JADE Property

Call Website

JADE Property 🏠 ချိတ်ရှိရင် ချိတ်လို့ရပီနော် 🪝
မြန်မာနိုင်ငံရဲ့ မရှိမဖြစ် အိမ်ခြံ မြေwebsite and application✨
☎️ 09750009119 / 09750009229
📩 [email protected]

🏡 အိမ်ရာတစ်ခု ပိုင်ဆိုင်နိုင်ခြင်းဟာ လူတစ်ဦးရဲ့ အနာဂတ်ကို ပိုမိုလုံခြုံတည်ငြိမ်စေတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။ဆင်းရဲနွမ်း...
17/10/2026

🏡 အိမ်ရာတစ်ခု ပိုင်ဆိုင်နိုင်ခြင်းဟာ လူတစ်ဦးရဲ့ အနာဂတ်ကို ပိုမိုလုံခြုံတည်ငြိမ်စေတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါးမှုဆိုတာ ဝင်ငွေနည်းပါးခြင်းတစ်ခုတည်း မဟုတ်ပါဘူး။ အိမ်ရာစရိတ် မတတ်နိုင်ခြင်း၊ လုံခြုံမှုမရှိတဲ့ နေရာမှာ နေထိုင်ရခြင်းနဲ့ သင့်တော်တဲ့ အိမ်ရာရရှိဖို့ အခက်အခဲရှိခြင်းတွေကလည်း မိသားစုတစ်စုရဲ့ ကျန်းမာရေး၊ နေထိုင်မှုနဲ့ အနာဂတ်အခွင့်အလမ်းတွေကို ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် လူတိုင်းအတွက် လုံခြုံပြီး မိမိတတ်နိုင်တဲ့ ဈေးနှုန်းနဲ့ သင့်တော်တဲ့ အိမ်ရာရရှိရေးဟာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးမှာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။

💚 ကျွန်မတို့ Jade Property ရဲ့ ရည်ရွယ်ချက်ကလည်း အိမ်ခြံမြေရှာဖွေသူတွေအတွက် မိမိတို့ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အိမ်၊ ခြံ၊ မြေတွေကို ပိုမိုလွယ်ကူစွာ ရှာဖွေနိုင်ဖို့ ကူညီပေးခြင်း ဖြစ်ပါတယ်။

အိမ်ရာတစ်ခုကို ရွေးချယ်တဲ့အခါ ဈေးနှုန်းတစ်ခုတည်းမက မိသားစုရဲ့ လိုအပ်ချက်၊ နေထိုင်မှုအဆင်ပြေမှုနဲ့ ရေရှည်တည်ငြိမ်မှုတို့ကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

ယနေ့ အောက်တိုဘာ (၁၇) ရက် အပြည်ပြည်ဆိုင်ရာ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးနေ့မှာ လူတိုင်းအတွက် သင့်တော်တဲ့ အိမ်ရာရရှိနိုင်ရေးက ပိုမိုကောင်းမွန်တဲ့ ဘဝတစ်ခုဆီသို့ ဦးတည်တဲ့ ခြေလှမ်းတစ်ခု** ဖြစ်ကြောင်း အတူတကွ သတိပြုကြပါစို့ 🏡💚


📢 We’re Hiring! | Sales CoordinatorJade Property မှာ အလုပ်အကိုင်အခွင့်အလမ်းသစ် ရှာဖွေနေသူတွေအတွက် Sales Coordinator ရာထူ...
16/10/2026

📢 We’re Hiring! | Sales Coordinator

Jade Property မှာ အလုပ်အကိုင်အခွင့်အလမ်းသစ် ရှာဖွေနေသူတွေအတွက် Sales Coordinator ရာထူးခေါ်ယူနေပါပြီ။ 💼

အရောင်းပိုင်းကို စိတ်ဝင်စားပြီး Customer တွေနဲ့ ဆက်သွယ်ပြောဆိုရတာ၊ အဖွဲ့အစည်းနဲ့ ပူးပေါင်းလုပ်ဆောင်ရတာ ဝါသနာပါသူတွေအတွက် အခွင့်အရေးကောင်းတစ်ခုပါ။

📌 Job Requirements
• အနည်းဆုံး အထက်တန်းအဆင့် ပညာအရည်အချင်းရှိသူ။
• Communication Skill နှင့် Customer Service Skill ကောင်းမွန်သူ။
• Microsoft Word, Excel နှင့် Google Sheets အခြေခံအသုံးပြုနိုင်သူ။
• Facebook Messenger, Phone Call စတဲ့ Channel များမှ Customer များကို ဆက်သွယ်နိုင်သူ။
• အဖွဲ့လိုက် ပူးပေါင်းလုပ်ဆောင်နိုင်ပြီး မှတ်တမ်းများကို စနစ်တကျ ထိန်းသိမ်းနိုင်သူ။
• တာဝန်ယူမှုရှိပြီး အချိန်မီ လုပ်ဆောင်နိုင်သူ။
• Sales အတွေ့အကြုံရှိသူကို ဦးစားပေးမည်။

📋 Job Responsibilities
• Customer Inquiry များကို ဖြေကြားပြီး လိုအပ်ချက်များကို စုံစမ်းမေးမြန်းရန်။
• Potential Customer များကို ဆက်သွယ်ပြီး Follow-up လုပ်ရန်။
• Customer Information နှင့် Sales Progress များကို စနစ်တကျ မှတ်တမ်းတင်ရန်။
• Quotation, Proposal နှင့် Sales Report များ ပြင်ဆင်ရာတွင် ကူညီရန်။
• Sales Team နှင့် Operation Team ကြား ညှိနှိုင်းဆောင်ရွက်ရန်။
• နေ့စဉ် Sales Activity နှင့် Customer Follow-up Report များ တင်ပြရန်။
• Sales Target ပြည့်မီစေရန် ပံ့ပိုးဆောင်ရွက်ရန်။

🎁 Benefits & Working Hours
💰 Attractive Salary
👕 Uniform Provided
📱 Phone Bill Provided
🚌 Ferry Provided

🕘 Working Hours: 9:00 AM – 5:00 PM
📅 Working Days: Monday – Saturday
🌿 Off Days: Sunday & Public Holidays

ကိုယ့်ရဲ့ Communication Skill နဲ့ Sales အရည်အချင်းတွေကို အသုံးချပြီး လုပ်ငန်းခွင်မှာ တိုးတက်ချင်တယ်ဆိုရင် Jade Property နဲ့အတူ လက်တွဲလုပ်ကိုင်ဖို့ အခုပဲ လျှောက်ထားလိုက်ပါ။

Share your resume at

09-783 349 802

🎉 Jade Property Giveaway Winners များကို ဂုဏ်ယူစွာ ကြေညာအပ်ပါတယ်! 💚🏆Jade Property ရဲ့ Giveaway အစီအစဉ်မှာ ပါဝင်ပေးခဲ့ကြတ...
16/10/2026

🎉 Jade Property Giveaway Winners များကို ဂုဏ်ယူစွာ ကြေညာအပ်ပါတယ်! 💚🏆

Jade Property ရဲ့ Giveaway အစီအစဉ်မှာ ပါဝင်ပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ်။ 💚

ယခု Giveaway အစီအစဉ်မှာ ကံထူးရှင်များအဖြစ် ရွေးချယ်ခံခဲ့ရသူများကတော့ —

🎊 Daw Thin Thin Wah
🎊 ညာဏ်သာမေမေ
🎊 Ma Naing
🎊 ဇော်
🎊 Ma Ma Hnin

ကံထူးရှင်များအားလုံး Congratulations ပါနော်! 🎁✨
ကံထူးများအနေနဲ့ ရန်ကုန်မြို့ ၊ YCC ခန်းမ၊ ကမ္ဘာအေးဘုရားလမ်းမကြီး၊ အင်းလျားကန် ဟိုတယ်ဝင်း၊ မရမ်းကုန်းမြို့နယ် မှာ
လက်ဆောင်များကို လာရောက်ထုတ်ယူနိုင်ပါတယ်နော်..

Jade Property ရဲ့ နောက်ထပ်အစီအစဉ်များနဲ့ အိမ်ခြံမြေဆိုင်ရာ သတင်းအချက်အလက်အသစ်တွေကို မလွတ်တမ်းသိရှိနိုင်ဖို့ Page ကို Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။ 💚

🏡 ရောင်းမလား၊ ဝယ်မလား၊ ငှားမလား Jade ရှိရင် ချိတ်လို့ရပြီ။

🌐 Website
https://jadeproperty.com.mm/

📲 Download Now

iOS (App Store)
https://apps.apple.com/us/app/jade-property/id6752909746

Android (Play Store)
https://play.google.com/store/apps/details?id=com.realestate.jadeproperty&hl=en

16/10/2026

🎉 Jade Property ရဲ့ ဗလာမပါ Lucky Draw အစီအစဉ်နဲ့အတူ YCC ခန်းမမှာ တွေ့ဆုံလိုက်ရအောင်! 🏡✨

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို လွယ်ကူစွာ ရှာဖွေနိုင်မယ့် Jade Property Website & Application က YCC မှာ ရှိနေပါပြီရှင့်။ 💚

Jade Property Account ဖွင့်ရုံနဲ့ ဗလာမပါ Lucky Draw အစီအစဉ် မှာ ပါဝင်ကံစမ်းနိုင်မယ့် အခွင့်အရေးကိုလည်း လက်လွတ်မခံလိုက်ပါနဲ့နော်! 🎁🎊

📍 YCC မှာ Jade Property နဲ့ လာရောက်တွေ့ဆုံလိုက်ပါရှင့်။

" မြန်မာနိုင်ငံရဲ့ မရှိမဖြစ် အိမ်ခြံမြေ Website & Application "

🌐 Website
https://jadeproperty.com.mm/

📲 Download Now

iOS (App Store)
https://apps.apple.com/us/app/jade-property/id6752909746

Android (Play Store)
https://play.google.com/store/apps/details?id=com.realestate.jadeproperty&hl=en

15/10/2026

🏡 ဈေးကောင်းဆိုတာ ရောင်းသူအတွက်လား၊ ဝယ်သူအတွက်လား

အိမ်ခြံမြေတစ်ခုကို ကြည့်တဲ့အခါ ရောင်းသူက “ဒီဈေးနဲ့တော့ ရောင်းချင်တယ်” လို့ပြောတတ်ပြီး ဝယ်သူက “ဒီဈေးနဲ့တော့ မတန်သေးဘူး” လို့ တွေးတတ်ကြပါတယ်။

ဒါဆို ဘယ်သူက မှန်တာလဲ။ တကယ်တော့ ဒီနေရာမှာ နားလည်ထားသင့်တာက ဈေးနှုန်း (Price) နဲ့ တန်ဖိုး (Value) ဟာ မတူညီဘူး ဆိုတာပါပဲ။

💰 ဈေးနှုန်း (Price) ဆိုတာ...

ဈေးနှုန်းဆိုတာ အိမ်ခြံမြေတစ်ခုကို ရောင်းချဖို့ သတ်မှတ်ထားတဲ့ ငွေပမာဏပါ။ ဥပမာ အိမ်တစ်လုံးကို သိန်း ၅,၀၀၀ နဲ့ ရောင်းမယ်လို့ သတ်မှတ်ထားရင် အဲဒါက ရောင်းဈေးနှုန်း ဖြစ်ပါတယ်။

🏡 တန်ဖိုး (Value) ဆိုတာ...

တန်ဖိုးဆိုတာ အဲဒီအိမ်ခြံမြေက ပေးနိုင်တဲ့ အကျိုးကျေးဇူး၊ တည်နေရာ၊ ပတ်ဝန်းကျင်၊ မြေအမျိုးအစား၊ စာရွက်စာတမ်း၊ အဆောက်အအုံအခြေအနေနဲ့ ရေရှည်အသုံးဝင်မှုတို့အပေါ် မူတည်ပြီး သုံးသပ်ရတဲ့ တန်ဖိုးပါ။

ဒါကြောင့် ဈေးနှုန်းမြင့်တိုင်း တန်ဖိုးရှိတယ်လို့ မဆိုနိုင်သလို ဈေးနှုန်းနိမ့်တိုင်းလည်း တန်တယ်လို့ သတ်မှတ်လို့မရပါဘူး။

🔎 ဥပမာနဲ့ ကြည့်ရအောင်

အိမ်ခြံမြေ (၂) ခုလုံးကို သိန်း ၅,၀၀၀ နဲ့ ရောင်းချနေတယ်လို့ ယူဆကြည့်ပါ။

▪️ အိမ် A က လမ်းပန်းဆက်သွယ်ရေးကောင်းတယ်၊ စာရွက်စာတမ်းပြည့်စုံတယ်၊ ရေမဝပ်ဘူး၊ နေထိုင်ဖို့လည်း အဆင်ပြေတယ်။

▪️ အိမ် B က သွားလာရခက်တယ်၊ မိုးရာသီမှာ ရေဝပ်နိုင်တယ်၊ ပြုပြင်စရိတ်လည်း ထပ်ကုန်နိုင်တယ်။

ဈေးနှုန်းက တူညီနေပေမယ့် အိမ်တစ်လုံးစီရဲ့ အားသာချက်၊ အားနည်းချက်နဲ့ ဝယ်ယူပြီးနောက် ကုန်ကျနိုင်တဲ့စရိတ်တွေက မတူညီပါဘူး။ ဒါကြောင့် ဘယ်အိမ်က ပိုတန်သလဲဆိုတာကို ဈေးနှုန်းတစ်ခုတည်းကြည့်ပြီး ဆုံးဖြတ်လို့မရပါဘူး။

✨ ဒါဆို ဈေးကောင်းဆိုတာ ဘာလဲ

ရောင်းသူအတွက်တော့ ကိုယ့်အိမ်ခြံမြေရဲ့ အခြေအနေနဲ့ လက်ရှိဈေးကွက်ပေါက်ဈေးကိုက်ညီတဲ့ ဈေးနှုန်းရရှိဖို့ အရေးကြီးပါတယ်။

ဝယ်သူအတွက်တော့ ပေးရမယ့်ငွေနဲ့ ထိုက်တန်တဲ့ အိမ်ခြံမြေကို ရရှိဖို့၊ နောင်တစ်ချိန်မှာ မလိုအပ်တဲ့ ကုန်ကျစရိတ်တွေ များမလာဖို့ အရေးကြီးပါတယ်။

ကျွန်မတို့ရဲ့ Jade Property Website နဲ့ Application မှာ အိမ်ခြံမြေတွေကို လေ့လာနှိုင်းယှဉ်ပြီး လူကြီးမင်းတို့ရဲ့လိုအပ်ချက်နဲ့ ဘတ်ဂျက်အတွက် သင့်တော်တဲ့ ရွေးချယ်မှုကို ပြုလုပ်နိုင်ပါတယ်။

🌐 Website
https://jadeproperty.com.mm/

📲 Download Now

iOS (App Store)
https://apps.apple.com/us/app/jade-property/id6752909746

Android (Play Store)
https://play.google.com/store/apps/details?id=com.realestate.jadeproperty&hl=en





14/10/2026

🚀 “မဖြစ်လာသေးတဲ့အရာကို ကြိုတင်သိထားနိုင်တာထက် ကောင်းတဲ့အခွင့်အရေး ရှိပါဦးမလား?”

မကြာမီ စတင်တော့မယ့် Condo Project, Housing Project နဲ့ Land Development Project အသစ်တွေကို Official Launch မလုပ်ခင်ကတည်းက ကြိုတင်လေ့လာနိုင်မယ့် “Upcoming Project” Feature အသစ် ကို Jade Property App မှာ ထည့်သွင်းပေးလိုက်ပါပြီ။ 🏗️✨

🔍 Property Buyer & Investor တွေအတွက်ဆိုရင်…

Upcoming Project** Feature ကနေ

🏢 Project အသစ်တွေကို အစောပိုင်းကတည်းက သိရှိနိုင်မယ်
📋 Project ရဲ့ အချက်အလက်တွေကို ကြိုတင်လေ့လာနိုင်မယ်
📈 စိတ်ဝင်စားတဲ့ Project တွေကို အချိန်မီ စောင့်ကြည့်နိုင်မယ်
💡 ရင်းနှီးမြှုပ်နှံမယ့်သူတွေအနေနဲ့ ကိုယ်စိတ်ဝင်စားတဲ့ Project တွေကို အစောပိုင်းကတည်းက လေ့လာထားနိုင်မယ်

ဒါကြောင့် Project အသစ်တွေ စတင်တဲ့အချိန်မှာမှ သိရတာထက် ကြိုတင်သိထားပြီး ပြင်ဆင်နိုင်မှာပါ။

🏗️ Developer Company တွေအတွက်ဆိုရင်လည်း…

Official Launch မတိုင်ခင်ကတည်းက မိမိတို့ရဲ့ Project တွေကို Jade Property Application ပေါ်မှာ ကြိုတင်မိတ်ဆက်နိုင်ပါတယ်။

ဒါကနေ

🎯 Potential Customer တွေဆီကို အစောပိုင်းကတည်းက ရောက်ရှိနိုင်မယ်
👥 Project ကို စိတ်ဝင်စားသူတွေကို ကြိုတင်စုစည်းနိုင်မယ်
📢 Official Launch မတိုင်ခင် Project Awareness တည်ဆောက်နိုင်မယ်

အဲ့ဒီအတွက် Project Launch လုပ်တဲ့အချိန်မှာ ကိုယ့် Project ကို စိတ်ဝင်စားပြီးသား Audience တွေနဲ့ ချိတ်ဆက်နိုင်ဖို့ အခွင့်အရေး ရရှိနိုင်မှာပါ။

⏳ အခွင့်အရေးဆိုတာ ကြိုသိလေလေ ပြင်ဆင်ချိန်ပိုရလေလေပါပဲ။

ဒါကြောင့် Project အသစ်တွေကို နောက်ကျမှ သိချင်တာလား…
ဒါမှမဟုတ် မစတင်ခင်ကတည်းက ကြိုတင်လေ့လာထားချင်တာလား?

📲 JADE Property App ကို Play Store & App Store မှာ အခမဲ့ Download ပြုလုပ်ပြီး “Upcoming Project” Feature အသစ်ကို အခုပဲ စတင်အသုံးပြုလိုက်ပါ။

🏡 ရောင်းမလား၊ ဝယ်မလား၊ ငှားမလား Jade ရှိရင် ချိတ်လို့ရပြီ။

မြန်မာနိုင်ငံရဲ့မရှိမဖြစ်အိမ်ခြံမြေ website and application

🌐 Website
https://jadeproperty.com.mm/

📲 Download Now

iOS (App Store)
https://apps.apple.com/us/app/jade-property/id6752909746

Android (Play Store)
https://play.google.com/store/apps/details?id=com.realestate.jadeproperty&hl=en

14/10/2026

❇️ Jade Property ရဲ့ ရောင်းသူနဲ့ဝယ်သူ တိုက်ရိုက်ဆက်သွယ်လို့ရတဲ့ Feature များ ✨

ကျွန်မတို့ Jade Property Application မှာ အိမ်ခြံမြေဝယ်ယူ၊ ငှားရမ်းလိုသူတွေနဲ့ ရောင်းချ၊ အငှားတင်လိုသူတွေ အချင်းချင်း ပိုမိုလွယ်ကူစွာ ချိတ်ဆက်နိုင်ဖို့ အသုံးဝင်တဲ့ Feature တွေ ပါဝင်ပါတယ်။

📌 ဒီအပတ်ရဲ့ Feature (၃) ခုနဲ့ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကတော့…

1️⃣ ပိုင်ရှင်တွေ ကိုယ်တိုင် စာရင်းတင်နိုင်ခြင်း
အိမ်ခြံမြေပိုင်ရှင်တွေအနေနဲ့ ကိုယ့်အိမ်၊ ြခံ၊ ကွန်ဒိုနဲ့ မြေကွက်တွေကို ကိုယ်တိုင်ကိုယ်ကျ စာရင်းတင်နိုင်တာကြောင့် ကြားခံထားစရာ မလိုတော့ဘဲ ကိုယ့်အိမ်ခြံမြေရဲ့ အချက်အလက်တွေကို တိတိကျကျ ဖော်ပြနိုင်ပါတယ်။

2️⃣ အကျိုးဆောင်နဲ့ ကုမ္ပဏီတွေရဲ့ Contact ကို တိုက်ရိုက်ကြည့်ရှုနိုင်ခြင်း
ဝယ်ယူ/ငှားရမ်းလိုတဲ့ အိမ်ခြံမြေစာရင်းတွေကို ကြည့်ရှုပြီး သက်ဆိုင်ရာ အကျိုးဆောင်နဲ့ ကုမ္ပဏီတွေရဲ့ ဆက်သွယ်ရန်အချက်အလက်တွေကို တိုက်ရိုက်ကြည့်ရှုနိုင်တာကြောင့် ကိုယ်စိတ်ဝင်စားတဲ့ အိမ်ခြံမြေအကြောင်း မေးမြန်းဆွေးနွေးဖို့ ပိုမိုလွယ်ကူစေပါတယ်။

3️⃣ ယုံကြည်စိတ်ချစွာ ရှာဖွေရွေးချယ်နိုင်ခြင်း
Jade Property Application မှာရှိတဲ့ ပိုင်ရှင်၊ အကျိုးဆောင်နဲ့ ကုမ္ပဏီတွေက Verified ဖြစ်ထားတဲ့အတွက် စိတ်ချလက်ချ အိမ်ခြံမြေရောင်း/ဝယ်/ငှားခြင်း လုပ်ဆောင်နိုင်ပါတယ်။

🔗❇️ အိမ်ခြံမြေရှာဖွေသူလား၊ ကိုယ်ပိုင်အိမ်ခြံမြေကို ရောင်းချ/ငှားရမ်းလိုသူလား။ လူကြီးမင်းတို့ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အိမ်ခြံမြေစာရင်းတွေကို ရှာဖွေဖို့နဲ့ ကိုယ့်အိမ်ခြံမြေကို စိတ်ဝင်စားသူတွေဆီ ရောက်ရှိစေဖို့ Jade Property ကို အသုံးပြုကြည့်လိုက်ပါ 🧩✨

🌐 Website
https://jadeproperty.com.mm/

📲 Download Now

iOS (App Store)
https://apps.apple.com/us/app/jade-property/id6752909746

Android (Play Store)
https://play.google.com/store/apps/details?id=com.realestate.jadeproperty&hl=en





13/10/2026

🏡 အိမ်ကြည့်တဲ့အခါ မျက်စိနဲ့မမြင်ရတဲ့ ဘယ်အရာတွေစစ်ရမလဲ 🔍

အိမ်တစ်လုံးကို သွားကြည့်တဲ့အခါ အခန်းကျယ်/မကျယ်၊ အပြင်အဆင်လှ/မလှကိုပဲ ကြည့်ပြီး ဆုံးဖြတ်မိတတ်ကြပါတယ်။ ဒါပေမဲ့ အိမ်ရဲ့အလှအပနောက်ကွယ်မှာ မမြင်ရတဲ့ပြဿနာတွေ ရှိနေနိုင်ပါတယ်။ အိမ်ဝယ်ပြီးမှ ပြင်ဆင်စရိတ်တွေ ထပ်ကုန်တာမျိုး မဖြစ်ရစေဖို့ အိမ်သွားကြည့်တဲ့အခါ ဒီ Checklist လေးကို အသုံးပြုစစ်ဆေးကြည့်ပါနော် ✅

📋 ရေပိုက်နဲ့ ရေဆင်းစနစ်

❇️ ရေပိုက်ခေါင်းဖွင့်ကြည့်ပြီး ရေစီးရေလာ စစ်ဆေးပါ။
❇️ ရေချိုးခန်း၊ မီးဖိုချောင်နဲ့ ရေဆင်းပေါက်တွေမှာ ရေစီးဆင်းမှု ကောင်း/မကောင်း စမ်းကြည့်ပါ။
❇️ ရေပိုက်အဆက်တွေမှာ ရေယိုစိမ့်မှု ရှိ/မရှိ ကြည့်ပါ။
❇️ ရေချိုးခန်းနဲ့ မီးဖိုချောင်မှာ ရေတင်ကျန်တာ၊ အနံ့ဆိုးထွက်တာ ရှိ/မရှိ စစ်ဆေးပါ။

📋 လျှပ်စစ်မီးစနစ်

❇️ မီးခလုတ်နဲ့ ပလပ်ပေါက်တွေ အလုပ်လုပ်/မလုပ် စစ်ဆေးပါ။
❇️ မီးပျက်ချိန်အတွက် အရန်မီးစနစ် ရှိ/မရှိ မေးမြန်းပါ။
❇️ မီးကြိုးတွေ စနစ်တကျ တပ်ဆင်ထားခြင်း ရှိ/မရှိ စစ်ဆေးပါ။
❇️ မီးအားမမှန်ခြင်း၊ ပလပ်ပေါက်ပူခြင်းလို လက္ခဏာတွေ ရှိ/မရှိ သတိပြုပါ။ လျှပ်စစ်စနစ်ကို ကျွမ်းကျင်သူနဲ့ စစ်ဆေးပါ။

📋 ရေစိမ့်မှုနဲ့ မှိုတက်မှု

❇️ နံရံနဲ့ မျက်နှာကြက်မှာ ရေစိမ့်ရာတွေနဲ့မှိုကွက်တွေ ရှိ/မရှိ ကြည့်ပါ။
❇️ ဆေးသားကွာခြင်း၊ နံရံဖောင်းခြင်းနဲ့ မှိုတက်ခြင်း ရှိ/မရှိ စစ်ဆေးပါ။
❇️ အိမ်ထောင့်တွေ၊ ပြတင်းပေါက်အနီးနဲ့ ရေချိုးခန်းဘေးတွေကို အထူးဂရုစိုက်ကြည့်ပါ။
❇️ အိမ်တွင်းမှာ စိုထိုင်းတဲ့အနံ့၊ မှိုနံ့ ရှိ/မရှိ သတိပြုပါ။

📋 အဆောက်အအုံ ကြံ့ခိုင်မှု

❇️ နံရံနဲ့မျက်နှာကြက်တွေမှာ အက်ကြောင်းတွေ ရှိ/မရှိ ကြည့်ပါ။
❇️ တံခါး၊ ပြတင်းပေါက်တွေ ဖွင့်ပိတ်ရ လွယ်ကူရဲ့လား စမ်းကြည့်ပါ။
❇️ ကြမ်းခင်းမညီညာခြင်း၊ မျက်နှာကြက်ပုံပျက်ခြင်းတွေ ရှိ/မရှိ စစ်ဆေးပါ။
❇️ အက်ကြောင်းကြီးတွေ၊ တိုးလာတဲ့အက်ကြောင်းတွေ ရှိရင် အဆောက်အအုံကျွမ်းကျင်သူနဲ့ စစ်ဆေးပါ။

📋 ရေနဲ့ မီးရရှိမှု

❇️ ရေကို ဘယ်ကရရှိသလဲ၊ ရေသိုလှောင်ကန် ရှိ/မရှိ မေးပါ။
❇️ နွေရာသီမှာ ရေလုံလောက်မှု ရှိ/မရှိ စုံစမ်းပါ။
❇️ မီးပျက်ချိန်နဲ့ မီးအားမမှန်ချိန်တွေမှာ ဘယ်မီးလိုင်းအသုံးပြုရသလဲ မေးမြန်းပါ။
❇️ တိုက်ခန်းဖြစ်ပါက အများသုံးရေစနစ်၊ မီးစနစ်နဲ့ အရန်မီးစနစ်အခြေအနေကို စုံစမ်းပါ။

📋 ပိုင်ဆိုင်မှုဆိုင်ရာ စာရွက်စာတမ်းများ

❇️ ပိုင်ဆိုင်မှုစာရွက်စာတမ်း အမျိုးအစားကို စစ်ဆေးပါ။
❇️ စာရွက်စာတမ်းပါအမည်နဲ့ ရောင်းချသူရဲ့အချက်အလက် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးပါ။
❇️ အမွေဆိုင်ပစ္စည်းဖြစ်ပါက အမွေဆက်ခံခွင့်နဲ့ ရောင်းချခွင့်ဆိုင်ရာ အထောက်အထားတွေကို စစ်ဆေးပါ။
❇️ ပေါင်နှံထားခြင်း၊ ပိုင်ဆိုင်မှုအငြင်းပွားမှုရှိခြင်းတို့ကို စုံစမ်းပါ။
❇️ လိုအပ်တဲ့ခွင့်ပြုချက်နဲ့ လွှဲပြောင်းမှုဆိုင်ရာ စာရွက်စာတမ်းတွေ ပြည့်စုံမှုရှိ/မရှိ သက်ဆိုင်ရာကျွမ်းကျင်သူနဲ့ အတည်ပြုပါ။

အိမ်ဝယ်ပြီးမှ ပြဿနာတွေကို ရှာဖွေဖြေရှင်းရတာထက် မဝယ်ခင်ကတည်းက သေချာစစ်ဆေးထားတာ ပိုတန်ဖိုးရှိပါတယ်။

🔗❇️ လူကြီးမင်းတို့နဲ့သင့်တော်တဲ့ အိမ်ခြံမြေကို ရွေးချယ်ဖို့ Jade Property Website နဲ့ Application မှာ လေ့လာရှာဖွေကြည့်လိုက်ပါ ✨🧩

🌐 Website
https://jadeproperty.com.mm/

📲 Download Now

iOS (App Store)
https://apps.apple.com/us/app/jade-property/id6752909746

Android (Play Store)
https://play.google.com/store/apps/details?id=com.realestate.jadeproperty&hl=en





12/10/2026

🧩 နေချင်စရာကောင်းတဲ့ အိမ်တစ်လုံးဆိုတာ... ❇️✨

အိမ်ရွေးချယ်တဲ့အခါမှာ အကျယ်အဝန်း၊ တည်နေရာနဲ့ ဈေးနှုန်းတွေကို အဓိကထားပြီး စဉ်းစားတတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း နေထိုင်တဲ့အခါ အဆင်ပြေ/မပြေဆိုတာက ကိုယ့်ရဲ့နေ့စဉ်ဘဝပေါ်မှာလည်း မူတည်ပါတယ်။

ဒါကြောင့် အိမ်တစ်လုံးကို ကိုယ်တကယ်နေချင်တဲ့ ရိပ်မြုံလေးတစ်ခုဖြစ်လာစေဖို့ အရေးကြီးတဲ့ အချက် (၄) ချက်ကို ကြည့်လိုက်ရအောင်။

1️⃣ လေဝင်လေထွက်နဲ့ သဘာဝအလင်းရောင် ကောင်းမွန်ခြင်း
အိမ်ထဲမှာ နေရောင်ခြည် လုံလောက်စွာရရှိပြီး လေဝင်လေထွက်ကောင်းမွန်ရင် နေ့ခင်းဘက်မှာ အလင်းရောင်ကောင်းကောင်းရသလို အခန်းတွေလည်း ပိုမိုလင်းလက်ပြီး သက်တောင့်သက်သာရှိစေပါတယ်။ စိုထိုင်းဆများခြင်း၊ အခန်းထဲ လေမလည်ခြင်းနဲ့ မှိုတက်ခြင်းတွေ ရှိ/မရှိကိုလည်း အိမ်မဝယ်ခင်ကတည်းက သတိထားစစ်ဆေးသင့်ပါတယ်။

2️⃣ နေ့စဉ်အသုံးပြုမှုနဲ့ ကိုက်ညီတဲ့ အခန်းဖွဲ့စည်းပုံ
အိမ်ကျယ်တာထက် နေရာကို ထိရောက်စွာ အသုံးချနိုင်ဖို့က ပိုအရေးကြီးပါတယ်။ အိပ်ခန်းအရွယ်အစား၊ မီးဖိုချောင်နဲ့ ရေချိုးခန်းတို့ရဲ့ နေရာချထားမှု၊ ပစ္စည်းတွေထားဖို့ နေရာလုံလောက်မှုနဲ့ မိသားစုဝင်တွေ သွားလာလှုပ်ရှားရတာ အဆင်ပြေ/မပြေကို ထည့်စဉ်းစားပါ။ ကိုယ့်ရဲ့ နေ့စဉ်နေထိုင်မှုပုံစံနဲ့ ကိုက်ညီတဲ့ အခန်းဖွဲ့စည်းပုံက ရေရှည်မှာ အများကြီး တာသွားပါတယ်။

3️⃣ ပတ်ဝန်းကျင်နဲ့ သွားလာရေး အဆင်ပြေခြင်း
အိမ်အတွင်းပိုင်းကောင်းရုံနဲ့တင် မလုံလောက်သေးပါဘူး။ အလုပ်သွားအလုပ်ပြန် အဆင်ပြေဖို့၊ ဈေး၊ ကျောင်း၊ ဆေးရုံနဲ့ အခြားလိုအပ်တဲ့နေရာတွေကို လွယ်ကူလျင်မြန်စွာ သွားလာနိုင်ဖို့လည်း အရေးကြီးပါသေးတယ်။ ဒါ့အပြင် ရပ်ကွက်ရဲ့ လုံခြုံရေး၊ ဆူညံသံ၊ ရေကြီးရေလျှံမှုနဲ့ ရေမြောင်းစနစ်အခြေအနေတွေကိုပါ လေ့လာထားသင့်ပါတယ်။

အိမ်ကောင်းတစ်လုံးဆိုတာ ကြည့်ကောင်းရုံ၊ ဈေးတန်ရုံနဲ့ မပြီးပါဘူး။ ကိုယ့်ရဲ့နေ့စဉ်ဘဝကို အဆင်ပြေစေပြီး စိတ်အေးချမ်းစွာ နေထိုင်နိုင်တဲ့ နေရာဖြစ်ဖို့ လိုအပ်ပါတယ်။ တည်နေရာ၊ အိမ်အမျိုးအစားနဲ့ ကိုယ့်ဘတ်ဂျက်အလိုက် ရွေးချယ်စရာ အိမ်ခြံမြေတွေကို Jade Property မှာ လေ့လာရှာဖွေကြည့်လိုက်ပါ။

❇️🔗 Jade နဲ့ချိတ်... Jade ရှိရင် ချိတ်လို့ရပြီ 💪✨

🌐 Website
https://jadeproperty.com.mm/

📲 Download Now

iOS (App Store)
https://apps.apple.com/us/app/jade-property/id6752909746

Android (Play Store)
https://play.google.com/store/apps/details?id=com.realestate.jadeproperty&hl=en





11/10/2026

🏠 အိမ်အဟောင်းက အိမ်သစ်ထက် ဈေးပိုကောင်းနိုင်တာ ဘာကြောင့်လဲ 🤔

အိမ်ခြံမြေတန်ဖိုးကို အိမ်သစ်၊ အိမ်ဟောင်း ဆိုပြီး အလွယ်တကူ မတိုင်းတာနိုင်ပါဘူး။ တချို့အိမ်ဟောင်းတွေဆိုရင် သစ်လွင်နေတဲ့အိမ်တွေထက်တောင် ဈေးပိုကောင်းနေနိုင်ပါတယ်။ အဲဒီလို စျေးမြောက်ရတဲ့ အဓိကအကြောင်းရင်းတွေကတော့...

1️⃣ တည်နေရာက ပိုတန်ဖိုးရှိလို့
အိမ်ကို ကြိုက်သလို ပြန်ဆောက်လို့ရပေမယ့် တည်နေရာကိုတော့ စိတ်ကြိုက် ပြောင်းရွှေ့လို့မရပါဘူး။ မြို့လယ်ပိုင်း၊ အချက်အချာကျတဲ့နေရာ၊ လမ်းမကြီးနဲ့ နီးတဲ့နေရာ၊ စီးပွားရေးအရ တန်ဖိုးရှိတဲ့နေရာတွေမှာ အိမ်ဟောင်းဖြစ်နေရင်တောင် မြေတန်ဖိုးကြောင့် ဈေးကောင်းနိုင်ပါတယ်။

2️⃣ မြေအကျယ်နဲ့ မြေတန်ဖိုးက ပိုအရေးကြီးလို့
အိမ်သစ်တစ်လုံးမှာ အဆောက်အအုံကောင်းနေပေမယ့် မြေကွက်ကျဉ်းနေတာမျိုး ရှိနိုင်ပါတယ်။ အိမ်ဟောင်းတစ်လုံးမှာတော့ မြေပိုကျယ်ပြီး ပြန်လည်တည်ဆောက်နိုင်တဲ့ အခွင့်အလမ်း ရှိနိုင်တာကြောင့် မြေတန်ဖိုးက ပိုမြင့်နိုင်ပါတယ်။

3️⃣ လမ်းပန်းဆက်သွယ်ရေး ချောမွေ့လို့
လမ်းအကျယ်၊ ကားဝင်ကားထွက်အဆင်ပြေမှု၊ အဓိကလမ်းမတွေနဲ့ ချိတ်ဆက်ရလွယ်မှုတွေက Property တန်ဖိုးပေါ် တိုက်ရိုက်သက်ရောက်မှု ရှိပါတယ်။ အိမ်သစ်ဖြစ်ပေမယ့် လမ်းသွယ်ကျဉ်းတဲ့နေရာထက် အိမ်ဟောင်းဖြစ်ပေမယ့် ကားဝင်ထွက်ကောင်းတဲ့နေရာက ပိုတန်ဖိုးရှိနိုင်ပါတယ်။

4️⃣ ပြန်လည်ပြုပြင်ပြီး အသုံးချနိုင်တဲ့ အလားအလာရှိလို့
အိမ်ဟောင်းတစ်လုံးကို အကုန်ဖျက်ပြီး အသစ်ပြန်ဆောက်စရာမလိုဘဲ လိုအပ်တာလောက်ပဲ ပြုပြင်မွမ်းမံပြီး အသုံးချနိုင်တဲ့အတွက် အိမ်အသစ်ဆောက်တာထက် အများကြီး ကုန်ကျစရိတ်သက်သာနိုင်ပါတယ်။

5️⃣ ပိုင်ဆိုင်မှုနဲ့ စာရွက်စာတမ်းအခြေအနေကောင်းလို့
Property တန်ဖိုးမှာ အဆောက်အအုံအပြင် ပိုင်ဆိုင်မှုအထောက်အထား၊ လွှဲပြောင်းနိုင်မှုနဲ့ စာရွက်စာတမ်းချုင်မာမှုကလည်း အရေးကြီးပါတယ်။ ဒါကြောင့် အိမ်သစ်တစ်လုံးထက် အိမ်ဟောင်းတစ်လုံးက စာရွက်စာတမ်းပိုရှင်းလင်းပြီး ဝယ်ယူအသုံးချဖို့ ပိုသင့်တော်နေရင် ဈေးပိုကောင်းနိုင်ပါတယ်။

6️⃣ အနာဂတ်မှာ တန်ဖိုးတက်နိုင်ခြေရှိလို့
တည်နေရာက နောက်ပိုင်းဖွံ့ဖြိုးလာမယ့်နေရာ၊ စီးပွားရေးလုပ်ငန်းတွေ တိုးလာမယ့်နေရာ၊ လမ်းပန်းဆက်သွယ်ရေးကောင်းလာမယ့်နေရာဆိုရင် အိမ်ရဲ့ လက်ရှိအခြေအနေထက် မြေနေရာရဲ့ အနာဂတ်တန်ဖိုးက ပိုအရေးကြီးလာနိုင်ပါတယ်။

Property တစ်ခုရဲ့ တန်ဖိုးကို တည်နေရာ၊ မြေအကျယ်၊ လမ်းပန်းဆက်သွယ်ရေး၊ စာရွက်စာတမ်း၊ အဆောက်အအုံအခြေအနေနဲ့ အနာဂတ်အသုံးချနိုင်မှုတွေကို ပေါင်းစပ်တွက်ချက်ပြီး သုံးသပ်ရပါတယ်။

ဒါကြောင့် တကယ်တန်ဖိုးရှိတဲ့ Property ကို ရွေးချယ်ချင်ရင် အိမ်ရဲ့သက်တမ်းထက် Property ရဲ့ တန်ဖိုးကို ကြည့်ပါ။




Address

Padauk Loop 2 , Padauk Garden Housing, Hlaing Tharyar Tsp
Yangon

Alerts

Be the first to know and let us send you an email when JADE Property posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share