25/10/2026
🏮 ဒီသီတင်းကျွတ်တော့… အိမ်ကို အချိန်ပေးလိုက်ပါ။ ❤️
အလုပ်တွေ ဘယ်လောက်များများ၊
တာဝန်တွေ ဘယ်လောက်ရှိရှိ…
ကိုယ်ပြန်လာမယ့်အချိန်ကို မျှော်နေသူတွေ ရှိနေတတ်ပါတယ်။
တစ်ခါတလေ “နောက်မှ ဖုန်းဆက်မယ်”၊
“နောက်မှ အိမ်ပြန်မယ်” ဆိုတဲ့ စကားတွေကြားမှာ
ကိုယ်ချစ်ရသူတွေအတွက် အချိန်ပေးဖို မေ့လျော့နေတတ်ကြတယ်။
ဒီသီတင်းကျွတ်မှာတော့…
ကိုယ်ချစ်ရတဲ့ မိဘတွေနဲ့အတူ ရှိနေပေးပါ။
သူတိုရဲ့ စကားသံလေးတွေကို နားထောင်ပေးပါ။
အတူရှိနေရတဲ့ အချိန်လေးတွေကို တန်ဖိုးထားလိုက်ပါလို ပြောပါရစေ✨💞❤️
ဒီသီတင်းကျွတ်အခါသမယမှာ
မိသားစုတိုင်း ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်စုံပြီး
ကိုယ်ချစ်ရသူတွေနဲ့အတူ နွေးထွေးပျော်ရွှင်တဲ့
အချိန်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။
မိဘတွေရဲ့ မေတ္တာကို တန်ဖိုးထားရင်း
မိသားစုတွေရဲ့ အပြုံးတွေ၊ ပျော်ရွှင်မှုတွေနဲ့အတူ
အလင်းရောင်ပြည့်ဝတဲ့ သီတင်းကျွတ်လေး ဖြစ်ပါစေကြောင်း
TMW မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🪔❤️
#အိမ်ပြန်ချိန် #မိဘမေတ္တာ