောက်နေတဲ့သစ်ကိုင်းကို ကိုယ့်ဖာသာကိုယ်ခုတ်ရင် ဥပဒေနဲ့ ငြိစွန်းနိုင် ပါသလား ။ ဘယ်လိုလုပ်ရမလဲဆိုတာကို အကြံပေးစေချင်ပါတယ် ။
======================

သစ်ပင်ပိုင်ရှင်သဘောမတူဘဲနဲ့ ခုတ်ခွင့်မရှိပါဘူး။ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၆၊ ၄၂၇ အရစွဲလို့ရပါတယ်။ ရာဇသတ်ကြီး ပုဒ်မ ၄၂၆ ဆိုရင် ထောင်ဒဏ် ၃ လနဲ့၊ ပြစ်ဒဏ်နှစ်ရပ်စလုံးကျရောက်နိုင်ပါတယ်။ ရာဇသတ်ကြီး ၄၂၇ ဆိုရင် ၂ နှစ်နဲ့ ပြစ်ဒဏ် နှစ်ရပ်လုံးကျရောက်နိုင်ပါတယ်။ သစ်ပင်ပိုင်ရှင်သဘောမတူဘဲနဲ့ မခုတ်ပါနဲ့။ သစ် ပင် ပိုင်ရှင်နဲ့ ညှိုနိုင်ပြီး ခုတ်နိုင်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ သူနဲ့ညှိုနိုင်းလိုလည်းမရရင် ကိုယ်အိမ်ဘက်မှာ လည်း သစ်ကိုင်းတွေက အရမ်းနောက်အယှက်ဖြစ်နေတယ်၊ ဥပမာ မှန်တွေကွဲ၊ ခေါင်မိုးတွေပေါက်စတဲ့ နစ်နာ ဆုံးရှုံး တာတွေဖြစ်နေတယ်ဆိုရင် ရာဇဝတ်ကြောင်းအရ၊ ရာဇသတ်ကြီးပုဒ်မ ၄၂၆ / ၄၂၇ အရ သစ်ပင်ပိုင်ရှင်ကို တရားစွဲလို့ရပါတယ်။ တရားမကြောင်းအရ နစ်နာဆုံးရှုံးမှု အပေါ်မှာလည်း သစ်ပင်ပိုင်ရှင်ကို တရားမနစ်နာမှုစွဲ လို့ရပါ။အကောင်းဆုံးကတော့ညှိုနိုင်းပြီးလုပ်ကြပါလို့အကြံပေးချင်ပါတယ်။

#ရာဇသတ်ကြီး၄၂၆/၄၂၇

📌ဂရန်အမည်ပေါက်သူထံမှ ဝယ်ယူတဲ့အခါ မိမိအမည်ပေါက် ပြောင်းရန် လုပ်ငန်းအဆင့်ဆင့်📌🪶ဂရန်အမည်ပေါက်သူထံကတိုက်ရိုက်ဝယ်မယ်ဆိုရင် ရေ...
14/06/2026

📌ဂရန်အမည်ပေါက်သူထံမှ ဝယ်ယူတဲ့အခါ မိမိအမည်ပေါက် ပြောင်းရန် လုပ်ငန်းအဆင့်ဆင့်📌

🪶ဂရန်အမည်ပေါက်သူထံက
တိုက်ရိုက်ဝယ်မယ်ဆိုရင် ရောင်းသူ (ဂရန်အမည်ပေါက်သူ)က ၄၆လမ်း ( မြေယာဌာန) မှာ အရောင်း
အဝယ်စာချုပ် ချုပ်ဆိုရန် မြေပုံ/မြေရာဇဝင်
ကူးပေးရပါမယ်။

🪶မြေပုံ/မြေရာဇဝင်ရပြီဆိုရင် အရောင်းအဝယ်အရပ်ကတိစာချုပ်ကို ချုပ်ဆိုရပါတယ်။

🪶အရပ်ကတိစာချုပ်ချုပ်ပြီးရင် အရောင်းအဝယ်ပြုလုပ်တဲ့ အိမ်နဲ့ မြေကွက် ဓါတ်ပုံတွေနဲ့အတူ အရောင်းအဝယ်ကတိစာချုပ်မိတ္တူ၊ ရောင်းသူ/
ဝယ်သူရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ အိမ်ထောင်စု စာရင်းမိတ္တူ၊ မြေပုံမြေရာဇဝင်၊ ဂရန်မိတ္တူ ​(၃)စုံစီကို ယူသွားပြီး ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ (အခွန်
ဦးစီးဌာန)မှာ ကာလတန်ဖိုး သတ်မှတ်ပေးရန် တင်ပြရပါမယ်။

🪶သက်ဆိုင်ရာ အခွန်ဦးစီးဌာနက လျှောက်ထားသည့် မြေကွက်ကို ကွင်းဆင်းစစ်ဆေးပါတယ်။ ပြီးတော့မှ အိမ်နှင့်မြေကာလတန်ဖိုး သတ်မှတ် ပေးပါတယ်။

🪶အိမ်နှင့် မြေကာလတန်ဖိုး သတ်မှတ်သည့် တန်ဖိုးငွေအပေါ် ဝယ်သူအနေဖြင့် သတ်မှတ်ထားသည့် ဝင်ငွေခွန် ထမ်းဆောင်ရပါမယ်။
ထို့နောက်တွင်မှ ရောင်းသူမှ ရောင်းခွန် သွားရောက်ထမ်းဆောင်ရပါမည်။

🪶 နောက်တစ်ဆင့်အနေနဲ့ တံဆိပ်ခေါင်းခွန် ၄% ကိုထပ်မံ ထမ်းဆောင်ပြီးပါက တံဆိပ်ခေါင်းများ ရရှိလာမှာ ဖြစ်ပါတယ်။

🪶အဲဒီသတ်မှတ်ပေးထားတဲ့ ကျသင့်သည့် အခွန်ငွေများ ကို မိမိ ဝယ်ယူထားသည့်မြေကွက်တည်ရှိရာ
​​မြန်မာ့စီးပွါးရေးဘဏ် မှာ သွားရောက်ငွေသွင်းရပါတယ်။

မြို့နယ်အခွန်ဦးစီးဌာနက ငွေသွင်းပြီးကြောင်း တိုင်းအခွန်ဦးစီးဌာနကို အကြောင်းကြားပါတယ်။

တိုင်းအခွန်ဦးစီးမှူးရုံးက ရန်ကုန်မြို့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးကို အရောင်းအဝယ်မှတ်ပုံတင် စာချုပ်ချုပ်ဆိုနိုင်ကြောင်း အကြောင်းကြားစာ ပေးပို့ပါတယ်။ ဖုန်းဆက်ပြီးလည်းအကြောင်းကြားတတ်ပါတယ်။

🪶ရန်ကုန်မြို့စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ အရောင်းအဝယ်စာချုပ် ချုပ်ဆိုတဲ့အခါ မြေအမည်ပေါက် ရောင်းသူကိုယ်တိုင် ရောင်းသူအဖြစ် လက်မှတ်ရေးထိုးရပါတယ်။

ဝယ်သူနဲ့ သက်သေ နှစ်ဦးလက်မှတ်ရေး ထိုးရပါတယ်။ စာချုပ်ချုပ်ဆိုပြီးရင်တော့ မှတ်ပုံတင်ကြေး(၀.၅%)ပေးသွင်းရပါတယ်။

🪶မှတ်ပုံတင် စာချုပ်ချုပ်ဆိုပြီး ( ၂ )ပတ်ကြာရင်တော့ မှတ်ပုံတင်အပြီးအပိုင် အရောင်းအဝယ်စာချုပ်ကို ထုတ်ယူလို့ ရပါပြီ။

ဤအဆင့်တွင် မှတ်ပုံတင်စာချုပ်ကြီး ချုပ်ဆိုခြင်းပြီးမြောက်ပါသည်။
ဆက်လက်ပြီးမိမိ အမည်ပေါက်ဆက်ပြောင်းလိုတယ်ဆိုလျှင်တော့ အောက်ပါအတိုင်းဆက်လက်ဆောင်ရွက်ဖို့လိုပါတယ်။

🪶စာချုပ်ကြီး ထုတ်ယူပြီးရင်တော့ ၄၆လမ်းရုံးရှိ မြေယာဌာနမှာ အမည်ပြောင်းရန် အတွက် အမှုတွဲ
ဖွင့်ပြီး အမည်ပြောင်းခ နှင့်အစရှိသည့်ပေးသွင်းငွေများကို ပေးသွင်းရပါမယ်။ အမှုတွဲဖွင့်ထားပြီး အချိန်အနည်းငယ် စောင့်ဆိုင်းပြီးရင် ဂရန်အမည်ပြောင်းသည့်အဆင့်ပြီးမြောက်ပါသည်။


Credit/ဒေါ်မေသူ@ဒေါ်သက်ဝေအောင်
အထက်တန်းရှေ့နေ
09773562082

အောင်မြေသာစံခရိုင်အတွင်းလယ်ယာမြေများကို ခွင့်ပြုချက်မရဘဲအကွက်ရိုက်ရောင်းချမှုများနှင့်ပတ်သက်၍အသိပေးကြေညာချက်
13/06/2026

အောင်မြေသာစံခရိုင်အတွင်း
လယ်ယာမြေများကို ခွင့်ပြုချက်မရဘဲ
အကွက်ရိုက်ရောင်းချမှုများနှင့်ပတ်သက်၍
အသိပေးကြေညာချက်

🇲🇲 ဂရန်လျှောက်ထားခြင်း 🇲🇲 ၁။  မြေငှါးဂရန်ထုတ်ပေးရာတွင် အမျိုးအစား(၂)မျိုးရှိပါသည်။(က) အစိုးရမြေမှ ဂရန်သစ်စတင်ထုတ်ပေးခြင်...
03/05/2026

🇲🇲 ဂရန်လျှောက်ထားခြင်း 🇲🇲

၁။ မြေငှါးဂရန်ထုတ်ပေးရာတွင် အမျိုးအစား(၂)မျိုးရှိပါသည်။

(က) အစိုးရမြေမှ ဂရန်သစ်စတင်ထုတ်ပေးခြင်းနှင့် (ခ)မူလဂရန်ရှိပြီးမြေကို အကြောင်းအရာ အမျိုးမျိုးဖြင့် ဂရန်ထပ်မံလျှောက်ထားခြင်းတို့ဖြစ်ပါသည်။

(က) ဂရန်သစ်(အစိုးရမြေမှ ဂရန်သစ်လျှောက်ထားခြင်း)မြို့ကွက်သစ်စတင်ဖော်ထုတ်ပေးရာတွင်လည်း (၂)မျိုးရှိပါသည်။

(၁) မြို့ကွက်သစ်ဖော်ထုတ်ရေးလုပ်ငန်းအဖွဲ့မှ ချထားပေးသည့်မြေကွက် များအား ဂရန်ထုတ်ပေးခြင်း။

(၂) မူလမြို့ဟောင်းရှိ အနေကြာ ဂရန်လျှောက်ထားခြင်းမရှိသေးသည့် အစိုးရမြေများအား ဂရန်ထုတ်ပေးခြင်းတို့ဖြစ်ပါသည်။

(ကက) မြို့ကွက်သစ်ဖော်ထုတ်ရေးလုပ်ငန်းအဖွဲ့မှ ချထားပေးသည့် မြေကွက်များကို ဂရန်လျှောက်ထားရာတွင် မြေချထားမိန့်၊ မြေကွက်ဖိုး၊ လမ်းဖိုးပေးသွင်းသည့် ငွေရပြေစာများ ပါရှိရပြီးသတင်းစာကြော်ငြာခြင်းမပြုစေဘဲအချိန်(၂)ပါတ် အတွင်း ဂရန်သစ်ထုတ်ပေးပါသည်။

(ခခ) မူလမြို့ဟောင်းရှိ အစိုးရမြေများကိုလျှောက်ထားပါက ဦးစွာပထမမြေပုံရေးကူးခွင့်လျှောက်ထားရပါမည်။ မြေပုံ ရေး ကူးခွင့်ရရှိပြီးပါက တရားရုံးကျမ်းကျိန်ချက်၊ အိမ်ထောင်စုဇယား၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထောက်ခံ ချက်၊ အဆောက်အဦးဓါတ်ပုံများဖြင့် အမှုတွဲတည်ဆောက် ပြီးသတင်းစာကြော်ငြာ၍ကန့်ကွက်မှုအရှုပ်အရှင်း မရှိပါက (၁)လ အတွင်းဂရန်သစ်ထုတ်ပေးပါသည်။

(၃) ဂရန်သစ်လျှောက်ထားမှုများကို အောက်ဖော်ပြပါအတိုင်း အမျိုး အစားများ ခွဲခြား၍ဆောင်ရွက်ပေးပါသည်။

(ကက) ဂရန်သစ်

(ခခ) ဂရန်သစ်/အမည်ပြောင်း (မြေကွက်ရရှိသူကိုင်တိုင်မဟုတ်ဘဲ ၄င်းထံမှတဆင့်လွှဲပြောင်းရရှိသူမှ အမည်ပြောင်းလျှောက် ထားခြင်း)

(ဂဂ) ဂရန်သစ် / ဦးပိုင်ခွဲ / အမည်ပြောင်း (မြေကွက်ရရှိသူထံမှခွဲစိတ် ၍ လွှဲပြောင်းရရှိသူမှ အမည်ပြောင်း လျှောက်ထားခြင်း)

(ဃဃ) အမည်ပေါက်လျှောက်ထားခြင်း (အချို့သော ဌာနဆိုင်ရာအဖွဲ့ အစည်းများသည် ငွေသွင်းရန်အခက်အခဲရှိ၍ ဂရန်ထုတ်ယူခြင်းမပြုဘဲ မြေရာဇ၀င်တွင် အမည်ပေါက်ရန်အတွက်သာ လျှောက်ထားခြင်းဖြစ်ပါသည်။

(ခ) ဂရန်ဟောင်း (မူလဂရန်ရှိပြီးမြေကိုအကြောင်းအမျိုးမျိုးဖြင့်ဂရန်ပြန်လည် လျှောက်ထားခြင်း) မူလဂရန်ရှိပြီးမြေကို ဂရန်သက်တမ်းကုန်ဆုံး၍ လည်းကောင်း၊ လွှဲပြောင်း၍လည်းကောင်း၊ ဦးပိုင်ခွဲ၍လည်းကောင်း၊ ဂရန်ပျောက်မိတ္တူလျှောက်၍လည်းကောင်း၊ ဂရန်အမျိုးအစားပြောင်း၍ လည်းကောင်းလျှောက်ထားလာပါက အောက်ဖော်ပြပါအတိုင်း အမျိုး အစားခွဲခြားဆောင်ရွက်ပါသည်။

(၁) ဂရန်အမည်ပြောင်း

(၂) ဂရန်ဦးပိုင်ခွဲ (ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်လျှောက်ထားခြင်း)

(၃) ဂရန်သက်တမ်းတိုး (ဂရန်သက်တမ်းကုန်၍ ထပ်မံသက်တမ်းတိုး လျှောက်ထားခြင်း)

(၄) သက်တမ်းတိုး၊ အမည်ပြောင်း (အမည်လည်းပြောင်း၊ သက်တမ်း လည်းတိုးမည်)

(၅) ဦးပိုင်ခွဲ၊ အမည်ပြောင်း (ဂရန်မြေတစ်ခုကို နှစ်ခု၊ သုံးခုခွဲပြီး အမည်ပြောင်းခြင်း)

(၆) ဂရန်ပျောက်၊ သက်တမ်းတိုး၊ အမည်ပြောင်း(သက်တမ်းကုန် ဂရန် ပျောက်ဆုံးပြီး သက်တမ်းတိုး၊ အမည်ပြောင်း လျှောက်ထားခြင်း)

(၇) ဂရန်မိတ္တူလျှောက်ထားခြင်း(ဂရန်မူရင်းပျောက်ဆုံးသွား၍အမည် ပြောင်းခြင်းမပြုဘဲ ဂရန်မိတ္တူလျှောက်ထားခြင်း)

(၈) တောမှမြို့ပြောင်းလျှောက်ထားခြင်း (ယခင်ပုသိမ်ကြီး၊ အမရပူရ မြို့ပြင်ပရှိမြေများကို ထုတ်ပေးထားသည့် တောဂရန်များကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း ကျရောက်၍ အမည်မပြောင်းဘဲ မြို့ဂရန်အဖြစ် ပြောင်းလဲ လျှောက်ထားခြင်း)

(၉) တောမှမြို့ပြောင်း၊ အမည်ပြောင်း (တောဂရန်မှမြို့ဂရန်အပြင် အမည်ပါပြောင်းပေးရန် လျှောက်ထားခြင်းဖြစ်ပါသည်။)

၂။ အထက်ဖော်ပြပါ ဂရန်လျှောက်ထားမည်ဆိုပါက အောက်ဖော်ပြပါ အထောက်အထား စာချုပ် စာတမ်းများကို ပူးတွဲတင်ပြရပါမည်-

(၁) ကာယကံရှင်၏ မှတ်ပုံတင်မိတ္တူမှန်၊

(၂) ဂရန်စာချုပ်မိတ္တူမှန်၊

(၃) အမွေဆက်ခံဖြစ်ပါက အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာချုပ် မိတ္တူမှန်နှင့် ကျမ်းကျိန်ချက်၊

(၄) အရောင်းအဝယ်၊ ပေးကမ်း၊ စွန့်လွှတ်စာချုပ်မိတ္တူမှန်၊

(၅) တရားမမှုဖြစ်သည့်မြေဖြစ်ပါက တရားရုံးဒီကရီ၊ တရားမပုံစံ(၁၀၆)

(၆) မြေခွန်ပြေစာမိတ္တူမှန်၊

(၇) အိမ်ထောင်စုဇယားမိတ္တူမှန်၊

(၈) အဆောက်အဦးဓါတ်ပုံ၊

(၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်၊

(၁၀) အမည်ပေါက်၊အမွေဆက်ခံသူများ သေဆုံးပါက သေစာရင်းမိတ္တူမှန်များ။

၃။ အထက်ဖော်ပြပါ မြို့ဟောင်းမြေမှ ဂရန်လျှောက်ထားမှုများကို သတင်းစာ ကြော်ငြာပြီး ကန့်ကွက် မရှိ၊ အရှုပ်အရှင်းမရှိပါက (၁)လအတွင်း အပြီးဆောင်ရွက် ပေးမည်

🇲🇲 သိရှိလိုသူများအတွက် 🇲🇲
မြေ ၁ ဧက အထိ ဂရန်ထုတ်ပေးမှု
ဖြေလျော့ + မူလ လုပ်ထုံးလုပ်နည်းများ
လုပ်ငန်းစဉ် အဆင့်ဆင့် ကိုပါဖော်ပြပေးလိုက်ပါတယ်။

🇲🇲 Credit : ဥပဒေရေးရာ

"တန်တယ်" ဆိုတိုင်း မဝယ်ပါနှင့် - မြို့နယ်စုံ အကွက်ရိုက်မြေနှင့် ဂျင်းစာချုပ်များ၏ အန္တရာယ်"မဖြစ်မချင်းတော့ ဘာမှမဖြစ်ဘူး....
03/05/2026

"တန်တယ်" ဆိုတိုင်း မဝယ်ပါနှင့် - မြို့နယ်စုံ အကွက်ရိုက်မြေနှင့် ဂျင်းစာချုပ်များ၏ အန္တရာယ်

"မဖြစ်မချင်းတော့ ဘာမှမဖြစ်ဘူး... ဖြစ်လာရင်လည်း ဘာမှပြန်မရဘူး" ဆိုတဲ့ စကားအတိုင်း တရားမဝင် အကွက်ရိုက်မြေကွက်တွေရဲ့ အန္တရာယ်က ကြီးမားလွန်းလှပါတယ်။
လက်ရှိမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပြင်ဦးလွင်၊ တောင်ကြီး၊ ကလော အစရှိတဲ့ မြို့ကြီးတွေနဲ့ မှော်ဘီ၊ လှည်းကူး၊ တိုက်ကြီး၊ ထန်းတပင် စတဲ့ မြို့နယ်တွေမှာ
လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုကို အခွင့်ကောင်းယူပြီး၊ လယ်ယာမြေတွေကို ဥပဒေနဲ့မညီဘဲ အကွက်ရိုက်ရောင်းချနေတဲ့ "ဂျင်း" ဈေးကွက်ကြီးတွေ ပေါ်ပေါက်နေပါတယ်။
အကွက်ရိုက်ရောင်းသူတွေဟာ ဝယ်သူတွေ ယုံကြည်လာအောင် လှည့်ကွက်ပေါင်းစုံကို အသုံးပြုတတ်ကြပါတယ်။

မြေတန်ဖိုး အရင်းက တစ်ဧကပြတ်ဝယ်ပြီး အကွက်စိတ်ပြန်ခွဲရောင်း တဲ့အခါ ဈေးချိုလွန်းရင် ဝယ်သူက သံသယဝင်မှာစိုးလို့ သိန်း ၄၀၊ ၅၀မှာ ရာဂဏန်း အထိ ဈေးတင်ပြီး ယုံကြည်မှုရအောင် ဖန်တီးတတ်သလို၊
ဟန်ပြဓာတ်တိုင်တွေ စိုက်ပြပြီး နိုင်ငံတော်က ခွင့်ပြုထားသယောင် လှည့်စားတတ်ကြပါတယ်။
အမှန်တကယ်တော့ လယ်ယာမြေတွေပေါ်မှာ ခွင့်ပြုမိန့်မရဘဲ လမ်းဖောက်ခြင်း၊ မြေဖို့ခြင်းနဲ့ အုတ်တံတိုင်းခတ်ခြင်း စတဲ့ လုပ်ရပ်တွေဟာ တရားမဝင် မြေအရောင်းအဝယ်တွေသာ ဖြစ်တယ်လို့ သက်ဆိုင်ရာ စီမံအုပ်ချုပ်ရေးအဖွဲ့တွေက စစ်ဆေးတွေ့ရှိထားပါတယ်။

ပြင်ဦးလွင်၊ ပုသိမ်ကြီးဘက်မှာ အဖျက်ခံရတဲ့အခါ ရောင်းချသူနဲ့ ပွဲစားတွေ တာဝန်မယူသလို ကြော်ငြာပေးတဲ့ ဆယ်လီတွလည်း တာဝန်မခံပါဘူး။

ဥပဒေကြောင်းအရ ကြည့်မယ်ဆိုရင်လည်း (၁) သိန်းနှင့်အထက် တန်ဖိုးရှိတဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းမှန်သမျှကို မြေစာရင်းရုံးမှာ မှတ်ပုံတင်စာချုပ် ချုပ်ဆိုမှသာ တရားဝင် ပိုင်ဆိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

လူအများစု အားကိုးနေကြတဲ့ အရပ်စာချုပ်ဆိုတာ တရားရုံးမှာ သက်သေခံ မဝင်နိုင်သလို၊ "ပုံစံ-၁၀၅" ဆိုတာဟာလည်း မြေတိုင်းမြေပုံသာဖြစ်ပြီး ပိုင်ဆိုင်မှု အထောက်အထား မဟုတ်တာကို သတိပြုရပါ။
လုပ်ငန်းရှင်တွေက ပြဿနာဖြစ်ရင် ရှောင်ထွက်လို့ရအောင် ပိုင်ရှင်ယောင်ဆောင်သူတွေ၊ ပွဲစားတွေကို အသုံးချပြီး ဂျင်းစာချုပ်တွေနဲ့ ရောင်းချတတ်တာကြောင့်
အရှုပ်အရှင်းဖြစ်လာရင် ဖြေရှင်းပေးမယ့်သူ ရှိမှာမဟုတ်ပါဘူး။

လက်ရှိမှာ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေက ဒီလို ဥပဒေနဲ့ ညီညွတ်မှုမရှိတဲ့ လုပ်ဆောင်ချက်တွေကို လယ်ယာမြေဥပဒေ ပုဒ်မ - ၁၉ နှင့် ၂၀(က) တို့အရ တရားစွဲဆိုခြင်း၊ အမိန့်ချမှတ်ခြင်းနဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရုပ်သိမ်းခြင်း စတဲ့ ပြင်းထန်တဲ့ အရေးယူမှုတွေ ဆောင်ရွက်နေပါတယ်။
ဆယ်လီတွေကို သုံးပြီး ကြော်ငြာကောင်းတိုင်း မယုံမိဖို့နဲ့၊
ဥပဒေနဲ့မညီဘဲ ဝယ်ယူမိတဲ့ မြေကွက်တွေဟာ အချိန်မရွေး အစိုးရရဲ့ သိမ်းဆည်းခြင်းကို ခံရနိုင်ခြေ အလွန်များပြားတာကို သတိချပ်သင့်ပါတယ်။

ဒါကြောင့် ပြည်သူများအနေနဲ့ မိမိတို့ ခက်ခဲစွာ စုဆောင်းထားတဲ့ ငွေကြေးတွေ အလဟဿ မဖြစ်စေဖို့အတွက် "တန်တယ်" ဆိုတဲ့ စကားလုံးနောက်ကို မျက်စိမှိတ် မလိုက်ကြဖို့နဲ့

မြေကွက်တစ်ကွက်ကို မဝယ်ယူမီ ဥပဒေကြောင်းအရ ခိုင်မာမှု ရှိ၊ မရှိကို
တတ်သိနားလည်တဲ့ ရှေ့နေ (သို့မဟုတ်)
မြေယာကျွမ်းကျင်သူတွေနဲ့ သေချာစစ်ဆေးပြီးမှ ဝယ်ယူကြဖို့ တိုက်တွန်းပါတယ်။ ကိုယ့်ရဲ့ ရှိစုမဲ့စု ငွေလေးတွေ ဆုံးရှုံးမသွားအောင် "စာများများဖတ်ပြီး ဥပဒေဗဟုသုတနဲ့ ကိုယ့်ပိုင်ဆိုင်မှုကို သတိရှိရှိကာကွယ်ထားပါ။
#မြေယာဗဟုသုတ #အကွက်ရိုက်မြေ #ဥပဒေသတိ

 #စားကျက်မြေဆိုတာဘာလဲ_?စားကျက်ဆိုတာ ကျွဲနွားများ အညောင်းအညာပြေ လွှတ်ကျောင်းရန်အတွက်လည်းကောင်း၊ အစာရေစာ ရှာဖွေစားသောက်နို...
02/05/2026

#စားကျက်မြေဆိုတာဘာလဲ_?
စားကျက်ဆိုတာ ကျွဲနွားများ အညောင်းအညာပြေ လွှတ်ကျောင်းရန်အတွက်လည်းကောင်း၊ အစာရေစာ ရှာဖွေစားသောက်နိုင်သည့် စားကျက်များအဖြစ် အသုံးပြုနိုင်ရန်လည်းကောင်း ရည်ရွယ်၍ သတ်မှတ်ပေးထားသော မြေဖြစ်ပါတယ်။ စားကျက်မြေဆိုတာ ကျွဲနွားတိရာစ္ဆာန် စားကျက်မြေကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာ စားကျက်မြေ မရှိတဲ့အတွက် စားကျက်မြေဆိုတာ ဘာလဲ၊ ဘယ်လိုလျောက်ထားရမလဲလို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မေးမြန်းလာတဲ့အတွက် အားလုံးသိရှိနိုင်အောင် တင်ပြလိုက်ပါတယ်။

စားကျက်မြေကို မြေနှင့်အခွန်တော် ဥပဒေများမှာ Grazing Ground ဟု ဖေါ်ပြ သတ်မှတ်ပါတယ်။ အောက်မြန်မာပြည် မြေနှင့် အခွန်တော်ဥပဒေ၊ နည်းဥပဒေ ၆၆ မှ ၇၁ အထိတွင်လည်းကောင်း၊ အထက်မြန်မာပြည် မြေနှင့်အခွန်တော် စည်းမျဉ်းဥပဒေ၊ နည်းဥပဒေ ၇၅ မှ ၇၉ အထိတွင်လည်းကောင်း ကျွဲ/နွား စားကျက်မြေများ သတ်မှတ်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊ စည်းကမ်းထိန်းသိမ်းခြင်းများအတွက် ပြဌာန်းချက်များ သတ်မှတ်ခဲ့ပါတယ်။

အောက်မြန်မာပြည်မှာတော့ အရေးပိုင် (ခရိုင်အုပ်ချုပ်ရေးမှူး)မှ တရားဝင် အမိန့်ကြော်ညာစာ ထုတ်ပြန်သတ်မှတ်ပေးသည့် စားကျက်များဖြစ်သော်လည်း အထက်မြန်မာပြည်မှာတော့ ထိုသို့ ပြန်တမ်း ထုတ်ပြန် သတ်မှတ်တာရှိသလို အရေးပိုင်က မသတ်မှတ်ဘဲ ဒေသဆိုင်ရာ လိုအပ်ချက်အရ သတ်မှတ် အသုံးပြုစေသည့် အရပ်စားကျက်များ ရှိပါတယ်။

မြေစာရင်းဌာနမှ နှစ်စဉ် ပြုစုရသော မြေအမျိုးအစားအလိုက် အသုံးပြုသော ဧရိယာစာရင်း နှစ်ချုပ်ပြုစုရာတွင် စားကျက်မြေအား ထိုသို့ ၂ မျိုး ၂ စား ခွဲခြား ပြုစုပေးရပါတယ်။ အောက်အရပ်တွင် ကျွဲအသုံးပြုမှုများသည့်အားလျော်စွာ မိုးအခါ ရေပြင်ဖြစ်နေသည့် ရေနက်ကွင်းများ၊ လဟာပြင်များနှင့် ပင်လယ်ကမ်းစပ် သောင်ပြင်များ၊ ဒီရေတောများကို စားကျက်မြေအဖြစ် အများအားဖြင့် သတ်မှတ်ပေးခဲ့တာ တွေ့ရပါတယ်။

နွားအသုံးပြုမှု များသည့် မြန်မာနိုင်ငံ အထက်ပိုင်းတွင်မူ ကွင်းပြောင်များ၊ တောင်ကုန်းများကို စားကျက်အဖြစ် သတ်မှတ်ခဲ့တာ ပိုများကြောင်းတွေ့ရပါတယ်။ အရေးပိုင်ခရိုင်ဝန်မှ စားကျက်လိုအပ်သည်ဟု ထင်မြင်ယူဆရသည့် ကျေးရွာသားများအတွက် ၎င်းကျေးရွာများအနီး သင့်လျော်သည့် စားကျက်မြေကို လျာထားရွေးချယ်ပြီး မှတ်တိုင်များစိုက်ထူ မြေတိုင်းတာ ပုံထုတ်စေပါတယ်။ ယင်းမြေပုံနှင့် နို့တစ်ကြော်ညာစာကို အဆိုပါ မြေနှင့် နီးစပ်ရာ ကျေးရွာများရှိ သူကြီးအိမ်များမှာ စွဲကပ်စေပြီး ကန့်ကွက်လွှာ ၁၅ ရက် ခေါ်ရပါတယ်။ ကန့်ကွက်မှုများကို စုံစမ်းစစ်ဆေးပြီးနောက် ယင်းမြေကို စားကျက်အဖြစ် သတ်မှတ်သင့်သည်ဟု ထင်မြင်ပါက စားကျက်မြေအဖြစ် အမိန့်ထုတ်ဆင့်ပါတယ်။

အမိန့်စာမှာ ယင်းစားကျက်သည် အကျယ်အဝန်း မည်မျှရှိကြောင်း၊ မည်သည့် ကျေးရွာများနှင့် အကျိုး သက်ဆိုင်ကြောင်း အမိန့်စာမှာ ပါရှိရပါတယ်။ စားကျက်မြေဆိုသည်မှာ စားကျက် သီးသန့်သာမက စားကျက်သို့ကျွဲနွားများ ဝင်ထွက်နိုင်ရန်အတွက် ပယ်လမ်းများကိုပါ စားကျက်အဖြစ် သတ်မှတ်ပေးရပါတယ်။

စားကျက်မြေအတွင်း စိုက်ပျိုးမှု အိမ်ရာဆောက်လုပ်မှု ခွင့်မပြုရပါဘူး။ စိုက်ပျိုးရေးအတွက် မြေဂရန် မြေငှါး Grant, Lease ထုတ်မပေးရပါဘူး။ စားကျက်နှင့် မပတ်သက်သည့် ကျေးရွာမှ သူများ ကျွဲနွားစားကျက် လာချပါကလည်းကောင်း၊ မည်သူမဆို စားကျက်ချထားခြင်းကိစ္စမှ လွဲ၍ အခြားနည်းလမ်းတစ်ရပ်ရပ် အသုံးပြုခြင်း၊ နေထိုင်ခြင်း၊ အမိန့်မရဘဲ စားကျက်မြေအတွင်းမှ သစ်ပင် ခြုံနွယ်မှအစ မြက်စသည်တို့ကို ရိတ်ဖြတ် ခုတ်လှဲ ရွှေ့ပြောင်း သယ်ဆောင်ခြင်း ပြုလျှင်လည်းကောင်း၊ စားကျက်ကို ကျူးကျော် အသုံးပြုလျှင်သော်လည်းကောင်း တရားစွဲဆို အရေးယူခံရမည် ဖြစ်ပါတယ်။

ပြစ်မှုထင်ရှားပါက ကျပ် ၂၀ ထိ ငွေဒဏ်ဖြစ်စေ သို့မဟုတ် တစ်လထိ ထောင်ဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ၊ ကျခံစေရ မည်ဟု အောက်မြန်မာပြည် မြေနှင့်အခွန်တော် နည်းဥပဒေ ၆၉ တွင် ပြဌာန်း ထားပါတယ်။ အထက်မြန်မာပြည် စားကျက်ကျူးများအတွက်မူ အထက်မြန်မာပြည် မြေနှင့် အခွန် တော်စည်းမျဉ်း နည်းဥပဒေ ၇၈ အရ ကျပ် ၂၀ ထိ ငွေဒဏ် ထမ်းဆောင်စေရန်နှင့် ဒဏ်ငွေ မဆောင်နိုင်က ၁၅ ရက်အထိ ထောင်ဒဏ် ကျခံစေရန် သတ်မှတ်ထားပါတယ်။ စားကျက်ကျူး အတွက် မြေခွန်၏ ၂ ဆ ကိုလည်း ပေးဆောင်စေရပါတယ်။ စားကျက်မြေ ထိန်းသိမ်းရန်အတွက် ဗဟိုမြေယာကော်မတီ၏ စားကျက်မြေများအတွင်း ဝင်ရောက် စိုက်ပျိုးခြင်းနှင့် အခြားကျူးကျော် မှုများအား အရေးယူရန် ၁၉၆၅-၆၆ မတိုင်မီက ညွှန်ကြားချက်မှာ စားကျက်ကျူးကျော် စိုက်ပျိုးမှုအတွက် စိုက်ပျိုးသော သီးနှံအား ရိတ်သိမ်းခွင့် မပြုဘဲ သက်ဆိုင်ရာ မြေယာကော်မတီများမှ သိမ်းယူ၍ သီးနှံပေါ်သည့်အခါ စိုက်ပျိုး ခဲ့သူအား စိုက်ပျိုးကုန်ကျစရိတ် ပေးချေပြီးနောက် ကျန်သီးနှံ တစ်ဝက်ကို စိုက်ပျိုးသူအား ပြန်ပေးရန်၊ တစ်ဝက်ကို အစိုးရဒိုင်သို့ ရောင်းချပြီး ရငွေကို ဗဟိုမြေယာကော်မတီထံ တင်ပြ လမ်းညွန်ချက် ခံယူ သုံးစွဲ စေရန်ဟု ဖြစ်ပါတယ်။

၁၉၆၆ နောက်ပိုင်းတွင်မူ စားကျက်ကျူးလွန် စိုက်ပျိုးသူများအား လုံး၀ ခံစားခွင့်မပေးတော့ဘဲ မြေယာကော်မတီများကသာ သီးနှံကို အကြွင်းမဲ့ သိမ်းယူ ရောင်းချရန်နှင့် ရောင်းချရငွေ အသုံး ပြုရေးအတွက် ဗဟိုမြေယာကော်တီသို့ တင်ပြရန်ဟု ပြောင်းလဲ ညွှန်ကြားခဲ့တာ တွေ့ရပါတယ်။ ထိုနောက် ဗဟိုလုံခြုံရေးနှင့်အုပ်ချုပ်မှုကော်မတီမှ ၁၉၇၃ ခုနှစ် မေလ ၃၁ နောက်ပိုင်း စားကျက် ကျူးကျော်မှုများကို ရှင်းလင်း အရေးယူရန် ညွှန်ကြားခဲ့ပြီး ဆောင်ရွက်သော်လည်း စားကျက်ကျူးကိစ္စအား မထိန်းသိမ်းနိုင်ခဲ့ပါ။ ယခုလည်း သက်ဆိုင်ရာဝန်ကြီးဌာနမှ စားကျက်ကျူး အရေးယူရန် ညွှန်ကြားချက်များကို ထုတ်ပြန်ဆောင်ရွက်ဆဲဖြစ်ကြောင်း တွေ့နေရပါတယ်။

စားကျက်မြေနှင့်ပတ်သက်၍ မလိုအပ်တော့သည့်၊ အသုံးမပြုနိုင်တော့သည့် စားကျက် မြေများကို ပယ်ဖျက်ရေး၊ လိုအပ်သည့်နေရာများတွင် ပြန်လည်သတ်မှတ်ရေးနှင့် အသစ်ထူထောင် ပေးရေးကိစ္စကို နိုင်ငံတော်အနေဖြင့် စိစစ်ဆောင်ရွက်သင့်ပြီ ဖြစ်ပါတယ်။ စားကျက်ကျူး ပြစ်ဒဏ်အနေဖြင့် အောက်မြန်မာပြည် မြေနှင့်အခွန်တော် နည်းဥပဒေ ၆၉ အရ အရေးယူခြင်း ဆိုပါက ဒဏ်ငွေ ၂၀ ဖြစ်စေ၊ ထောင်ဒဏ် တစ်လ ထိ ဖြစ်စေ ကျခံရပါမယ်။ အထက်မြန်မာပြည်အတွက် ဖြစ်ပါက အထက်မြန်မာနိုင်ငံ မြေနှင့်အခွန်တော်စည်းမျဉ်း၊ နည်းဥပဒေ ၇၀ အရ ကျပ် ၂၀ ထိ ငွေဒဏ် ထမ်းဆောင်ရန်နှင့် ဒဏ်ငွေ မဆောင်နိုင်က ၁၅ ရက်အထိ ထောင်ဒဏ် ကျခံစေရန် သတ်မှတ်ထားပါတယ်။ စားကျက်မြေကို ကျေးရွာက မလိုအပ်တော့လို့ အခြား မြေအမျိုးအစား ပြောင်းလဲခွင့် အသုံးပြုခွင့်ရချင်ရင် စားကျက်မြေ ပယ်ဖျက်ခွင့်ကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ တင်ပြပြီး အမှုတွဲဖွင့်ကာ ရပ်ကျေး မြို့နယ် ခရိုင် ပြည်နယ်တိုင်း ထောက်ခံချက်များနဲ့ ရုံးချုပ်အထိ တင်ပြပြီး ခွင့်ပြုချက်ရရင် စားကျက်မြေ ပယ်ဖျက်ပေးပါတယ်။

စားကျက်မြေဆိုတာ အများအတွက် အသုံးပြုတဲ့မြေ ဖြစ်လို့ အများအတွက် အကျိုးပြုမယ့် လုပ်ငန်းများ၊ ကျွဲနွား မရှိသော ကျေးရွာများမှာ ပယ်ဖျက်ခွင့်တင်ပြရင်ပိုမို သင့်လျော်ပါတယ်။ ယခု ၂၀၁၂ လယ်ယာမြေဥပဒေမှာ စားကျက်မြေများကို ထိန်းသိမ်းထားရှိဖို့နဲ့ တရားဝင် ပယ်ဖျက်ပြီး ခွင့်ပြုချက်နဲ့သာ အသုံးပြုစေဖို့ ပြဌာန်းထားပါတယ်။ ဒါအပြင် မြေလွတ်မြေလပ်မြေရိုင်း ဥပဒေပါ အဓိပ္ပါယ် ဖွင့်ဆိုချက်အရ ပယ်ဖျက်ပြီးတဲ့ စားကျက်မြေတွေဟာ မြေလွတ်မြေလပ်မြေရိုင်း ဖြစ်သွားတယ်လို့ ဖော်ပြထားပါတယ်။ စားကျက်မြေ ပယ်ဖျက်ပြီးရင်တောင် ထိုမြေကို မြေလွတ်မြေလပ်မြေရိုင်း အသုံးပြုခွင့် ပြန်လည်လျောက်ထားရပါမယ်။ စားကျက်မြေအဖြစ် သတ်မှတ်ထားတဲ့ မြေနေရာတွေမှာ ကျူးကျော်စိုက်ပျိုးနေရင် ကျူးကျော် အခွန် နှစ်ဆ ကောက်ခံခြင်း၊ အရေးယူခံရခြင်းများ ဖြစ်နိုင်ပါတယ်။ အချို့က ဒီမြေမှာ စိုက်ပျိုးလာလို့ ပုံစံ ၇ လျောက်ထားကြတာလည်း တွေ့ဘူးပါတယ်။ လယ်ယာမြေအမျိုးအစား မဟုတ်တဲ့အတွက် ပုံစံ ၇ လျောက်လို့မရပါဘူး။ အခုနောက်ပိုင်း တရားဝင် စားကျက်မြေအဖြစ်က ပယ်ဖျက်ပြီးရင်တောင် မြေလွတ်မြေလပ်မြေရိုင်း ဖြစ်သွားတဲ့အတွက် ပုံစံ ၇ တိုက်ရိုက်ရဖို့ မဖြစ်နိုင်ပါဘူးလို့ သိရှိနိုင်ရန် တင်ပြလိုက်ရပါတယ်။

#ဥပဒေဗဟုသုတများ

Address

Mandalay
09441010600/09771010600

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30

Telephone

09441010600

Website

Alerts

Be the first to know and let us send you an email when Win Kyaw Zawl posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category