21/06/2026
အိမ်ခြံမြေ အရောင်းအဝယ်ဖြစ်ဖို့ ရောင်းသူေကာ ဝယ်သူ ပါ သိထားသင့်တဲ့ "အနိုင်-အနိုင် (Win-Win)" လျှို့ဝှက်ချက်
အိမ်ခြံမြေ အရောင်းအဝယ်တစ်ခု အောင်မြင်စွာ ပြီးမြောက်ဖို့ဆိုတာ ဝယ်သူ (Customer) ဘက်ကလည်း စိတ်ကျေနပ်ရသလို၊ ရောင်းသူ (seller) ဘက်ကလည်း တန်ရာတန်ကြေး ရရှိဖို့ လိုအပ်ပါတယ်။
ဒါေကြာင့်နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိပြီး အရောင်းအဝယ် မြန်မြန်ဆန်ဆန် တည့်သွားစေဖို့အတွက် သိထားသင့်တဲ့ လျှို့ဝှက်ချက် (၃) ချက်ကို မျှဝေပေးလိုက်ပါတယ်။
💢၁။ ဈေးကွက်ပေါက်ဈေး အမှန်ပေါ်တွင် အခြေခံခြင်း
ရောင်းသူ (seller) များအနေဖြင့်
🙅မိမိအိမ်ကို သံယောဇဉ်ရှိလို့ ဈေးအများကြီး ခေါ်ထားမိရင် ဝယ်သူတွေ လာမကြည့်ဘဲ အချိန်ကြာသွားတတ်ပါတယ်။
💁 ဒါကြောင့် လက်ရှိ ပတ်ဝန်းကျင်က အမှန်တကယ် အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးကွက်ပေါက်ဈေးအတိုင်း တိတိကျကျ ခေါ်ဆိုထားခြင်းက ဝယ်သူကို ဆွဲဆောင်ရာ ရောက်ပါတယ်။
ဝယ်သူ (Customer) များအနေဖြင့်
🙅ပေါက်ဈေးထက် အဆမတန် နှိမ်ပြီး ဈေးကမ်းလှမ်းခြင်းက အရောင်းအဝယ်ကို ပျက်ပြားစေနိုင်ပါတယ်။
💁ဒါကြောင့် ပိုင်ရှင်ဘက်က အမှန်တကယ် ရောင်းချချင်တဲ့ ဈေးနှုန်းအနီးစပ်ဆုံးကို စနစ်တကျ ညှိနှိုင်းတာက ပိုကောင်းပါတယ်။
💢၂။ ပွင့်လင်းမြင်သာမှုရှိခြင်း
ရောင်းသူ (Owner) များအတွက်:
💁အိမ်ရဲ့ အားသာချက်တင်မကဘဲ အားနည်းချက် (ဥပမာ - ရေနည်းနည်းစိမ့်တာ၊ ဒါမှမဟုတ် စာရွက်စာတမ်းမှာ အမည်ပြောင်းဖို့ လိုအပ်တာ) မျိုးတွေကို ကြိုတင်ပြီး ပွင့်ပွင့်လင်းလင်း ပြောပြထားပါ။ဝယ်သူက လာကြည့်မှ အပြင်မှာ ကိုယ်တိုင်တွေ့သွားရင် ယုံကြည်မှု ပျက်ပြားသွားတတ်ပါတယ်။
💁ဝယ်သူ (Customer) များအတွက်: မိမိရဲ့ ငွေချေစနစ် (ငွေသားအပြည့်ပေးမလား၊ အရစ်ကျပေးမလား၊ ဘဏ်နဲ့ချိတ်ဆက်မလား) ဆိုတာကို ပိုင်ရှင်ထံ ကြိုတင်အသိပေးပါ။ ငွေချေမှု ပုံစံအပေါ် မူတည်ပြီး ပိုင်ရှင်ဘက်က ဈေးနှုန်းကို ပိုမိုညှိနှိုင်းပေးနိုင်ပါတယ်။
💢၃။ အပိုကုန်ကျစရိတ်များကို ကြိုတင်ခွဲဝေခြင်း
စာချုပ်စာတမ်းချုပ်ဆိုတဲ့အခါ နောက်ဆက်တွဲ ကုန်ကျစရိတ်တွေကြောင့် နှစ်ဖက်စကားများပြီး ပွဲပျက်သွားတတ်တာမျိုးတွေ ရှိတတ်ပါတယ်။
ဒါကြောင့်နှစ်ဦးနှစ်ဖက် စရံငွေပေးချေ ချိန်ထဲက ညှိနှိုင်းခွဲဝေထားပါ။
💡 အကျိုးဆောင်တစ်ဦးရဲ့ အခန်းကဏ္ဍ
အိမ်ခြံမြေ အရောင်းအဝယ်တစ်ခုမှာ ဝယ်သူနဲ့ ရောင်းသူ ကြားထဲက "တံတား" တစ်စင်းကတော့ အကျိုးဆောင်ပဲ ဖြစ်ပါတယ်။ စိတ်ခံစားချက်မပါဘဲ စျေးကွက်အခြေအနေမှန်ကို ကြားခံညှိနှိုင်းပေးပြီး၊ စာရွက်စာတမ်း အရှုပ်အရှင်းတွေကို ဥပဒေနဲ့အညီ စစ်ဆေးပေးတာကြောင့် ဝယ်သူ ရော ရောင်းသူ ပါ စိတ်အနှောင့်အယှက်မဖြစ်ဘဲ အချိန်တိုအတွင်း အရောင်းအဝယ် အောင်မြင်စေပါတယ်။
"ဝယ်သူလည်း စိတ်ချမ်းသာ၊ ရောင်းသူလည်း လာဘ်ပွင့်စေမည့် ကံကောင်းခြင်း အိမ်ဂေဟာများ ဖန်တီးနိုင်ပါစေ။"
📌 မိမိရဲ့ အိမ်ခြံမြေကို စိတ်ချရတဲ့ ဝယ်သူလက်ထဲ စျေးကောင်းကောင်းနဲ့ မြန်မြန်အပ်နှံချင်တဲ့ အိမ်ပိုင်ရှင် များ ၊ စိတ်ကြိုက်အိမ်ခြံမြေကို စာရွက်စာတမ်း အရှုပ်အရှင်းကင်းကင်းနဲ့ ဝယ်ယူချင်တဲ့ ဝယ်သူ များပါ ကျွန်တော်တို့ထံသို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။
နှစ်ဖက်စလုံး အဆင်ပြေစေမည့် အကောင်းဆုံး ဝန်ဆောင်မှုဖြင့် ကြိုဆိုနေပါတယ်။
Greatness Real Estate
☎️09-952101214,09-262614121
#အိမ်ခြံမြေဗဟုသုတ #အိမ်ခြံမြေအကျိုးဆောင်