Union City Yangon

Union City Yangon Yangon’s only embassy district mega community

🏗️ရန်ကုန်မြို့ရဲ့ အချက်အချာအကျဆုံးတည်နေရာမှာရှိတဲ့ အဆင့်မြင့်လူနေမှုအသိုက်အဝန်းကို ကျပ်သိန်း (9,000) မှ (14,000) ဝန်းကျင...
06/11/2026

🏗️ရန်ကုန်မြို့ရဲ့ အချက်အချာအကျဆုံးတည်နေရာမှာရှိတဲ့ အဆင့်မြင့်လူနေမှုအသိုက်အဝန်းကို ကျပ်သိန်း (9,000) မှ (14,000) ဝန်းကျင်နဲ့ ပိုင်ဆိုင်လိုက်ပါ။
❓လက်ရှိ ရန်ကုန်မြို့ရဲ့အိမ်ခြံမြေဈေးကွက်မှာ ဝယ်ယူသူတွေအများဆုံး စိုးရိမ်နေကြတာက ဈေးနှုန်းသက်သာဖို့ထက် "အိမ်ခန်းများကို အမှန်တကယ်အပ်နှံနိုင်မလား" ဆိုတဲ့အချက်ပဲဖြစ်ပါတယ်ခင်ဗျာ။

ဒါကြောင့် ဒီလိုအချိန်မှာ ကျွန်တော်တို့သည် အဓိကအချက်(3)ချက်ကို သေချာစဉ်းစားဖို့ လိုအပ်ပါတယ်
1️⃣ရှားပါးသောတည်နေရာဟုတ်မဟုတ်
2️⃣ ဈေးနှုန်းမှန်ကန်မှုရှိမရှိ
3️⃣အခန်းအပ်နှံခြင်းကို ထိန်းချုပ်နိုင်ခြင်းရှိမရှိ

🏗️Union Cityသည် ရန်ကုန်မြို့ရဲ့အဓိကလမ်းမကြီးဖြစ်တဲ့ ပြည်လမ်းမပေါ်မှာတည်ရှိပြီး သံရုံးများစုဝေးရာတည်နေရာဖြစ်သောကြောင့် အစားထိုးခြင်းနဲ့ပုံဖော်လို့မရနိုင်တဲ့ အချက်အချာကျတဲ့နေရာကောင်း တစ်ခုမှာတည်ရှိပါတယ်။ အနာဂတ်မှာလည်း စတုရန်းပေ(1)သန်းခန့်ရှိသော ကိုယ်ပိုင်စီမံခန့်ခွဲ သွား မည့်commercial centerနဲ့ကပ်လျက်တည်ရှိပြီး စီမံကိန်းတစ်ခုလုံးတွင် မြေအောက်ကားပါကင် (2) ထပ်(ယာဉ်အစီးရေ4,000ခန့်) နဲ့ စတုရန်းပေ (3) သန်းခန့်ပါဝင်တဲ့ လူနေမှုအသိုက်အဝန်းပါ၀င်ဖန်တီးထားပါတယ်။ ကိုယ်တိုင်နေထိုင်မည့်မိသားစုအတွက်လည်း သက်တောင့်သက်သာရှိမှု၊ အသိုက်အဝန်းကောင်းမွန်မှုနဲ့ ရေရှည်တန်ဖိုးတို့ကို အပြည့်အဝထိန်းသိမ်းပေးနိုင်ရန်အတွက် အာမခံ ချက်ပိုရှိပါတယ်ခင်ဗျာ။

✨ဈေးကွက်တွင် လူကြိုက်အများဆုံးဖြစ်တဲ့ Union City ၏အခန်းအမျိုးအစားတွေအနေနဲ့ -
✔️Two-bedroom (B2)- ကျပ်သိန်း (9,000 – 10,000) ဝန်းကျင်
✔️Three-bedroom (B3)- ကျပ်သိန်း (11,000 – 14,000) ဝန်းကျင်ဖြစ်ပါတယ်ခင်ဗျာ။
ဒါ့အပြင် မြေအောက်ကားပါကင်၊ ပြေးလမ်း၊ Gym၊ ပန်းခြံ၊ ရေကူးကန်စတဲ့ လူကြီးမင်းများ၏ နေ့စဉ်ဘဝကို အဆင်ပြေစေမယ့် facility တွေကိုလည်း စုံလင်စွာထည့်သွင်းပေးထားပါတယ်။

🏗️တခြားရှုထောင့်တစ်ခုနဲ့စဉ်းစားကြည့်မယ်ဆိုရင် ဒီလိုနေရာကောင်းတစ်ခုမှာ ကိုယ်ပိုင်အိမ်လေး တစ်လုံးဆောက်ဖို့ မြေကွက်ဝယ်ရုံနဲ့တင် ကျပ်သိန်းသန်းပေါင်းများစွာကုန်ကျနိုင်ပါတယ်။ ထို့အပြင်ဆောက်လုပ်ခ၊ ပန်းခြံ၊ ကားပါကင်နဲ့ အခြားfacilityတွေ ထပ်ထည့်ရရင် ကုန်ကျစရိတ်ကပိုများသွားမှာတော့သေချာပါတယ်။ ဒါပေမဲ့ Union Cityမှာတော့ ကျပ်သိန်း (9,000 – 14,000) ဝန်းကျင်နဲ့ ပြီးပြည့်စုံတဲ့ အိမ်ခန်းရရှိနိုင်မှာဖြစ်ပြီး စျေးနှုန်းအားသာချက်ရှိခြင်းသည် စျေးသက်သာခြင်းမဟုတ်ဘဲ၊ သင့်လျော်သောစျေးနှုန်းနဲ့ ပိုမိုသက်တောင့်သက်သာရှိပြီး အဆင်ပြေတဲ့နေထိုင်မှု ပတ်ဝန်းကျင်ကိုခံစားရခြင်းပင်ဖြစ်ပါတယ်ခင်ဗျာ။

🏗️ဈေးကွက်မှာ မသေချာမရေရာမှုတွေ ရှိနေသေးပေမဲ့ ကျွန်တော်တို့က လက်တွေ့တိုးတက်မှု အခြေအနေတွေနဲ့အတူ ယုံကြည်မှုကိုတည်ဆောက်ချင်ပါတယ်ခင်ဗျာ။ Union City ရဲ့ တည်ဆောက်ရေးလုပ်ငန်းတိုးတက်မှုများကို ပွင့်လင်းမြင်သာစွာ ကြည့်ရှုနိုင်ခြင်း၊ ဆောက်လုပ်ရေး siteကို လာရောက်လေ့လာနိုင်ခြင်း၊ အိမ်ခန်းအပ်နှံမယ့် အစီအစဉ်များကို ရှင်းလင်းစွာချပြခြင်းတို့ဖြင့် ဝယ်ယူသူများအနေနဲ့ ဆုံးဖြတ်ချက်မချခင် သေချာမှုကိုမြင်တွေ့နိုင်မှာဖြစ်ပါတယ်ခင်ဗျာ။မသေချာမရေရာမှုတွေရှိနေတဲ့ ဈေးကွက်ထဲမှာ တကယ်တမ်း ရွေးချယ်သင့်တာက ကတိကဝတ်စကား တွေထက် အချက်အချာကျတဲ့တည်နေရာ၊ ပြီးပြည့်စုံတဲ့facilityတွေနဲ့ လက်တွေ့ကျကျ အာမခံချက် ပေးနိုင်တဲ့ စီမံကိန်းပဲဖြစ်ပါတယ်ခင်ဗျာ။။

📍Address- No.74, Corner of Pyay Road and Pyidaungzu Yeiktha Street, Pyidaungzu Yeiktha Compound, Dagon Township, Yangon
📞VIP hotline
09 944 688888
09 944 788888




🧑🏻‍💻Union City ၏ လူကြိုက်များသောအခန်းကိုခွဲခြမ်းစိတ်ဖြာခြင်း🤔Union City ၏ B2(two-bedroom) နဲ့ B4(four-bedroom) အခန်းအမျိ...
19/10/2026

🧑🏻‍💻Union City ၏ လူကြိုက်များသောအခန်းကိုခွဲခြမ်းစိတ်ဖြာခြင်း
🤔Union City ၏ B2(two-bedroom) နဲ့ B4(four-bedroom) အခန်းအမျိုးအစားသည် ဘာကြောင့် လူကြိုက်များပြီး ဈေးကွက်မှာ ရေပန်းစားနေရတာလဲ❓❓

✨ကျွန်တော်တို့ Union City မှာဆိုရင် ကျစ်လစ်လှပတဲ့ two-bedroom အခန်းမှ အလွန်ခမ်းနားတဲ့ five-bedroom အခန်းအထိ ပါဝင်တာကြောင့် မိသားစုတိုင်းရဲ့ နေထိုင်မှုလိုအပ်ချက်တွေကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ပါတယ်ခင်ဗျာ။အဲ့ဒီထဲမှာမှ မကြာသေးခင်က customerများ reserve အများဆုံးလုပ်ကြတဲ့ two-bedroom နဲ့ four-bedroom အခန်းတွေရဲ့ အသုံးဝင်ပုံနဲ့ထူးခြားတဲ့ ဒီဇိုင်းလက်ရာတွေကြောင့် ဈေးကွက်ထဲမှာ အင်မတန်ရေပန်းစားနေတဲ့ "Star Property" ဖြစ်လာပါ တယ်ခင်ဗျာ။

🧑🏻‍💻ဒီနေ့မှာတော့ ကျွန်တော်တို့ဒီအခန်းနှစ်ခန်းရဲ့ ထူးခြားတဲ့အားသာချက်တွေကို အသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့customerများသည် ဘာကြောင့်ဒီအခန်းတွေကို ဦးစားပေး ရွေးချယ်ကြတာလဲဆိုတာကို လိုက်ကြည့်ကြရအောင်နော်။

Star property unit type 1️⃣: B2(two-bedroom) —— သက်တောင့်သက်သာနဲ့ ခေတ်မီဆန်း သစ်တဲ့ ဘဝအတွက် အကောင်းဆုံးအစပြုမှု (817.73 sq ft)
-ဘယ်သူတွေအတွက်လဲ❓
လူငယ်စုံတွဲများ၊ single elite များနဲ့ ရင်းနှီးမြှုပ်နှံလိုသူများအတွက် အသင့်တော်ဆုံးပါ။
✔️အဓိကအားသာချက်များ
ကျယ်ဝန်းတဲ့ဧည့်ခန်းနဲ့ထမင်းစားခန်း၊သီးသန့်ဆန်တဲ့master bedroom၊လေဝင်လေထွက်ကောင်းပြီး အလင်းရောင်ကောင်းကောင်းရနိုင်ခြင်း။
ဘဝနေထိုင်မှု အရည်အသွေးကို မြှင့်တင်ချင်ပေမဲ့ နေရာကျဉ်းကြပ်မှုဒဏ်ကို မခံချင်တဲ့ လူကြီးမင်းတွေ အတွက် B2(two-bedroom)အခန်းကတော့ "သေးပေမဲ့ အရမ်းလှပြီး လက်ရာမြောက်တဲ့" စံပြ အခန်းပါပဲ။ နေထိုင်ရန်နေရာတစ်ခု သက်သက်မဟုတ်ဘဲ နွေးထွေးတဲ့ ခိုလှုံရာအိမ်လေး တစ်လုံးလည်းဖြစ်ပါ တယ်။
🛌စစ်မှန်တဲ့ "master suite နှစ်ခန်း" ဒီဇိုင်း
အိပ်ခန်း (၂) ခန်းပါသော အခန်းအများစုမှာ သင့်တင့်တဲ့ အိပ်ခန်းတစ်ခန်းပဲပါပြီး ကျွန်တော်တို့ B2(two-bedroom)အခန်းအမျိုးအစားကတော့ ဒီစည်းမျဉ်းကိုချိုးဖျက်ထားပါတယ်။ master bedroom မှာ သီးသန့် bathroom ပါဝင်တာကြောင့် လုံးဝသီးသန့်ဆန်မှုကို ပေးစွမ်းနိုင်ပါတယ်။ secondary bedroom ကလည်း အချိုးအစားကျနပြီး အလင်းရောင်ကောင်းကောင်းရရှိပါတယ်။ အခန်းနှစ်ခန်းက သီးသန့် ဆန်ပြီး အိမ်ရှင်+ကလေးခန်း ဒါမှမဟုတ် အိမ်ရှင်+စာကြည့်ခန်းအဖြစ် လွတ်လွတ်
လပ်လပ် စီစဉ်အသုံးပြုနိုင်ပါတယ်ခင်ဗျာ။

🛋️LDK (living room, dining room and kitchen) တစ်ဆက်တည်းဖြစ်တဲ့ပုံစံကြောင့် ပိုမိုကျယ်ဝန်းတဲ့ မြင်ကွင်းရရှိနိုင်ခြင်း
B2(two-bedroom) အခန်းထဲဝင်လိုက်တာနဲ့ သူ့ရဲ့ကျယ်ဝန်းမှုကို အံ့သြသွားပါလိမ့်မယ်။ living room, dining room နဲ့ kitchen သည်တစ်ဆက်တည်း ချိတ်ဆက်နေပါတယ်။ ဒီလို open space plan ကြောင့် လေဝင် လေထွက် ကောင်းမွန်စေရုံသာမက မျက်စိတစ်ဆုံး ကျယ်ဝန်းတဲ့ခံစားချက်ကိုပါပေးစွမ်းပါတယ်။ sofa ပေါ်ထိုင်ရင်း living room ကနေ balcony အထိ အတားအစီးမရှိဘဲ မြင်တွေ့နိုင်တာကြောင့် sqft 800 ကျော် အခန်းကို sqft 1,000လောက် ကျယ်ဝန်းသလို ခံစားရစေပါတယ်ခင်ဗျာ။

🏞️သာယာလှပတဲ့ balcony:
B2(two-bedroom) အခန်းရဲ့ balconyကို ကြည့်မယ်ဆိုရင်လည်း ဒီbalconyသည်အိမ်အတွင်းပိုင်းနဲ့ သဘာဝကို ချိတ်ဆက်ပေးတဲ့ တံတားတစ်စင်းပင်ဖြစ်ပါတယ်။ မနက်ခင်း ကော်ဖီတစ်ခွက်နဲ့ပဲဖြစ်ဖြစ်၊ ညဘက် အနားယူချိန်မှာဝိုင်လေးသောက်တာပဲဖြစ်ဖြစ် balconyကနေ ရှုခင်းကောင်းကောင်း ခံစားနိုင်ပြီး သဘာဝအလင်းရောင်ကိုလည်း အကောင်းဆုံးရရှိစေတာကြောင့် အခန်းတစ်ခန်းလုံး လင်းလက် တောက်ပနေစေပါတယ်နော်။

Star property unit type 2️⃣: B4(four-bedroom) —— လူဦးရေများလာသောမိသားစုအတွက် အကောင်းဆုံး ပြင်ဆင်ဖန်တီးထားပြီး အသုံးဝင်သောအခန်းအမျိုးအစား (1321.81 sq ft)
-ဘယ်သူတွေအတွက်လဲ❓❓
မျိုးဆက်သုံးဆက် (ဘိုးဘွား၊ မိဘ၊ သားသမီး) အတူနေထိုင်သူများ၊ ကလေး (၂) ယောက်နဲ့အထက် ရှိသောမိသားစုများနဲ့ အထူးသင့်လျော်ပြီး သက်တောင့်သက်သာရှိသောနေထိုင်မှုကို ရှာဖွေနေသူများ။
✔️အဓိက အားသာချက်များ
Master bedroom နှစ်ခန်းပါရှိခြင်း ၊အလွန်ကျယ်ဝန်းတဲ့ balcony နဲ့ maid roomပါဝင်ခြင်း
အကယ်၍ B2(two-bedroom) အခန်းကသေသပ်လှပမှုကို ကိုယ်စားပြုတယ်ဆိုရင် B4(four-bedroom) အခန်းသည် လက်တွေ့ကျကျနဲ့ "luxuryဆန်မှု" ကိုကိုယ်စားပြုပါတယ်။ အခန်းကဏ္ဍ အပိုင်းအခြားကို မျှတအောင် အတိအကျ စီစဉ်ပေး ထားပြီး လူဦးရေများတဲ့မိသားစုတွေရဲ့ "သီးသန့်နေနိုင်ရန်နဲ့ အတူတူပျော်ပျော်ပါးပါး နေနိုင်ရန်" စတဲ့လိုအပ်ချက်နှစ်မျိုးလုံးကို အပြည့်အဝဖြည့်ဆည်းပေးနိုင်ပါတယ်။

🛌ဟိုတယ်စတိုင် master bedroom နှစ်ခန်းပါရှိခြင်း
ဒီအားသာချက်က B4(four-bedroom) အခန်းရဲ့ အဓိကလက်နက်ပဲဖြစ်ပါတယ်။ ဈေးကွက်ထဲမှာရှိတဲ့ အိပ်ခန်း (၄) ခန်းပါ၀င်တဲ့အခန်းအများစုမှာ master bedroom တစ်ခန်းတည်းပါ၀င်ပြီး ကျွန်တော်တို့ B4 (four-bedroom) အခန်းအမျိုးအစားမှာတော့ သီးသန့်bathroomပါတဲ့ master bedroom (2) ခန်း ပါဝင်ပါတယ်။

🛋️ဘာကြောင့်ဒီလိုဖွဲ့စည်းပေးထားတာလဲ? မိဘအခန်းနဲ့ သားသမီး/အခန်းတို့သည် တန်းတူညီမျှတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်တယ်ဆိုတာကိုဖော်ပြပြီး လူကြီးမိဘတွေ ညဘက်အိပ်ရာ ထတဲ့အခါ အခန်းအပြင်ထွက်စရာမလိုတော့ဘဲ လူငယ်တွေလည်း လုံးဝသီးသန့်လွတ်လပ်ခွင့် ရရှိမှာဖြစ်လို့ မျိုးဆက်သုံးဆက်လုံးအတူနေထိုင်ရာမှာဖြစ်တတ်တဲ့ အဆင်မပြေမှုတွေကို လုံးဝဖြေရှင်းပေးနိုင်ပါတယ်။

🏞️ရင်သပ်ရှုမောဖွယ်ရှုခင်းကိုခံစားစေမည့် balcony
Living room နဲ့ secondary bedroomကို ချိတ်ဆက်ပေးထားတဲ့ အလွန်ရှည်လျားတဲ့ balcony သည် အလင်းရောင်ကောင်းကောင်းရစေရုံသာမက မိသားစုတွေစုဝေးပျော်ရွှင်ကြတဲ့ secondary living room တစ်ခုလည်းဖြစ်ပါတယ်။ ဒီကျယ်ဝန်းတဲ့balconyမှာ စားပွဲရှည်တစ်လုံး (သို့) အနားယူစရာ ကုလားထိုင်လေးတွေထားရှိပြီး မြို့ပြရှုခင်းကိုခံစားရင်း ကလေးတွေလုံခြုံမှုရှိတဲ့ဧရိယာမှာ ကစားနေတာ ကို ကြည့်ရှုနိုင်ပါတယ်။ ဒီလိုရှုခင်းမြင်ကွင်းမျိုးကို သာမန်အခန်းတွေက ယှဉ်လို့တော့ရနိုင်မှာ မဟုတ်ဘူး နော်။

✔️သီးသန့် maid room နဲ့ storage roomပါ၀င်ခြင်း
sqft 1300 ကျော်ကျယ်ဝန်းတဲ့ ဧရိယာမှာ ဒီဇိုင်နာက maid room (သို့) storage room ကို အထူးဖန်တီးပေးထားပါတယ်။ အိမ်အကူနေထိုင်ဖို့ အဆင်ပြေစေပြီး အိမ်ရှင်တွေရဲ့ သီးသန့်လွတ်လပ်မှု ကိုလည်း အာမခံချက်ပေးထားပါတယ်။ ဒါ့အပြင် အဝတ်အစားလဲခန်း၊ storage room ဒါမှမဟုတ် ခင်ပွန်းသည်အတွက် ဂိမ်းကစားခန်း/စာကြည့်ခန်း အဖြစ်ပါပြောင်းလဲအသုံးပြုနိုင်လို့ အထူးအသုံးဝင်စေ ပါတယ်ခင်ဗျာ။

✔️လှုပ်ရှားမှုနဲ့ အနားယူမှုဧရိယာ ပိုင်းခြားထားခြင်း
B4(four-bedroom) အခန်းရဲ့ဖွဲ့စည်းပုံက အလွန်စနစ်ကျပါတယ်ခင်ဗျာ။ အိမ်ထဲဝင်လိုက်တာနဲ့ ကျယ်ဝန်းတဲ့ လူမှုဆက်ဆံ ရေးအတွက် ကျယ်ဝန်းတဲ့living room နဲ့ dining roomကို တွေ့ရပြီး အိပ်ခန်းတွေကိုတော့ နှစ်ဖက်မှာ သပ်သပ်စီခွဲထုတ်ပေးထားပါတယ်။ ဒီလိုဖန်တီးထားခြင်းသည် မိသားစု စုဝေးပျော်ရွှင်ချိန်မှာ စည်ကားနေစေသလို၊ အနားယူချိန်မှာလည်း ငြိမ်သက်အေးချမ်းမှုကို ပေးစွမ်းနိုင်ပါတယ်ခင်ဗျာ။

🧑🏻‍💻အခြားသော ရွေးချယ်စရာ အခန်းအမျိုးအစားများ
B2 နဲ့ B4 အခန်းအမျိုးအစားက ဒီတစ်ခေါက်ကျွန်တော်တို့ရဲ့ အဓိကrecommendပေးချင်တဲ့ အခန်းတွေဖြစ်ပေမဲ့ Union City ရဲ့ အခြားအခန်းအမျိုးအစားတွေလည်း မိသားစုလိုအပ်ချက်နဲ့ ကိုက်ညီမှုရှိပြီး ရွေးချယ်သူလူကြီးမင်းများအတွက် စိတ်တိုင်းကျစေပါတယ်ခင်ဗျာ။

3️⃣B3 ခေါ် three-bedroom (1036.57 sq ft) —— ပျော်ရွှင်စရာမိသားစုအတွက် မျှတတဲ့ရွေးချယ်မှု
Maid room (သို့မဟုတ်) storage room ပါဝင်တာကြောင့် three-bedroom အခန်းအတွက် အလွန်ရှားပါးပြီး တန်ဖိုးရှိလှပါတယ်။ balcony ကျယ်ကြီးက living room နဲ့ တစ်ဆက်တည်းဖြစ်ပြီး လေဝင်လေထွက်နဲ့ အလင်းရောင် အလွန်ကောင်းမွန်စေပါတယ်။ ပစ္စည်းတွေအများကြီး သိမ်းချင်သူ တွေ(သို့)တစ်ခါတလေ အိမ်အကူလိုတဲ့ မိသားစုတွေအတွက် တန်ဖိုးအရှိဆုံးနဲ့အသုံးဝင်ဆုံး အခန်း အမျိုးအစားဖြစ်ပါတယ်။

4️⃣B5 ခေါ် five-bedroom (1747.84 sqft) —— ကိုယ့်ရဲ့မျိုးဆက်ကို လက်ဆင့်ကမ်းနိုင်မည့် ဇိမ်ခံ အိမ်ကြီး
B5အခန်းက မိသားစုကြီးတွေအတွက် အထူးဖန်တီးထားတဲ့ ဂန္ထဝင်မြောက် အခန်းကြီးဖြစ်ပါတယ်။ 270 ဒီဂရီပတ်လည် balcony ပါရှိတဲ့အတွက် sky villa တစ်လုံးလိုခံစားရပါမယ်ခင်ဗျာ။ အိပ်ခန်း (5) ခန်းပါဝင်ပြီး အိမ်ထဲဝင်ဝင်ချင်း ခမ်းနားတဲ့ခံစားချက်ကိုခံစားနိုင်ပြီး master bedroomမှာလည်း အဝတ်အစားလဲခန်းပါဝင်တာကြောင့် တကယ့်တိတ်ဆိတ်ခမ်းနားတဲ့ နေထိုင်မှုစံနှုန်းကို ဖော်ညွှန်း ပေးပါတယ်ခင်ဗျာ။

🧑🏻‍💻အကြံပြုချက်-
-အကယ်၍လူကြီးမင်းသည် ပထမဆုံးအကြိမ် အိမ်ခန်းဝယ်ယူသူ(သို့)ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး တန်ဖိုး သင့်ပြီး ထိန်းသိမ်းရလွယ်ကူတဲ့ အခန်းအမျိုးအစားကို ရှာနေတယ်ဆိုရင် B2(two-bedroom) အခန်းအမျိုုးအစား ကတော့ မျက်စိမှိတ်ပြီး ဝယ်လို့ရတဲ့ ရွေးချယ်မှုတစ်ခုပါပဲ။ ၄င်းအခန်းရဲ့ စတုရန်းပေတိုင်းကို အကျိုးရှိဆုံး အသုံးချပေးထားပါတယ်ခင်ဗျာ။
ထို့ပြင် လူကြီးမင်းသည် မိသားစုနဲ့အတူ အိမ်အသစ်ပြောင်းချင်သူ၊ အိမ်မှာမိဘနဲ့ ကလေးငယ်တွေရှိသူ (သို့) သီးသန့်နေထိုင်မှုကို အထူးဦးစားပေးသူဖြစ်ပါက B4(four-bedroom) အခန်းအမျိုးအစား ရဲ့ "master bedroom (2)ခန်း + balcony ကျယ် + maid room"များရဲ့ပေါင်းစပ်မှုက လူကြီးမင်း အတွက် တစ်ခါတည်းနဲ့ စိတ်တိုင်းကျစေမယ့် ဇိမ်ခံအိမ်ကြီးရဲ့အတွေ့အကြုံကို ပေးစွမ်းနိုင်မှာဖြစ်ပါ တယ်ခင်ဗျာ။
လူကြီးမင်းနဲ့ လူကြီးမင်းမိသားစုသည် လုံးချင်းအိမ်မှ Union City ရဲ့ ကြီးမားတဲ့ လူနေမှုအသိုက်အဝန်း သို့ပြောင်းရွှေ့ နေထိုင်ခြင်းသည် နေထိုင်မှုဘဝအရည်အသွေးကို လျှော့ချလိုက်တာမဟုတ်ဘဲ ပိုမို ခမ်းနားတဲ့ နေထိုင်မှုဘဝသစ်ကို စတင်ခြင်းလိုက်ခြင်းပဲဖြစ်ပါတယ်ခင်ဗျာ။

❗️Union City ရဲ့ လူကြိုက်များတဲ့ အခန်းတွေဖြစ်တဲ့ ရွှေတိဂုံဘုရားviewအခန်းနဲ့ပြည်သူ့ရင်ပြင်view အခန်းတွေကအရေအတွက်အကန့်သတ်ရှိပြီး garden view အခန်းစတဲ့နေရာကောင်း အခန်းကောင်း များသည်လည်း လျော့နည်းလာပြီဖြစ်ပါတယ်ခင်ဗျာ။

✨ဒါကြောင့် B2 ရဲ့ နွေးထွေးမှုနဲ့ B4 ရဲ့ ရင်သပ်ရှုမော ဖွယ်ခံစားချက်ကို လူကြီးမင်းကိုယ်တိုင် လာရောက်ခံစားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။
📍Address- No.74, Corner of Pyay Road and Pyidaungzu Yeiktha Street, Pyidaungzu Yeiktha Compound, Dagon Township, Yangon
📞VIP hotline
09 944 688888
09 944 788888






ကိန်းဂဏန်းတွေကြောင့်အလိမ်မခံနဲ့တော့နော်❗️❗️🛋️Union City ရဲ့ B2 (two-bedroom) အခန်းက "အိပ်ခန်းနှစ်ခန်းပါ" ဆိုတဲ့အဓိပ္ပာယ်...
19/10/2026

ကိန်းဂဏန်းတွေကြောင့်အလိမ်မခံနဲ့တော့နော်❗️❗️
🛋️Union City ရဲ့ B2 (two-bedroom) အခန်းက "အိပ်ခန်းနှစ်ခန်းပါ" ဆိုတဲ့အဓိပ္ပာယ်ထက် အများကြီးပိုပါတယ်။ B2 (two-bedroom) အခန်းသည် လူနေမှုဘဝကို နားလည်တဲ့လူကြီးမင်းတို့အတွက် သီးသန့်ဖန်တီးထားတဲ့ "ပြီးပြည့်စုံတဲ့ နေရာလေး" တစ်ခုဖြစ်ပါတယ်ခင်ဗျာ။

1️⃣ကြပ်တည်းမှုကို ငြင်းဆန်ပြီး master bedroom လည်း suite အခန်းလိုဇိမ်ကျနေစေရမယ်
ကျစ်ကျစ်လစ်လစ်ဖွဲ့စည်းထားတဲ့ two-bedroom အခန်းအများစုသည် နေရာလွတ်ပိုရရန် အတွက် master bedroom ရဲ့သက်တောင့်သက်သာရှိမှုကို လျှော့ချတတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ Union City မှာရှိတဲ့ B2 အခန်းရဲ့ master bedroom ကိုတော့ " master suite" စံနှုန်းအတိုင်း အပြည့်အဝဖန်တီးပေးထားတဲ့အပြင် ကိုယ်ပိုင်bathroom တွဲလျက်ပါဝင်ပြီး အခန်းတံခါး ပိတ်လိုက်တာနဲ့ လူကြီးမင်းအတွက် သီးသန့်ကမ္ဘာငယ်လေး ဖြစ်သွားပါပြီနော်။

2️⃣LDK (living room, dining room and kitchen) တစ်ဆက်တည်းဖွဲ့စည်းထားသောကြောင့် လူကြီးမင်းရဲ့အိမ်ကို "လူမှုဆက်ဆံရေးအတွက်နေရာ" တစ်ခုအဖြစ်ပြောင်းလဲလိုက်ပါ။အခန်းတံခါးဖွင့်လိုက်တာနဲ့ living room ကနေ balcony အထိ မြင်ကွင်းရှင်းနေပြီး လျှေက်လမ်း အတွက် ဧရိယာဖြုန်းတီးထားခြင်းလည်းလုံးဝမရှိပါဘူး။ living room, dining room နဲ့kitchenတို့ တစ်ဆက်တည်းဖြစ်နေတဲ့အတွက် လူကြီးမင်းတို့၏မိတ်ဆွေများ အိမ်ကိုအလည်လာတဲ့အခါမှာ လူကြီးမင်းထမင်းဟင်းချက်ရင်းနဲ့လည်း လူကြီးမင်းတို့၏ မိတ်ဆွေနဲ့အလွယ်တကူ စကားပြောရင်း ရယ်မောပျော်ရွှင်နိုင်ပါတယ်ခင်ဗျာ။ ဒီလိုပွင့်လင်းတဲ့ဖွဲ့စည်းပုံမြင်ကွင်းကြောင့် sqft 800ကျော်ရှိတဲ့ အခန်းလေးကို sqft 1000 လောက်ကျယ်ဝန်းတဲ့ ခံစားချက်မျိုးကို ပေးစွမ်းနိုင်ပါတယ်။

3️⃣Balconyသည် အဝတ်လှန်းဖို့အတွက်သက်သက်မဟုတ်ပဲ "secondary living room " တစ်ခုလည်း ဖြစ်ပါတယ်။B2(two-bedroom)အခန်းရဲ့balcony မှာ နှစ်ယောက်ထိုင်ဆိုဖာလေးနဲ့ coffee table တစ်လုံးဆံ့တဲ့အတွက် weekendတွင်အိမ်မှာနေရင်း camping ကုလားထိုင်ခင်းပြီး နေပူဆာလှုံလို့ရသလို၊ ညဘက် ရောက်ရင်လည်း မီးလုံးလေးတွေချိတ်ပြီး ဝိုင်လေးသောက်လို့ရသေးတယ်နော်။ လူကြီးမင်းရဲ့ ကိုယ်ပိုင် sky garden တစ်ခုလိုပါပဲ။ အလင်းရောင်ရဖို့ကလည်းစိတ်ပူစရာမလိုဘူးနော်။နေရောင်ခြည်က dining roomထဲအထိတိုက်ရိုက်ထိုးဝင်တာကြောင့် တစ်အိမ်လုံး လင်းလက်တောက်ပနေမှာဖြစ်ပါတယ်။

4️⃣ရင်းနှီးမြှုပ်နှံမှုလုပ်ရန်နဲ့ ကိုယ်တိုင်နေထိုင်ရန်အတွက် အထူးသင့်လျော်ပြီး အရောင်းအဝယ်အ လွန်သွက်စေမည့် အခန်းအမျိုးအစားရင်းနှီးမြှုပ်နှံရှင်များအတွက် B2(two-bedroom) အခန်းသည် ခိုင်မာတဲ့ "ငွေသားအလွယ်တကူ ပြောင်းလဲပေးနိုင်သော ပစ္စည်း"တစ်ခုပါပဲ။ အိပ်ခန်းနှစ်ခန်းပါသောအခန်းမျိုးသည် အငှားဈေးကွက်မှာ အလိုအရှိဆုံး အမျိုးအစားဖြစ်ပြီး လူငယ်စုံတွဲတွေပဲဖြစ်ဖြစ်၊ တစ်ကိုယ်တော် Elite တွေပဲဖြစ်ဖြစ် အလုအယက် ငှားရမ်း နေထိုင်ကြတာကိုမြင်တွေ့ရပါတယ်။ ဒီ
လို"bathroom2ခန်း+balcony အကျယ်" ပေါင်းစပ်ထားသော ရှားပါးအခန်းမျိုးသည် resale ဈေးကွက်မှာလည်း ဈေးပိုရစေမည့် အခန်းမျိုးဖြစ်သလို ရွေးချယ်ရန်အတွက် စိတ်အချရဆုံးလည်းဖြစ်ပါတယ်ခင်ဗျာ။

✨✨B2(two-bedroom) အခန်းကို ရွေးချယ်ခြင်းသည် လူကြီးမင်းတို့၏နေ့စဉ်ဘဝကို ပိုမိုသေသပ်လှပတဲ့ ဘဝသစ်တစ်ခုရဲ့ အစပဲဖြစ်ပါတယ်ခင်ဗျာ။

📍Address- No.74, Corner of Pyay Road and Pyidaungzu Yeiktha Street, Pyidaungzu Yeiktha Compound, Dagon Township, Yangon
📞VIP hotline
09 944 688888
09 944 788888






08/10/2026

📢 သိန်း (၉,၀၀၀) ကျပ်မှ စတင်ပြီး အကြာဆုံးလ (၆၀) အထိ အတိုးမဲ့အရစ်ကျစနစ်ဖြင့် ရန်ကုန်မြို့ရဲ့ အချက်အချာကျဆုံးသံရုံးများစုဝေးရာနေရာရှိ အဆင့်မြင့် ကြီးမားကျယ်ဝန်းသော လူနေအသိုက်အဝန်းအတွင်းရှိ Luxury Condo ကိုပိုင်ဆိုင်လို့ရနေပြီနော်……..

✨Union City သည် ရန်ကုန်မြို့၏ သံရုံးများစုဝေးရာနေရာတွင်တည်ရှိပြီး မြေဧကစုစုပေါင်း(22)ဧကကျယ်ဝန်းကာ အမှန်တကယ် အဆင့်မြင့်သောလူနေမှု အသိုက်အဝန်းတစ်ခုဖြစ်ပါတယ်။ ဤနေရာမှာရှိသော အခန်းတစ်ခန်းချင်းစီကို Fully Decorated ဖြင့်အပ်နှံသွားမှာဖြစ်ပြီး အသေးစိတ်အချက်အလက်မှစပြီး အရည်အသွေးနဲ့ ဂုဏ်ဒြပ်ကို ပုံဖော်ပြသထားပါတယ်။
လူကြီးမင်းများ၏ နေ့စဉ်ဘဝကို အနှောက်အယှက်ကင်းပြီး စိတ်ချမ်းမြေ့စေရန်အတွက် ကမ္ဘာကျော်အမှတ်တံဆိပ် မြန်နှုန်းမြင့်ဓါတ်လှေကားများ၊ community အတွင်းတွင်နေထိုင်သော လူကြီးများ၏ တန်ဖိုးရှိသောကားများကို ရပ်နားရန်လိုအပ်ချက် အပြည့်အဝဖြည့်ဆည်းပေးနိုင်သော မြေအောက်ကားပါကင်အစီးရေ(4,000)ရှိပြီး စွမ်းအားမြင့် မီးစက်ခန်း(16)နေရာကိုလည်း ထားရှိပေးသွားမှာဖြစ်ပါတယ်။

✨ထို့အပြင် အခန်းပေါင်း (2,465)တွင်နေထိုင်သော မိသားစုများအတွက် ကျန်းမာရေးနဲ့ ညီညွတ်ပြီး တက်ကြွလန်းဆန်းကာ သဘာဝဆန်ဆန်လူနေမှုဘဝကို ပေးစွမ်းနိုင်ရန် စတုရန်းပေ(450,000)ကျယ်ဝန်းသော အလွန်ကြီးမားသည့် ဥယျာဉ်ပန်းခြံ၊ community တစ်ခုလုံးကို ၀န်းရံထားသော ပေ(800)ရှည်လျားတဲ့ အားကစားပြေးလမ်း၊ စတုရန်းပေ(3,000)ကျယ်ဝန်းသော gym နဲ့ စတုရန်းပေ(10,000)ကျယ်ဝန်းသော ရေကူးကန်ကို ဖန်တီးပေးထားပါတယ်ခင်ဗျာ။ ဒီနေရာမှာ အသက်ရှူလိုက်တိုင်း လန်းဆန်းစေပြီး ခြေလှမ်းတိုင်းမှာလည်း အားအင်ပြည့်နှက်စေမှာပါခင်ဗျာ။

✨လုံခြုံရေးသည် အိမ်တစ်အိမ်၏ ပထမဦးဆုံးကာကွယ်ရေးမျဉ်းဖြစ်ပါတယ်။Union City သည် အဝင်အထွက်ကို တင်းကြပ်စွာ စီမံခန့်ခွဲထားသည့် closed type community စနစ်အပြင် အထူးလုံခြုံရေးအတွက် 24နာရီလုံခြုံရေးဝန်ထမ်းများ ကင်းလှည့်မှုနဲ့အတူ blind-spot-free infrared surveillance စနစ်လည်းကျင့်သုံးသွားမှာ ဖြစ်ပါတယ်။ ထို့အပြင် ရေ၊မီးနဲ့သန့်ရှင်းရေးဝန်ထမ်းများ အချိန်ပြည့်တာဝန်ထမ်းဆောင် နေမှာဖြစ်တဲ့အတွက် community တစ်ခုလုံး၏ သန့်ရှင်းရေးနဲ့လုံခြုံရေးကို အပြည့်အဝတာဝန်ယူစောင့်ရှောက်ပေးသွားမှာဖြစ်ပါတယ်။စည်ကားသိုက်မြိုက်သော commercial center နဲ့ လူနေအသိုင်းအဝန်းကို ခွဲခြားထားတဲ့အတွက် လူကြီးမင်းနဲ့လူကြီးမင်းမိသားစု သည် community အတွင်းသို့ခြေချ လိုက်တာနဲ့ ပြင်ပ၏ ဆူညံသံနဲ့ ပင်ပန်းနွမ်းနယ်မှုများ တဖြည်းဖြည်းပျောက်ကွယ်သွား မှာဖြစ်ပြီး စိတ်နှလုံးသား၏အေးချမ်းမှုနဲ့ပျော်ရွှင်မှုတို့ အစားထိုးဝင်ရောက်လာမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။

✨ဒါ့အပြင်Union City ၏ဂုဏ်ဒြပ်သည် နေထိုင်မှုသက်သက်ဖြင့်သာ ရပ်တန့်မနေပါဘူးခင်ဗျာ။ ကြီးမားသောရင်းနှီးမြှုပ်နှံမှုဖြင့်တည်ဆောက်သွားမည့် စတုရန်းပေ1သန်းကျယ်ဝန်းသော ကိုယ်ပိုင်စီမံခန့်ခွဲသွားမည့် commercial center တွင် အဆင့်မြင့်shopping mall၊ ရုပ်ရှင်ရုံ၊ အင်တာနေရှင်နယ်ဟိုတယ်၊ ကြီးမားကျယ်ဝန်းသော Banquet Hall ၊ နိုင်ငံတကာအသိမှတ်ပြုသင်တန်းကျောင်းများ၊ နာမည်ကြီး အနောက်တိုင်း နဲ့အရှေ့တိုင်းစားသောက်ဆိုင်များအစရှိတဲ့ အဆင့်မြင့်ဖျော်ဖြေရေးနဲ့ စီးပွားရေးပေါင်းစပ်ထားပြီး 24/7 premium commercial hub ကို ဖန်တီးသွားမည်ဖြစ်ပါတယ်။ ဤနေရာသည် ရန်ကုန်မြို့၏ စီးပွားရေးအထင်ကရနေ ရာအသစ်တစ်ခုသာမက မြန်မာတစ်နိုင်ငံလုံး၏ အသက်အရွယ်မရွေး လူကြီးမင်းများ အတွက် အဆင့်မြင့်ဘဝဖော်ဆောင်ပေးသွားမည့် အဓိကနေရာလည်းဖြစ်ပါတယ်။

✨Union City သည် နေထိုင်ရာနေရာတစ်ခုသာမက မိသားစုဂုဏ်သိက္ခာကို ဖော်ဆောင်ပေးနိုင်သွားမည့် ပြတင်းပေါက်တစ်ချက်လည်းဖြစ်ပါတယ်ခင်ဗျာ။ ဒီနေရာမှာ လူကြီးမင်းတို့၏ကလေးသည် နိုင်ငံတကာအဆင့်မီပညာရေးကိုသင်ယူနိုင်ပြီး လူကြီးမင်းတို့၏မိဘများလည်း အရည်အသွေးမြင့်သော နေထိုင်မှုဘဝကိုခံစားနိုင်ပြီး လူကြီးမင်းအနေနဲ့ စည်ကားသိုက်မြိုက်မှုနဲ့ တိတ်ဆိပ်
အေးချမ်းမှုတို့ကြားမှာလွတ်လပ်စွာ ပြောင်းလဲနေထိုင်နိုင်ပြီး ဘဝရဲ့အခိုက်အတန့်တိုင်းမှာ နွေးထွေးလုံခြုံမှုနဲ့ဂုဏ်ယူ ၀င့်ကြွားမှုကိုခံစားရမှာဖြစ်ပါတယ်။
Union City သည်တောက်ပတဲ့မြို့ပြရဲ့သင်္ကေတတစ်ခုဖြစ်သလို မိသားစုတစ်စုရဲ့ ဂုဏ်ကျက်သရေလည်းဖြစ်ပါတယ်။

📍Address- No.74, Corner of Pyay Road and Pyidaungzu Yeiktha Street, Pyidaungzu Yeiktha Compound, Dagon Township, Yangon
📞VIP hotline
09 944 688888
09 944 788888

🏠လုံးချင်းအိမ်မှ ရန်ကုန်မြို့၏ရှားပါးလှပြီးပုံတူမရှိသော လူနေမှုအသိုက်အဝန်းကြီးဖြစ်တဲ့Union City သို့ - နေ့စဉ်ဘဝရဲ့နေထိုင...
08/10/2026

🏠လုံးချင်းအိမ်မှ ရန်ကုန်မြို့၏ရှားပါးလှပြီးပုံတူမရှိသော လူနေမှုအသိုက်အဝန်းကြီးဖြစ်တဲ့Union City သို့ - နေ့စဉ်ဘဝရဲ့နေထိုင်မှုအရည်အသွေး "မြှင့်တင်ခြင်း" တစ်ရပ်
✨ရန်ကုန်မြို့တွင်နေထိုင်သော ကျွန်တော်တို့သည် "ကောင်းမွန်တဲ့အိမ်"နဲ့ပတ်သက်ပြီး စိတ်ကူးပုံဖော်ချက်များသည် ပြောင်းလဲခံနေရပါပြီ။ အရင်တုန်းကဆိုရင် ကျွန်တော်တို့အများစုသည် လုံးချင်းအိမ်ကို နေထိုင်ဖို့အတွက် အကောင်းဆုံးအိမ်အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။တစ်မိုး တစ်မြေပေါ် တွင်ရှိပြီး သီးသန့်ကိုယ်ပိုင်ခြံဖြစ်တဲ့အတွက် နေရာလွတ်ပိုမိုပိုင်ဆိုင်လေလေအရည်အသွေးပိုမိုမြင့်မား လေဆိုပြီးထင်မြင်ခဲ့ကြပါတယ်ခင်ဗျာ။ သို့သော် မြို့ပြအဆက်မပြတ် ချဲ့ကားလာပြီး လူနေမှုဘဝ အရှိန်အဟုန်လည်းမြန်ဆန်လာတဲ့အတွက် မိသားစု၏ လိုအပ်ချက်များ မြင့်မားလာသောအခါ လူအများ စုသတိထားမိလာတာကတော့ နေထိုင်မှုအရည်အသွေးကို အမှန်တကယ် ဆုံးဖြတ်ပေးတာက အိမ်တစ်အိမ်ရဲ့ "ပုံစံ"မဟုတ်တော့ဘဲ အိမ်တစ်အိမ်ရဲ့နောက်ကွယ်မှာရှိတဲဲ့ "ဂေဟစနစ်နဲ့ ပတ်ဝန်းကျင်" ပဲဖြစ်ပါတယ်ခင်ဗျာ။
✨နေထိုင်မှုပုံစံအသစ်တစ်မျိုးရွေးချယ်ခြင်းသည် ခေတ်ရေစီးကြောင်းဖြစ်လာနေပါပြီ။ ဒါကြာင့် လုံးချင်းအိမ်မှ ရန်ကုန်မြို့၏ ရှားပါးပြီးပုံတူမရှိသော ကြီးမားကျယ်ဝန်းသော လူနေမှုအသိုက်အဝန်းသို့ ပြောင်းရွှေ့နေထိုင်ခြင်းသည် "အဆင့်အတန်းကျဆင်းခြင်း" မဟုတ်ဘဲ ဘဝအရည်အသွေးကို ဘက်စုံမှ မြှင့်တင်လိုက်ခြင်းပဲဖြစ်ပါတယ်။

1️⃣အစားထိုး၍မရတဲ့တည်နေရာ - အချိန်ကုန်
သက်သာစေပြီး နေ့စဉ်ဘဝကို ပိုမိုလွယ်ကူစေခြင်း
လုံးချင်းအိမ်တွေက မြို့စွန်(သို့မဟုတ်)မြို့သစ်စီမံကိန်းဧရိယာများတွင်တည်ရှိပြီး တိတ်ဆိတ်ပေမဲ့ သွားရေးလာရေး အချိန်ပိုကုန်စေပြီး၊ facility ပိုမိုနည်းပါးခြင်းနဲ့နေ့စဉ်ဘဝအဆင်ပြေချောမွေ့မှု တွင်လည်း ပိုမိုအားနည်းစေပါတယ်။ သို့သော်Union Cityသည် မြို့တစ်မြို့ရဲ့အဓိကဗဟိုနေရာမှာ တည်ရှိပြီး ပြီးပြည့်စုံတဲ့သွားလာရေးကွန်ရက်၊ commercial facility များနဲ့ public ၀န်ဆောင်မှုတွေကို ပိုင်ဆိုင်ထားပါတယ်။
ဒါကြောင့် Union Cityမှာနေထိုင်ခြင်းအားဖြင့်
✔️ရုံးသွားရုံးပြန် အချိန်များစွာသက်သာစေပြီး၊ မနက်/ည ရုံးဆင်းရုံးတက်ကားလမ်းပိတ်ချိန်တွေရဲ့ ပင်ပန်းနွမ်းနယ်မှုကိုကင်းဝေးစေပါတယ်။
✔️ကလေးကျောင်းသွားဖို့၊ လူကြီးတွေဆေးရုံပြဖို့နဲ့ မိသားစုအတွက်လိုအပ်တာတွေဝယ်ယူဖို့အတွက် လမ်းလျှောက် (သို့မဟုတ်) ခဏလောက် ကားမောင်းရုံနဲ့ အလွယ်တကူ ရောက်ရှိနိုင်ပါတယ်။
✔️အားလပ်ရက်တွေမှာ မြို့ထဲကိုအထူးတလည် သွားစရာမလိုဘဲ community အတွင်းနဲ့ အနီးအနား မှာတင် အရည်အသွေးမြင့်သောစားသောက်ဆိုင်တွေ၊ ရုပ်ရှင်ရုံတွေ၊ super marketတွေနဲ့ အပန်းဖြေ စရာနေရာတွေကို အလွယ်တကူသွားရောက်နိုင်ပါတယ်။
တည်နေရာရဲ့ တန်ဖိုးဆိုတာ ဈေးနှုန်းကပ်ထားတဲ့တံဆိပ်တစ်ခုမဟုတ်ပါဘူး။ နေ့စဉ်သက်သာသွားတဲ့ အချိန်နဲ့ လူအင်အားတွေပဲဖြစ်ပါတယ်။ ဒီလိုမမြင်နိုင်တဲ့အချိန်နဲ့ ပင်ပန်းမှုတွေကမှ လူကြီးမင်းဘဝရဲ့ တကယ့် အရည်အသွေးအစစ်အမှန်ကို ဖော်ပြနေတာပဲဖြစ်ပါတယ်။

2️⃣ "မိမိကိုယ်တိုင်လုပ်ကိုင်ရခြင်း" မှ "professional ဝန်ဆောင်မှုရယူခြင်း" သို့ပြောင်းလဲပြီး ပိုမိုသက်တောင့်သက်သာရှိတဲ့ ဘဝပိုင်ဆိုင်နိုင်ခြင်း
လုံးချင်းအိမ်မှာနေရတာ လွတ်လပ်တယ်လို့ထင်ရပေမဲ့ တကယ်တမ်းမှာတော့ တာဝန်ကြီးလွန်း ပါတယ်ခင်ဗျာ။ ခြံဝန်းရှင်းလင်းခြင်း၊ အိမ်နံရံပြုပြင်ထိန်းသိမ်းခြင်း၊ ရေလိုင်းမီးလိုင်းပြုပြင်ခြင်းနဲ့လုံခြုံရေး ကြည့်ကြပ်ခြင်း... အစရှိတဲ့ အလုပ်တစ်ခုချင်းစီတိုင်းအတွက် အိမ်ပိုင်ရှင်ကိုယ်တိုင် (သို့မဟုတ်) အခကြေးငွေပေးပြီး လူငှားလုပ်ကိုင်ရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အိမ်ဆိုတာ အပန်းဖြေစရာ နေရာမဟုတ်တော့ဘဲ အမြဲတမ်းငွေကြေးနဲ့ အချိန်ကုန်နေရတဲ့ "လုပ်ငန်းခွင်တစ်ခု" လိုဖြစ်လာပါတယ်။
ဒါပေမဲ့ ကြီးမားကျယ်ဝန်းသောလူနေမှုအသိုက်အဝန်းဖြစ်တဲ့ Union City မှာတော့ စနစ်တကျ၊ professional ဆန်ပြီး ၂၄နာရီပတ်လုံး ပြည့်စုံတဲ့ property management ဝန်ဆောင်မှုတွေကို ပေးအပ်သွားမှာဖြစ်ပါတယ်။
✔️၂၄နာရီလုံခြုံရေးနဲ့ Smart Card Access စနစ်ဖြစ်သောကြောင့် မိသားစုရဲ့ လုံခြုံရေးကိုပိုမို စိတ်ချရခြင်း။
✔️public area များကိုလည်း ပုံမှန်သန့်ရှင်းရေးလုပ်ပေးပြီး ဥယျာဉ်ပန်းခြံကိုလည်း စနစ်တကျ ထိန်းသိမ်း ပေးတာကြောင့် မိမိနေထိုင်သောပတ်ဝန်းကျင်က အမြဲတမ်းသန့်ရှင်းပြီးစိမ်းလန်းနေခြင်း။
✔️အိမ်တွင်းပစ္စည်းများပျက်စီးပါက အမြန်ဆုံးလာရောက်ပြုပြင်ပေးသဖြင့် မိမိကိုယ်တိုင်ပြုပြင်ရန်လူ ခေါ်ရခြင်း၊ ဈေးနှုန်းနှိုင်းယှဉ်ခြင်းနဲ့ စောင့်ကြည့်ခြင်းများလုပ်ရန်မလိုအပ်ခြင်း။
✔️community အတွင်း လူမှုရေးအစီအစဉ်များ၊ ပါဆယ်ထုပ် လက်ခံပေးခြင်း၊ အိမ်အကူအိမ်သန့်ရှင်းရေး ချိတ်ဆက်ပေးခြင်းစတဲ့ ဝန်ဆောင်မှုတွေကြောင့် လူကြီးမင်းတို့၏နေ့စဉ်ဘဝကို ပိုမိုပေါ့ပါးလွယ်ကူ စေခြင်း။
အရာရာကို လူကြီးမင်းတို့ကိုယ်တိုင်လုပ်ဆောင်ရခြင်း မှ လူကြီးမင်းတို့အတွက် အရာရာကို တာဝန်ယူ လုပ်ဆောင်ပေးမယ့်သူ အမြဲရှိနေခြင်းသို့ပြောင်းလဲလာခြင်းဟာ မှီခိုအားထားရတာမျိုး မဟုတ်ဘဲ စစ်မှန်တဲ့လွတ်လပ်မှုကို ရရှိစေပြီး အချိန်တွေကို လူကြီးမင်းတို့၏နေ့စဉ်ဘ၀ထံပြန်လည်ပေးအပ်ပြီး စွမ်းအင်တွေကို လူကြီးမင်းနဲ့ မိသားစုအတွက်သာ အသုံးချလိုက်ပါခင်ဗျာ။

3️⃣နေ့စဉ်ဘဝနဲ့ facility များသည် တစ်ထပ်တည်းဖြစ်နေတဲ့အတွက် အဝေးကြီးသွားစရာမလိုအပ်ခြင်း
လုံးချင်းအိမ်တွေမှာ နေထိုင်တဲ့အခါ အမြဲတမ်းသီးသန့်ဆန်နေတတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ချင်ရင် gymကို ကားမောင်းပြီးသွားရတယ်။ ရေကူးချင်ရင် ဟိုတယ် ဒါမှမဟုတ် swimming pool club ကို သွားရပါတယ်။ ကလေးတွေကို လုံလုံခြုံခြုံကစားစေချင်ရင် ပန်းခြံ ဒါမှမဟုတ် ကစားကွင်းကိုရှာရပါ တယ်။
Union City မှာတော့ အကုန်လုံး တစ်နေရာတည်းမှာ စနစ်တကျပါရှိပြီး အသက်အရွယ်မရွေး အဆင် ပြေစေပါတယ် -
✔️community အတွင်း swimming pool ၊ children playground၊ yoga room နဲ့ runway ပါ၀င်ခြင်း။
✔️အနီးနားမှာတွင် commercial pedestrian street၊ coffee shop၊ convenience store and supermarket ရှိနေခြင်း။
✔️သက်ကြီးရွယ်အိုများအတွက် လမ်းလျှောက်စရာဥယျာဉ်ပန်းခြံ၊ ကလေးများအတွက် လုံခြုံစိ်တ်ချရတဲ့ ကစားကွင်းနဲ့ လူငယ်များအတွက် အပေါင်းအသင်းနဲ့ ဆုံဆည်းရာနေရာများပါ၀င်ခြင်း။
နေ့စဉ်ဘဝကို အထူးတလည် စီစဉ်စရာမလိုတော့ဘဲ အချိန်မရွေး အလွယ်တကူ လုပ်ဆောင်နိုင်ပါပြီ။ လူကြီးမင်းအိမ်အောက်ဆင်းလိုက်ရုံနဲ့ မိမိသွားလိုရာနေရာ အလွယ်တကူရောက်ရှိနိုင်တဲ့အတွက် နေ့စဉ်ဘဝက ပိုပြီးပေါ့ပါးလွယ်ကူစေပါတယ်ခင်ဗျာ။

4️⃣ "တစ်ဦးတည်းနေထိုင်ခြင်း" မှ "လူနေမှုအသိုင်းအဝန်း (community)" ဆီသို့ - လူအချင်းချင်းကြားရှိ နွေးထွေးမှုကို ပြန်လည်တည်ဆောက်ခြင်း။
လုံးချင်းအိမ်များ၏ သီးသန့်ဆန်မှုသည် အထီးကျန်ဆန်မှုကိုပါဖြစ်ပေါ်စေတတ်ပါတယ်။ အိမ်နီးနား ချင်းများအနေနဲ့လည်း နှစ်ပေါင်းများစွာကြာတဲ့ထိ မသိကျွမ်းကြဘဲ မိမိနေထိုင်ရာပတ်ဝန်းကျင်တွင် public area မှာ အပြန်အလှန်ဆက်ဆံရာနေရာများနည်းပါးခြင်းကြောင့် မိမိ၏နေ့စဉ်ဘဝသည် သမရိုးကျဆန်ပြီး အထီးကျန်လာတတ်ကြပါတယ်။
သို့သော် ကြီးမားတဲ့ လူနေမှုအသိုက်အဝန်းတစ်ခုဖြစ်သော Union City သည် ပင်ကိုယ်အလျှောက် လူမှုအသိုင်းအဝန်း၏ ဂုဏ်သတ္တိများ အပြည့်အဝပါရှိပြီး အေးစက်နေသော အဆောက်အအုံ အစုအဝေးတစ်ခုမဟုတ်ဘဲ နွေးထွေးမှု၊ ချိတ်ဆက်မှုနဲ့လုံခြုံမှု အပြည့်အဝရှိတဲ့ လူနေမှုအသိုက်အဝန်း တစ်ခု ဖြစ်ပါတယ်ခင်ဗျာ။
✔️community အတွင်း ပွဲရက်အထိမ်းအမှတ်အစီအစဉ်များ၊ မိသားစုနှင့်ကလေးများအတွက် သင်တန်းများနဲ့ ၀ါသနာအလိုက်စိတ်ဝင်စားစရာ ဆွေးနွေးပွဲများကိုပုံမှန်ကျင်းပပေးခြင်း၊
✔️public area တွင်သွားလာလှုပ်ရှားခြင်းကြောင့် အိမ်နီးနားချင်းများအချင်းချင်း ဆုံတွေ့ခွင့်ရရှိပြီး ကလေးများအတွက် ကစားဖော်နဲ့ သက်ကြီးရွယ်အိုများအတွက် မိတ်ဆွေများရရှိစေခြင်း၊
✔️နယ်ပယ်အသီးသီးမှ ထူးချွှန်သောမိသားစုများ အတူတကွနေထိုင်ကြသဖြင့် တည်ငြိမ်ပြီး ဖော်ရွေကာ အပြန်အလှန်ကူညီတတ်သော အိမ်နီးနားချင်း ဆက်ဆံရေးကို ဖြစ်ပေါ်စေခြင်း။
အရှိန်အဟုန်မြင့်သော မြို့ပြဘဝတွင် ဤကဲ့သို့ "မြင်တွေ့ပေးခံရခြင်း၊ လက်ခံပေးခံရခြင်းနဲ့ ချိတ်ဆက်မိ ခြင်း" စတဲ့ ခံစားချက်များသည် ငွေကြေးနဲ့ တိုင်းတာ၍မရနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ကြွယ်ဝ ချမ်းသာမှု တစ်ခု ပဲဖြစ်ပါတယ်ခင်ဗျာ။

5️⃣ပိုင်ဆိုင်မှုတန်ဖိုး - "ထိန်းသိမ်းစရိတ်" မှသည် "တန်ဖိုးတက်လာမည့် အလားအလာ" ဆီသို့
လုံးချင်းအိမ်၏တန်ဖိုးသည် အရေးပါသော်လည်း အရည်အသွေးအရ ရောင်းဝယ်ဖောက်ကားမှု နည်းပါးခြင်း၊ ထိန်းသိမ်းစရိတ်ကြီးမားခြင်းနဲ့ တန်ဖိုးမြင့်တက်လာမှုလည်း တည်ရှိရာမြို့နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အဓိကမှီခိုနေရပါတယ်။ သို့သော် ရန်ကုန်မြို့ရဲ့ရှားပါးလှသော ကြီးမားကျယ်ဝန်း သောလူနေမှုအသိုက်အဝန်းဖြစ်တဲ့ Union City သည် ၎င်း၏ ရှားပါးမှု၊ brand ၏ အရည်အသွေး၊ ပြီးပြည့်စုံသော facilityများနဲ့ ရေရှည်စီမံခန့်ခွဲနိုင်စွမ်းတို့ကြောင့် ဈေးကွက်ကျဆင်းမှုကို ပိုမိုကြံ့ကြံ့ ခံနိုင်စွမ်းနဲ့ တန်ဖိုးတက်လာမည့် အလားအလာပိုရှိပါတယ်။ပို၍အရေးကြီးတာတစ်ခုကတော့ တစ်သားတည်းဖြစ်တဲ့ စီမံကိန်းရေးဆွဲမှု၊ စံချိန်စံညွှန်းမြင့်မားတဲ့ ဒီဇိုင်းနဲ့ရေရှည်စီမံခန့်ခွဲမှု ကတိကဝတ်များ ပါရှိခြင်းပင်ဖြစ်ပါတယ်။ ဤအချက်များပါ၀င်ခြင်းကြောင့်-
✔️အဆောက်အအုံ အရည်အသွေး အာမခံချက်ရှိပြီး ဟောင်းနွမ်းပြီးတန်ဖိုးကျဆင်းရန်ခက်ခဲခြင်း၊
✔️community အတွင်း ပတ်ဝန်းကျင်ကို စဉ်ဆက်
မပြတ် မြှင့်တင်ပေးနေသဖြင့် နေတာကြာလေ နေထိုင်မှုကိုပိုမိုနှစ်သက်ခြင်း၊
✔️အနာဂတ်တွင် ပြန်လည်ရောင်းချရန် သို့မဟုတ် ငှားရမ်းရန်အတွက် ဈေးကွက်ရဲ့ ယုံကြည်လက်ခံမှုကို ပိုမိုရရှိစေခြင်း။
နေထိုင်မှုအရည်အသွေးနဲ့ ပိုင်ဆိုင်မှုတန်ဖိုးတို့သည် ဤနေရာတွင် တစ်ထပ်တည်း ဖြစ်လာခြင်း။

6️⃣ဘဝနေထိုင်မှုပုံစံ၏ ပြောင်းလဲတိုးတက်မှု - "နေရာလပ်ပိုင်ဆိုင်ခြင်း" မှသည် "အချိန်ကို ပိုင်ဆိုင်ခြင်း" ဆီသို့
လုံးချင်းအိမ်မှ ကြီးမားကျယ်ဝန်းသော လူနေမှုအသိုက်အဝန်းဖြစ်တဲ့ Union City သို့ ပြောင်းရွှေ့နေထိုင် ခြင်းသည် အနှစ်သာရအားဖြင့် ဘဝနေထိုင်မှုပုံစံ (Lifestyle) ပြောင်းလဲမြှင့်တင်ခြင်းဖြစ်ပါတယ်။
ယခင်က ကျွန်တော်တို့သည် "ပိုမိုကြီးမားကျယ်ဝန်းသော၊ ပိုမိုသီးသန့်ဆန်သော၊ ပိုမိုprivacy ရှိသော" စတဲ့အချက်များကိုသာ အဓိကထားပြီး ရွေးချယ်ခဲ့ကြပါတယ်။ ယခုအခါမှာတော့ စစ်မှန်တဲ့ ဇိမ်ခံမှု ဆိုသည်မှာ မြေကွက်ကျယ်ဝန်းခြင်းမဟုတ်ဘဲ နေ့စဉ်အချိန်တစ်နာရီပိုထွက်လာပြီး မိသားစုကို အချိန်ပိုပေးနိုင်ခြင်း၊ စာဖတ်ခြင်း၊ အားကစားလုပ်ခြင်းနဲ့ အနားယူခြင်းဖြစ်ကြောင်း ပိုမိုနားလည်သဘော ပေါက်လာကြပြီဖြစ်ပါတယ်။ ပြုပြင်ထိန်းသိမ်းမှု တာဝန်များကို မိမိတစ်ဦးတည်း ထမ်းဆောင်ရခြင်း မဟုတ်ဘဲ လူကြီးမင်းတို့ရဲ့ နေ့စဉ်ဘဝကို စနစ်တကျရှိမှုနဲ့ လှပမှုကို တစ်စုံတစ်ယောက်မှ တာဝန်ယူ စောင့်ရှောက်ပေးခြင်းပင်ဖြစ်ပါတယ်။ လူသူကင်းဝေးရာတွင် တစ်ယောက်တည်း နေထိုင်ခြင်းမဟုတ်ဘဲ လုံခြုံစိတ်ချရပြီး သက်တောင့်သက်သာရှိပြီး နွေးထွေးတဲ့ ပတ်ဝန်းကျင်တစ်ခုအတွင်းမှာ နေ့စဉ်ဘဝရဲ့ အရှိန်အဟုန်နဲ့ ပျော်ရွှင်မှုကို ပြန်လည်ရှာဖွေတွေ့ရှိခြင်းပင် ဖြစ်ပါတယ်ခင်ဗျာ။

✨ကျွန်တော်တို့ Union City သည် ဤကဲ့သို့သော ဘဝနေထိုင်မှုပုံစံအသစ်အတွက် အထူးတလည် ဖန်တီးထားခြင်းဖြစ်ပါတယ်။ ၎င်းသည် လုံးချင်းအိမ်များကို ငြင်းပယ်နေခြင်းမဟုတ်ဘဲ ခေတ်မီသော မြို့ပြဘဝအတွက် ပိုမိုရင့်ကျက်ပြီး ပိုမိုထက်မြက်သော အဖြေတစ်ခုပင်ဖြစ်ပါတယ်ခင်ဗျာ။
အိမ်ဆိုသည်မှာ အိုးတစ်လုံးသာဖြစ်ပြီး နေ့စဉ်ဘဝကသာလျှင် အထဲကအနှစ်သာရ ဖြစ်ပါတယ်။
ကွန်ဒိုအဆောက်အအုံတစ်လုံး၏ နောက်ကွယ်တွင် ပြီးပြည့်စုံသော facilityများ၊ ကျွမ်းကျင်ပိုင်နိုင်သော ဝန်ဆောင်မှုများ၊ နွေးထွေးတဲ့လူမှုအသိုင်းအဝိုင်းနဲ့ ရှားပါးလှသောတည်နေရာတို့ ရှိနေတဲ့အခါ ၎င်းက ဖော်ဆောင်ပေးနေတဲ့တန်ဖိုးသည် "နေထိုင်ခြင်း" ဆိုတဲ့ အပိုင်းကို ကျော်လွန်သွားခဲ့ပါပြီ။ ဤကဲ့သို့သော communityသို့ လုံးချင်းအိမ်မှ ပြောင်းရွှေ့လာခြင်းကလည်း အခြားရွေးချယ်စရာ မရှိ၍ဆုတ်ခွာ လိုက်ခြင်းမဟုတ်ဘဲ ပိုမိုထိရောက်မှုရှိပြီး၊ စိတ်အေးလက်အေးရှိကာ အရည်အသွေးမြင့်မားတဲ့ ဘဝနေ ထိုင်မှုပုံစံကို ကိုယ်တိုင်ရွေးချယ်လိုက်ခြင်းပင်ဖြစ်ပါတယ်။

✨ရန်ကုန်မြို့တွင် ဤကဲ့သို့သော ရွေးချယ်မှုသည် လူအများစု၏ ဘုံသဘောတူညီချက်တစ်ခု ဖြစ်လာနေပြီ ဖြစ်ပါတယ်။ အကြောင်းအရင်းကတော့ စစ်မှန်တဲ့အရည်အသွေးမြင့်သောလူနေမှုဘဝဆိုတာ လူကြီးမင်းပိုင်ဆိုင်ထားတဲ့ စတုရန်းပေ ဘယ်လောက်ရှိတာပေါ် မူတည်နေတာမဟုတ်ဘဲ နေ့စဉ်ဘဝကို ဘယ်လောက်ပေါ့ပါးလွတ်လပ်စွာ၊ ဘယ်လောက်စိတ်အေးချမ်းသာစွာနဲ့ ဘယ်လောက်ပျော်ရွှင်စွာ ဖြတ်သန်းနေရတဲ့အပေါ်တွင်သာ မူတည်နေသောကြောင့်ပင် ဖြစ်ပါတယ်ခင်ဗျာ။

📍Address- No.74, Corner of Pyay Road and Pyidaungzu Yeiktha Street, Pyidaungzu Yeiktha Compound, Dagon Township, Yangon
📞VIP hotline
09 944 688888
09 944 788888

🏗️ဈေးကွက်မှာ မသေချာမရေရာမှုတွေနဲ့ ပြည့်နှက်နေချိန်မှာ၊ ကျွန်တော်တို့ကတော့ ကတိတွေကို ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ လက်တွေ...
05/10/2026

🏗️ဈေးကွက်မှာ မသေချာမရေရာမှုတွေနဲ့ ပြည့်နှက်နေချိန်မှာ၊ ကျွန်တော်တို့ကတော့ ကတိတွေကို ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ လက်တွေ့ပြသဖို့ ရွေးချယ်လိုက်ပါတယ်ခင်ဗျာ။
✨လတ်တလောရန်ကုန်မြို့မှာရှိတဲ့ အိမ်ခန်းဝယ်ယူသူများသည် စိတ်မသက်မသာဖြစ်စရာတွေနဲ့ ကြုံနေရပါတယ်။ စျေးကွက်မှာလည်း စာချုပ်ချုပ်ပြီး ငွေပေးချေထားခဲ့ပေမဲ့ ဆောက်လုပ်ရေးလုပ်ငန်းမစတင်နိုင်သေးတာမျိုးတွေကို ကြုံတွေ့နေရပါတယ်။ ဒါကြောင့် ဝယ်ယူသူတွေရဲ့ မျှော်လင့်ချက်တွေဟာ စိုးရိမ်ပူပန်မှုတွေအဖြစ်၊ စိုးရိမ်ပူပန်မှုမှတဆင့် ဒေါသတွေအဖြစ်ပြောင်းလဲလာပြီး နောက်ဆုံးလူမှုကွန်ရက်ပေါ်မှာစုပြီးမြင်တွေ့ရပါတယ်။ ဒီလိုမြင်ကွင်းမျိုးက ရင်နာစရာကောင်းသလို၊ အသိဝင်စေဖို့အတွက်လည်း သတိပေးလိုက်သလိုပါပဲ။

💰အိမ်ဝယ်တယ်ဆိုတာ သာမန်ငွေကြေးသုံးစွဲမှုတစ်ခုတင် မဟုတ်ပါဘူး။ မိသားစုတစ်စုရဲ့ နောင်နှစ်ပေါင်း များစွာအတွက် အလေးအနက် အပ်နှံထားတဲ့ ယုံကြည်မှုတစ်ခုပါ။ စာချုပ်ချုပ်တယ်၊ ငွေပေးချေပြီးပြီ၊ ဒါပေမဲ့ ဆောက်လုပ်ရေးဘက်က ဘာလှုပ်ရှားမှုမှ မရှိသေးဘူးဆိုရင် ထိခိုက်သွားတာ ငွေကြေးတစ်ခု တည်း မဟုတ်ပါဘူး။ အဓိကကတော့ "ယုံကြည်မှု" ပါ။

🗣️ဒါကြောင့်လည်း ဒီလိုအချိန်မျိုးမှာ ကျွန်တော်တို့Union City အနေနဲ့ ပြောပြချင်တာတွေကို ရှင်းရှင်းလင်းလင်း ပြောပြလိုပါတယ်ခင်ဗျာ။
ယုံကြည်မှုဆိုတာ ကြွေးကြော်သံမဟုတ်ဘဲ၊ လက်တွေ့မြင်တွေ့ရမယ့် တိုးတက်မှုအခြေအနေတွေ ဆိုတာ ကျွန်တော်တို့ နားလည်ထားပါတယ်။အခုချိန်မှာ အိမ်ခန်းဝယ်ယူသူလူကြီးမင်းများ အစိုးရိမ်ဆုံးနဲ့ အသိချင်ဆုံးအချက်တွေကတော့ ကြော်ငြာတွေထဲမှာ ဘာတွေရေးထားလဲဆိုတာထက် —
❓ဒီပရောဂျက်က စာချုပ်ချုပ်ပြီးတာနဲ့ ငြိမ်သွားမှာလား?
❓Developer ဘက်က ရောသတ်မှတ်ထားတဲ့အချိန်မှာ အချိန်မှီအကောင်အထည်ဖော်နိုင်ပါ့မလား?
❓ကိုယ်ပေးလိုက်တဲ့ ငွေတွေကရော လုံခြုံစိတ်ချရရဲ့လား?
❓ဘယ်အချိန်ကျမှာ အဆောက်အဦးတက်လာတာကို မြင်တွေ့ရမှာလဲ?ဆိုတဲ့မေးခွန်းတွေပါပဲ။ ဒီမေးခွန်းတွေကိုလည်း ရှောင်လွှဲနေဖို့ မလိုပါဘူး။

✨Union Cityသည် လက်ရှိဈေးကွက်မှာ ဘယ်လောက်ကြားကောင်းတဲ့ ကတိပဲဖြစ်နေပါစေ အတည်ပြုလို့ရတဲ့ လက်တွေ့တိုးတက်မှုမရှိပါက အနှစ်သာရမရှိဘူးဆိုတာကို ကောင်းစွာနားလည်ထား ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ စိုးရိမ်ပူပန်မှုတွေကို "စိတ်ချပါ" ဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ အလွယ်တကူ တုံ့ပြန်နေမှာမဟုတ်ပါဘူး။ အဲ့ဒီအစား လူတိုင်းကိုမျက်မြင်ကိုယ်တွေ့ ချပြနိုင်ပြီး ကြည့်ရှုစစ်ဆေး နိုင်တဲ့နည်းလမ်းတွေနဲ့သာ ယုံကြည်မှုကို အမှန်တရားပေါ် ပြန်လည်ရောက်ရှိလိုတဲ့ဆန္ဒရှိပါတယ်။ထို့ပြင်ကျွန်တော်တို့ မသေချာမရေရာမှုတွေကို ခြေရာခံနိုင်တဲ့ လုပ်ဆောင်ချက်တွေအဖြစ် ပြောင်းလဲဖို့ ရွေးချယ်ပါတယ်။

🏗️Union Cityသည် မကြာမီ ဆောက်လုပ်ရေးပိုင်းစတင်တော့မှာ ဖြစ်ပါတယ်။ အိမ်ခန်းဝယ်ယူသူ လူကြီးမင်းများအတွက် ဒါဟာသာမန်ကြော်ငြာတစ်ခုတင်မဟုတ်ဘဲ၊ ဆက်တိုက် စစ်ဆေး အတည်ပြု လို့ရမည့် အစပျိုးခြင်းတစ်ခုဖြစ်သင့်ပါတယ်။
ကျွန်တော်တို့အနေနဲ့လည်း Customer များကို "မျက်စိမှိတ်ပြီး ယုံကြည်ပါ" လို့ တောင်းဆိုမှာ မဟုတ်ပါဘူး။ ဆောက်လုပ်ရေးလုပ်ငန်းခွင်ရဲ့ ပြောင်းလဲလာမှုတွေ၊ လုပ်ငန်းစဉ်အဆင့်ဆင့်နဲ့ လူသိ ရှင်ကြားအချက်အလက်တွေကနေတစ်ဆင့် Union City သည် ရှေ့ကို step by step တက်လှမ်း နေခြင်းမှတဆင့် လူကြီးမင်းများ ကိုယ်တိုင်အတည်ပြုစေချင်ပါတယ်။

✨Union City ရဲ့ ရည်မှန်းချက်သည် "ရောင်းပြီးတာနဲ့ ပြီးသွားတဲ့" ပရောဂျက်တစ်ခုဖြစ်ဖို့မဟုတ်ဘဲ မိသားစုဘဝတွေကို ရေရှည်လက်တွဲပံ့ပိုးပေးနိုင်မည့် အရည်အသွေးမြင့်သော လူနေမှုအသိုက်အဝန်း တစ်ခုဖန်တီးပေးဖို့ပဲဖြစ်ပါတယ်ခင်ဗျာ။
ဝယ်ယူသူလူကြီးမင်းများအတွက် စိုးရိမ်မှုများကို လျှော့ချပေးပြီး၊ သေချာမှုတွေကို ပိုမိုပေးစွမ်းနိုင်ဖို့ကတိပြုပါတယ်ခင်ဗျာ။

✨ဒီလိုအထူးကာလမျိုးမှာ Union Cityသည် ဆက်သွယ်ပြောဆိုမှုတွေကို ပိုပြီးပွင့်လင်းမြင်သာစွာ လုပ်ဆောင်သွားမှာဖြစ်ပါတယ် -
✔️ပြသနာရှောင်လွှဲမှုမရှိခြင်း
Customer များသိလိုတဲ့ လုပ်ငန်းတိုးတက်မှုကိုအလုပ်နဲ့ပဲတုံ့ပြန်သွားပါမယ်။
✔️ကတိတွေကို ချဲ့ကားပြောဆိုမှုမရှိခြင်း သေချာပြောလို့ရတာတွေကို သေသေချာချာ၊ရှင်းရှင်းလင်းလင်းပြောပြသွားပါမယ်။ မသေချာသေးတာ တွေကိုလည်း ကြိုတင်ပြီး ပုံကြီးချဲ့ခြင်းပြုလုပ်သွားမှာမဟုတ်ပါ။
✔️စိုးရိမ်ပူပန်မှုတွေကို မဖန်တီးခြင်း တခြားပရောဂျက်များ၏ အခက်အခဲတွေကို အသုံးချပြီး ကြောက်ရွံ့စိုးရိမ်မှုတွေ မဖန်တီးဘဲ၊ မိမိတို့၏ လက်တွေ့လုပ်ဆောင်ချက်နဲ့သာ ယုံကြည်မှုကိုတည်ဆောက်သွားပါမယ်။
✔️စံချိန်စံညွှန်းကို လျှော့ချမှုမရှိခြင်း
ဈေးကွက် အပြောင်းအလဲဖြစ်လေလေ၊အရည်အသွေး၊ လုံခြုံရေးနဲ့ အချိန်မီအပ်နှံနိုင်ရေးကိုသာ ရှေ့တန်းတင်ထားလေလေဖြစ်ပါတယ်ခင်ဗျာ။
စစ်မှန်တဲ့ ယုံကြည်မှုဆိုတာ ကြော်ငြာစာသားတွေကနေ လာတာမဟုတ်ပါဘူး။ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲက ပထမဆုံးမြေဆွခြင်း၊ ပထမဆုံးတိုင်ထူခြင်း၊ ပထမဆုံး ကြမ်းခင်းလောင်းခြင်းတွေ ကနေလာတာပါ။ Customerများလုပ်ငန်းခွင်သို့လာရောက်တိုင်း ပရောဂျက်တိုးတက်လာတာကို ကိုယ်တိုင်တွေ့မြင်ရခြင်းကနေတဆင့်ရရှိလာတာဘဲဖြစ်ပါတယ်ခင်ဗျာ။

✨လူကြီးမင်းသည် လတ်တလော ဈေးကွက်သတင်းတွေကြောင့် စိုးရိမ်မှုများ ဖြစ်နေတယ်ဆိုရင်လည်း ကျွန်တော်တို့ အပြည့်အဝနားလည်ပါတယ်။အိမ်ခန်းဝယ်ယူရာတွင် သတိထားပြီးလုပ်ဆောင်ခြင်းသည် အားနည်းခြင်းမဟုတ်ပဲ တာဝန်ယူမှု အပြည့်ရှိလို့ပါ။ လူကြီးမင်းအနေနဲ့ လည်း နှိုင်းယှဉ်နိုင်ပါတယ်၊ မေးမြန်းနိုင်ပါတယ်၊ ပိုမိုခိုင်မာတဲ့ အချက်အလက်တွေကို တောင်းဆိုနိုင်ပါတယ်ခင်ဗျာ။ ဒါမှမဟုတ် Union City သို့ တိုက်ရိုက်လာ ရောက်ပြီး ကျွန်တော်တို့၏ မြေယာစီမံကိန်း၊ တည်ဆောက်ရေးအရှိန်အဟုန်၊ အိမ်ခန်းဒီဇိုင်းနဲ့ community concept တွေကို လာရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ။

✨လူကြီးမင်းများကို စိုးရိမ်ပူပန်မှုတွေကြားမှာ ဆုံးဖြတ်ချက်ချတာမျိုးကို ကျွန်တော်တို့ မလိုလားသလို၊ ခေတ္တဖြစ်ပေါ်နေတဲ့ ဈေးကွက်ခံစားချက်ကြောင့် တကယ်တန်ဖိုးရှိတဲ့ ရွေးချယ်မှုတစ်ခုကို လက်လွတ်သွားတာမျိုးလည်း မဖြစ်စေချင်ပါဘူးခင်ဗျာ။ ကျွန်တော်တို့ Union City ကို ယုံကြည်ဖို့ ဆုံးဖြတ်လိုက်တဲ့ချိန်မှစပြီး ဒီယုံကြည်မှုဟာ မစဉ်းစားပဲအမြန်ဆုံးဖြတ်လိုက်ခြင်းကြောင့်မဟုတ်ဘဲ၊ မျက်မြင်တိုးတက်မှုတွေ၊ ရှင်းရှင်းလင်းလင်းပြောနိုင်တဲ့ ကတိတွေနဲ့ အချိန်ကာလကို ကျော်ဖြတ်နိုင်မယ့် အရည်အသွေးတွေအပေါ်မှာ အခြေခံထားစေချင်ပါတယ်ခင်ဗျာ။

✨ဈေးကွက်က မသေချာမရေရာမှုများဖြစ်လေလေ၊ တစ်စုံတစ်ယောက်မှ တည်ငြိမ်သေချာမှုကို လက်တွေ့ဖော်ပြပေးဖို့ လိုလေလေပါပဲ။ ကျွန်တော်တို့ Union Cityသည် ကတိတွေကို ဆောက်လုပ်ရေးလုပ်ငန်းခွင်ပေါ်မှာ လက်တွေ့ အကောင်အထည်ဖော်ပေးမည့် ပရောဂျက်တစ်ခု ဖြစ်လာဖို့ အသင့်ရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ခန်းဝယ်ယူသူများ၏ တကယ်လိုအပ်နေတာက "ကျွန်တော့်တို့ကိုယုံပါ" ဆိုတဲ့ စကားတစ်ခွန်း မဟုတ်ဘဲ၊ အနာဂတ်မှာ မိမိအိမ်၏ပြတင်းပေါက်ကနေ လှမ်းကြည့်ရင်း စိတ်ချမ်းချမ်းသာသာနဲ့ “အရွေးချယ်မမှားခဲ့ဘူးဆိုတာကို”ရင်ဝယ်ပီတိနဲ့ ပြောဆိုနိုင်ဖို့ဆိုတာကို ကျွန်တော်တို့ ကောင်းကောင်း သိလို့ပါပဲခင်ဗျာ။

📍Address- No.74, Corner of Pyay Road and Pyidaungzu Yeiktha Street, Pyidaungzu Yeiktha Compound, Dagon Township, Yangon
📞VIP hotline
09 944 688888
09 944 788888




Address

No. 74, Corner Of Pyay Road And Pyidaungzu Yeiktha Street, Dagon Township
Yangon

Website

Alerts

Be the first to know and let us send you an email when Union City Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category