Arrmhan Htut Co.,ltd

Call Contact the business

Arrmhan Htut Co.,ltd Always do more than what is expected.

🍀မနှိုင်းယှဉ်တော့တဲ့အခါ….🍀မနေ့က သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်တော့ သူက တစ်နေ့ကိုတရား ၆ပုဒ်နာဖြစ်တယ်လို့ ပြောပါတယ်..။...
13/07/2026

🍀မနှိုင်းယှဉ်တော့တဲ့အခါ….🍀

မနေ့က သူငယ်ချင်းတစ်ယောက်နဲ့
စကားပြောဖြစ်တော့ သူက တစ်နေ့ကို
တရား ၆ပုဒ်နာဖြစ်တယ်လို့ ပြောပါတယ်..။
ဟယ်…ကောင်းလိုက်တာ..အားကျလိုက်တာဆိုပြီး..သူ့ကို သာဓုခေါ်လိုက်မိပါတယ်..။ တစ်ချိန်တည်းမှာပဲ…ကျွန်မစိတ်ထဲဖြစ်သွားတဲ့ အတွေးလေးကိုလည်း..ဖျတ်ခနဲ သတိထားလိုက်မိပါတယ်..။
အားကျတဲ့စိတ်နဲ့အတူ ယှဉ်တွဲဖြစ်လာတာက…နှိုင်းယှဉ်မိတဲ့စိတ်ပါ…။ ငါ သူ့လောက် တရားပုဒ်ရေများများ မနာနှိုင်သေးဘူး..ဆိုတဲ့စိတ်ပါ..။
အဲ့ဒီနှိုင်းယှဉ်လိုက်မိတဲ့စိတ်ဟာ…ကိုယ်မလုပ်နိုင်သေးတဲ့အလုပ်ကို တခြားသူတစ်ယောက်က လုပ်နေနိုင်တဲ့အခါ…သူ့ကိုအားကျရင်း…ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ..နှိမ့်ချလိုက်မိစေပါတယ်..။

သေသေချာချာပြန်တွေးကြည့်တော့…ကိုယ်လည်း
အချိန်ရရင်ရသလို တရားနာနေကျမို့ အားတဲ့ရက်တွေဆို…နှစ်ပုဒ်လောက်တော့ နာဖြစ်တာပါပဲ…။ ပြီးတော့ကိုယ့်မှာ..တစ်နေ့နှစ်ကြိမ်လည်း တရားထိုင်သေးတာပဲ…တခြား စာရေးစာဖတ်တာ..audiobook နားထောင်တာ..podcasts လေးတွေ နားထောင်တာ..gym သွားပြီး လေ့ကျင့်ခန်းလုပ်တာ..စတဲ့အချိိန်တွေရှိသေးတာပဲလေ..လို့ ကိုယ့်ဘာသာပြန်သုံးသပ်ဆင်ခြင်ပြီး အားပေးလိုက်ပါတယ်…။
တရား၆ပုဒ်မနာနိုင်သေးတာက အားငယ်စရာမှမဟုတ်တာ..။ ကိုယ်လုပ်နေတဲ့ အလုပ်လေးတွေကနေ နေ့စဉ်နေ့တိုင်း ကိုယ်ရနေတဲ့ကုသိုလ်တွေအပေါ် ကျေနပ်ပီတိဖြစ်ဖို့က ပိုအရေးကြီးတာမဟုတ်လား…။

ကျွန်မတို့ဘဝမှာ…ကိုယ့်ထက်သာတဲ့သူတွေဆီ..လှမ်းမျှော်ငေးကြည့်ရင်း…ကိုယ့်ဘဝကိုယ် အားမရတဲ့စိတ်…သိမ်ငယ်ချင်တဲ့စိတ်…ကိုယ့်ကိုယ်ကိုယ် မလုံလောက်ဘူး..လို့ ခံစားရတဲ့စိတ်ဟာ…အဲ့ဒီနှိုင်းယှဉ်လိုက်မိတဲ့စိတ်ကြောင့်ဖြစ်ပါတယ်…။
သူကတော့ တော်တော်အောင်မြင်ခရီးရောက်နေပြီ..ငါ့မှာတော့ ဘာမှဖြစ်မလာသေးဘူး…။ သူကတော့ ချောမောလှပနုပျိုနေလိုက်တာ…ငါ့မှာတော့ တစ်နေ့တစ်နေ့ စိတ်ဖိစီးမှုတွေနဲ့ ရုပ်ကျအိုစာလာပြီ…သူကတော့ ချမ်းသာပြည့်စုံလိုက်တာ..ငါ့မှာတော့ လိုချင်တာလေးတွေတောင်..ပြည့်စုံအောင်မဝယ်နိုင်သေးဘူး…သူကတော့ နိုင်ငံအနှံ့ခရီးတွေပတ်နေလိုက်တာ…ငါ့မှာတော့ ဘယ်မှ မသွားရမလာရ…စသဖြင့် ဆိုရှယ်မီဒီယာမှာ..တစ်နေ့တစ်နေ့ မြင်မြင်သမျှ..သူတစ်ပါးရဲ့ဘဝတွေကို အားကျနေမိရင်း…ကိုယ့်ဘဝကိုယ် စိတ်တိုင်းမကျ..နှိမ့်ချခံစားနေမိတတ်သူတွေ ရှိမှာပါပဲ…။ ဒါဟာ ကိုယ့်ဘဝကို သူများဘဝနဲ့ သွားပြီးနှိုင်းယှဉ်နေမိလို့ဖြစ်ပါတယ်…။

လူတွေဟာ တစ်ယောက်နဲ့တစ်ယောက်..ရရှိပိုင်ဆိုင်ခွင့်တွေ မတူနိုင်ပါဘူး..။ နှိုင်းယှဉ်စရာအကြောင်းကိုမရှိတာပါ..။ သူ့ရဲ့အတိတ်ဘဝကုသိုလ်ကံရယ်…အခုဘဝမှာ..သူဆက်လက်ပြုနေတဲ့ ကုသိုလ်ကံတွေကပေးထားတဲ့ ပြည့်စုံမှု..ကြွယ်ဝချမ်းသာမှု…အောင်မြင်မှုကို ရနေတာဖြစ်ပါတယ်…။

သူလုပ်တာသူရသလို..ကိုယ်လုပ်တာလည်း ကိုယ်ရမှာဖြစ်ပါတယ်..။ သူ့ဘဝနဲ့သူ..ကိုယ့်ဘဝနဲ့ကိုယ်ပါပဲ..။ သူများရထားတိုင်း..ကိုယ်မရလို့ ..ဝမ်းနည်းအားငယ်စရာမရှိပါဘူး…။ ကိုယ့်မှာရှိတဲ့ ..ကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေ…သူ့မှာ မရှိနိုင်ပါဘူး…။

လူတစ်ယောက်နဲ့တစ်ယောက်…ကံချင်းမတူသလို…ဖြစ်ရမယ့်အချိန်တွေချင်းလည်း..မတူညီနိုင်ပါဘူး..။ မတူညီနိုင်တာကို နှိုင်းယှဉ်နေမိလို့ကတော့ …ဘယ်တော့မှ စိတ်အဆင်ပြေပျော်ရွှင်နိုင်မှာမဟုတ်ပါဘူး…။

အထူးသဖြင့် ဆိုရှယ်မီဒီယာမှာ…ပြသထားတဲ့အရာတွေဟာ..လူတိုင်းရဲ့ အလှပဆုံးသော…အတောက်ပဆုံးသော…အပျော်ရွှင်ဆုံးသော…အဆင်အပြေဆုံးသော အခြမ်းဖြစ်ပါတယ်…။

တစ်ခြားအခြမ်းတစ်ဖက်မှာ…အရုပ်ဆိုးမှုတွေ..မှောင်မိုက်မှုတွေ..နာကျင်ကြေကွဲစရာဒဏ်ရာတွေ…အဆင်မပြေမှုတွေ…သေချာပေါက်ရှိနေနိုင်ပါတယ်…။

ဒီအခြမ်းကို သူမပြတဲ့အတွက် ကိုယ်မမြင်နိုင်ပါဘူး…။ လူတိုင်းဟာ…တစ်ချိန်လုံး…လှပပျော်ရွှင်ပြည့်စုံအောင်မြင်နေတာမဟုတ်ပါဘူး…။ အဲ့ဒီအတွက် သူတို့ဘဝမှာ…လှုပ်ရှားရုန်းကန်ရခြင်းတွေ…ရှုံးနိမ့်ပေးဆပ်ရခြင်းတွေ…နာကျင်စွာညည်းညူသံတွေရှိနေဦးမှာပါပဲ…။

တခြားသူရဲ့အလင်းခြမ်းကလေးကို..လှစ်ခနဲမြင်ရရုံနဲ့…ကိုယ့်ဘဝက မှောင်မိုက်ကံဆိုးနေတာမဟုတ်ပါဘူး…။

ကိုယ့်ဘဝကို ဘယ်သူနဲ့မှ မနှိုင်းယှဉ်မိတော့တဲ့အခါ…ကိုယ့်ဘဝမှာရှိတဲ့ ကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေကို အာရုံစိုက်နိုင်လာပါလိမ့်မယ်…။
ကိုယ်ပိုင်ဆိုင်ခွင့်ရထားတဲ့ ကိုယ့်ဘဝအပေါ် ကျေနပ်နှစ်သက်ရောင့်ရဲတဲ့စိတ်ဟာ..ကိုယ့်ကိုလွတ်လပ်ပေါ့ပါးပျော်ရွှင်စေပါတယ်…။ ကိုယ်ဟာ ကိုယ်ပါပဲ…။

ဘယ်သူနဲ့မှ မတူနိုင်ပါဘူး..။ ဒါကြောင့် ကိုယ့်ကို..ဘယ်သူနဲ့မှ မနှိုင်းယှဉ်ပါနဲ့…။

ကိုယ်လုပ်နိုင်တဲ့အရာ…ကိုယ်ရရှိထားတဲ့အရာတွေအပေါ်…တန်ဖိုးထားတတ်လာတဲ့အခါ…ကိုယ့်ဘာသာကိုယ်…တန်ဖိုးထားဂုဏ်ယူလာပါလိမ့်မယ်…။ ကိုယ့်ကိုယ်ကိုယ် ချစ်ခင်လေးစားတန်ဖိုးထားဖို့အတွက် ကိုယ့်မှာပဲ တာဝန်ရှိပါတယ်…။ ကိုယ့်ကိုယ်ကိုယ် မပေးနိုင်တဲ့အရာကို တခြားသူကလည်း လာပေးမှာမဟုတ်ပါဘူး…။ ဒါကြောင့် ကိုယ့်ဘဝမှာ…ကိုယ်လုပ်နိုင်တာတွေ…ကိုယ်ပိုင်ဆိုင်ထားတာတွေအတွက်…အစွမ်းကုန်သာ ဂုဏ်ယူနေလိုက်ပါ…။ ဒါက ကျေနပ်စရာအကောင်းဆုံးဘဝတစ်ခုဖြစ်နေလို့ပါပဲ….။


#လွန်းထားထား
#မနှိုင်းယဉ်တော့တဲ့အခါ

05/11/2024

🙏🙏 အမြတ်ဆုံးကုသိုလ် 🙏🙏

#ဒါန
#သရဏဂုံ
#သီလ
#မေတ္တာဘာဝနာ
#ဝိပဿနာ

🙏သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာ အခါတော်နေ့ မှစပြီး မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း...
17/10/2024

🙏သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာ အခါတော်နေ့ မှစပြီး မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး ပိုမို၍ အေးချမ်းကြပါစေကြောင်း အားမာန်ထွဋ်မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ 🙏

အခုလို ချိန်ကာလတွေမှာ အခက်အခဲတွေ၊အကြပ်အတည်း​တွေကိုအနည်းနဲ့အများတော့ လူတိုင်းနီးပါး ရင်ဆိုင်ကြုံတွေ့ နေရတာပါ။ဘယ်လိုတွေပဲက...
15/10/2024

အခုလို ချိန်ကာလတွေမှာ

အခက်အခဲတွေ၊

အကြပ်အတည်း​တွေကို

အနည်းနဲ့အများတော့

လူတိုင်းနီးပါး ရင်ဆိုင်ကြုံတွေ့ နေရတာပါ။

ဘယ်လိုတွေပဲကြုံတွေ့ရင်ဆိုင်နေရပါစေ

စိတ်ဓါတ်ပိုင်းဆိုင်ရာတွေကို

တည်ငြိမ်သွားအောင်၊

အေးချမ်းသွားအောင် _

မိမိကိုးကွယ်ရာ ဘာသာတရားတွေရဲ့

အဆုံးအမတွေကိုသေချာလိုက်နာပြီး

ကျင့်ကြံကြမယ်ဆို အနည်းနဲ့အများတော့

အေးချမ်းလာတာတွေ

ကြုံတွေ့ရပါလိမ့်မယ်။

🧘‍♂️🧘‍♀️🧘‍♂️🧘‍♀️🧘‍♂️🧘‍♀️🧘‍♂️🧘‍♀️🧘‍♂️🧘‍♀️🧘‍♂️🧘‍♀️

အထူးသဖြင့်

မင်မင်အကြံပြုလိုတာက

နှာသီးဖျားလေးကနေ

#ဝင်လာတဲ့လေ လေး ၊

ပြီးရင် နှာသီးဖျားကနေပဲ

#ထွက်သွားတဲ့ထွက်လေ လေးကိုပဲ

#ဝင်လာရင်ဝင်မှန်းသိ

#ထွက်သွားရင်ထွက်မှန်းသိတဲ့

( Breath in / Breath out )

စိတ်ကလေးကို တနေ့ ကို

၅မိနစ်လောက်လေးပဲ ဖြစ်ဖြစ်

စူးစိုက်ပြီး လုပ်စေလိုပါတယ် ၊

ဒါဟာ ဘယ်ဘာသာဝင်မဆို

ပြုလုပ်လို့ရတဲ့ ကျင့်စဉ်လေးပါ ၊

ဒီလိုပြုလုပ်ခြင်းအားဖြင့်

မိမိရဲ့ မငြိမ်းချမ်းနေတဲ့ စိတ်တွေ

မတည်ငြိမ်နေတဲ့ စိတ်တွေကို

ငြိမ်းချမ်း တည်ငြိမ်လာပါလိမ့်မယ်

လို့ အကြံပြုပါရစေ။

🙏🙏🙏

စာဖတ်သူအပေါင်း

တနေ့ထက်တနေ့

ကိုယ်ရောစိတ်ပါ

ပိုမိုအေးချမ်းပျော်ရွှင်ရပါစေ။

🙏🙏🙏

မြေဆိုတာ-မြေဆိုတာ ငွေမလိုရင် မရောင်းရဘူး။အခက်ခဲ ဖြစ်နေလို့ မဖြစ်မနေ ရောင်းရတာကိုတော့ မဆိုလိုပါဘူး။-လက်ထဲ ငွေ အပိုရှိရင် ...
21/06/2024

မြေဆိုတာ
-
မြေဆိုတာ ငွေမလိုရင် မရောင်းရဘူး။
အခက်ခဲ ဖြစ်နေလို့ မဖြစ်မနေ
ရောင်းရတာကိုတော့ မဆိုလိုပါဘူး။
-
လက်ထဲ ငွေ အပိုရှိရင် မြေထပ်ဝယ်
ဘယ်နေရာမှာ ဝယ်ရမလဲဆိုရင်
ရတဲ့နေရာမှာဝယ်ထား။။
ကျပ်ငွေကို လက်ထဲမှာ ဘယ်တော့မှ မထားနဲ့။
-
မြေဆိုတာ
မရောင်းဘဲ ကြာကြာထားလေ
ကောင်းလေပဲ။
-
ဘယ်အချိန် အထိ ထားရမလဲ ဆိုရင်
ထားနိုင်သလောက်ထား။
-
ရောင်းပြီးရင်လည်း
အစားပြန်ဝယ်နိုင်အောင် ဝယ်ရတယ်
မဝယ်နိုင်ရင် ရှုံးတယ်။
-
ဘာရှုံးတာလဲ ဆိုရင် နေရာရှုံးတယ်
ဒါကို သိရင်
ကိုယ်တိုင်စဥ်းစားလုပ်ကြပါလို့
အကြံ ပြု လိုက်ပါတယ်။
-
စွန့်စားခန်းတွေနဲ့ လုပ်ရတဲ့
စီးပွားရေးမှာ

မြေဆိုတဲ့
တခုတည်းသော-အလုပ်က

ဘဝ တွေ ကို
ပြောင်းလဲသွားအောင်
လုပ်ဆောင်ပေးနိုင်တယ်ဆိုတာ
သင် တနေ့ လက်ခံ လာပါလိမ့်မယ်။



💙AMH Family💙

 #မြေဆိုတာ ဝယ်တတ်ခဲ့ရင် မီးခိုးမထွက် ချွေးတစက်မထွက်ပဲ အောင်မြင်နိုင်တဲ့ စီးပွားရေးပါ...အောင်မြင်နေတဲ့ သူတွေကိုတွေ့တိုင်း...
03/02/2024

#မြေဆိုတာ

ဝယ်တတ်ခဲ့ရင် မီးခိုးမထွက်
ချွေးတစက်မထွက်ပဲ အောင်မြင်နိုင်တဲ့
စီးပွားရေးပါ...

အောင်မြင်နေတဲ့ သူတွေကိုတွေ့တိုင်း ဆွေးနွေးကြည့်ပါ...

အိမ်၊ ခြံ၊ မြေ တွေဘယ်လောက်ပိုင်ဆိုင်ထားပြီလဲဆိုတာ...

သူတို့ရဲ့ရွေးချယ်ဝယ်ယူတတ်ခဲ့ခြင်းတွေက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို နေ့စဉ် တန်ဖိုးတက်စေခဲ့တယ်...

ခိုင်မာတဲ့မြေဖြစ်ဖို့တော့လိုပါတယ်....

ဒါကြောင့်..စီးပွားရေး ပြေလည်စပြုလာတိုင်း အိမ်ခြံမြေကို စုဆောင်းဝယ်ယူထားသင့်ပါတယ်... ။

2024 နှစ်ထဲမှာ _ #စီးပွားဥစ္စာတွေဆပွားတိုးတက်ကြပါစေ #ရောဂါဘယတွေအထူးကင်းရှင်းကြပါစေ #ကွဲကွာနေကြသောမိသားစုတွေပျော်ရွှင်စွာ...
01/01/2024

2024 နှစ်ထဲမှာ _

#စီးပွားဥစ္စာတွေဆပွားတိုးတက်ကြပါစေ

#ရောဂါဘယတွေအထူးကင်းရှင်းကြပါစေ

#ကွဲကွာနေကြသောမိသားစုတွေပျော်ရွှင်စွာပြန်လည်ဆုံတွေ့နိုင်ကြပါစေကြောင်း

🙏အားမာန်ထွဋ်မိသားစုမှဆန္ဒပြုပါသည်🙏

10/12/2023

🙏🙏🙏

ဤပုံကိုမြင်သူတိုင်း ...

ငွေကြေးလာဘ်အကြီးကြီိးရပါစေ။😘

🙏🙏🙏

Address

494, Tagaung(5)Street, (5)Quarter , South Okkalapa Township
Yangon

Telephone

+959777793599

Website

Alerts

Be the first to know and let us send you an email when Arrmhan Htut Co.,ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Arrmhan Htut Co.,ltd:

Shortcuts

Share