20/10/2026
လေးစားရပါသော The Central အိမ်ခန်းပိုင်ရှင်များခင်ဗျာ၊
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက်နေ့က အသိပေးတင်ပြခဲ့တဲ့အတိုင်း လက်ရှိဆောင်ရွက်နေတဲ့ စီမံရေးရာ ပြန်လည်သုံးသပ်မှု လုပ်ငန်းစဉ်တွေမှာ Marga Landmark အနေနဲ့ သက်ဆိုင်ရာ အစိုးရအာဏာပိုင်တွေနဲ့ ပွင့်လင်းမြင်သာစွာ အပြည့်အဝ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိတွင် ထိုလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်တဲ့အတွက် လုပ်ငန်းပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက်အားလုံးကို အခု အချိန်မှာ အပြည့်အဝ ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိသေးတာကို နားလည်ခွင့်လွှတ်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါတယ်။
Marga Landmark အနေနဲ့ စီမံကိန်းများကို ရပ်နားလိုက်ပြီ၊ စွန့်ခွာသွားပြီဆိုသော သတင်းကောလာဟလများဟာ လုံးဝ (လုံးဝ) မမှန်ကန်ကြောင်းကို ရိုသေလေးစားစွာနဲ့ ရှင်းလင်းတင်ပြချင်ပါတယ်။ လက်ရှိလုပ်ငန်းစဉ်များ ကြောင့် ယာယီကန့်သတ်ချက်တချို့ရှိနေသော်ငြားလည်း လုပ်ငန်းခွင်အခြေအနေများ ပုံမှန်လည်ပတ်နိုင်ရန်၊ စီမံကိန်း၏ပိုင်ဆိုင်မှုများကို အပြည့်အဝကာကွယ်ထားနိုင်ရန် နှင့် လူကြီးမင်းတို့နဲ့ ပုံမှန်အတိုင်း ပြန်လည် ဆက်သွယ်နိုင်ရန်အတွက် ကျွန်တော်တို့ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။
ဒီလိုအခြေအနေတွေကြောင့် လူကြီးမင်းတို့အနေနဲ့ ဘယ်လောက်တောင် စိုးရိမ်ပူပန်နေရမလဲဆိုတာကို ကျွန်တော်တို့ အပြည့်အဝ ကိုယ်ချင်းစာ နားလည်မိသလို၊ ဒီစိုးရိမ်မှုတွေကိုလည်း အလေးအနက်ထားပါတယ်။ ဒီလို အခက်အခဲတွေရှိနေတဲ့ အချိန်ကာလအတွင်း အိမ်ခန်းပိုင်ရှင်များနဲ့ အများပြည်သူဆီကို လိုအပ်တဲ့သတင်း အချက်အလက်တွေ ပေးပို့ရာမှာ ရှိသင့်ရှိထိုက်သည့် ရှင်းလင်းမှုနှင့် အချိန်မီမှုတို့ အားနည်းခဲ့တာကိုလည်း အထူးပဲ ဝန်ခံ တောင်းပန်အပ်ပါတယ်။ ရှေ့ဆက်ပြီး ဒီအပိုင်းကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်သွားပါမယ်လို့ ကတိပြု အပ်ပါတယ်။
လူကြီးမင်းတို့နဲ့ ပိုမိုနီးကပ်စွာ ပြန်လည်ဆက်သွယ်နိုင်ဖို့နဲ့ နောက်ဆုံးရအခြေအနေများကို တိုက်ရိုက်ပေးပို့နိုင် ရန်အတွက် အောက်မှာ ဖော်ပြထားတဲ့ Owner Reconnection Portal ကတစ်ဆင့် လူကြီးမင်းတို့ရဲ့ အချက်အလက်များကို ဖြည့်သွင်းမှတ်ပုံတင်ပေးထားပါရန် ရိုသေစွာ မေတ္တာရပ်ခံအပ်ပါတယ်။
Owner Reconnection Portal: https://thecentral.com.mm/reconnect.html
ဒါ့အပြင် Customer Service အဖွဲ့ထံ [email protected] မှတစ်ဆင့်လည်း ဆက်သွယ် မေးမြန်းနိုင်ပါတယ်။
Dear Customers of The Central,
As stated in our 13 October 2026 update, Marga Landmark is extending its full, transparent cooperation to all relevant government authorities during this administrative review. Because this is an active process, we cannot disclose every operational detail at this time.
Claims that Marga Landmark has abandoned its projects are categorically false. We are working tirelessly to maintain our site operations, protect project assets, and restore normal communication channels with our customers despite the temporary constraints of an ongoing administrative review.
We understand how anxious and concerned many of our customers are, and we take those concerns seriously. We acknowledge that our communication with our customers and the public during this challenging period has not been as clear or as timely as it should have been. This is an area we are determined to improve.
To help us reconnect with you and share updates directly, please register your details through our Owner Reconnection Portal: https://thecentral.com.mm/reconnect.html
You can also contact our customer service team at
[email protected].