14/10/2026
🟢 အိမ်ခြံမြေ အေးဂျင့်လုပ်တာ ပညာအရည်အချင်းလိုလား
-
အေးဂျင့် လုပ်တယ်ဆိုတာ ကိုယ်ပိုင် လုပ်ငန်းတစ်ခုကို ဦးစီးနေရတဲ့သူတစ်ယောက်ဖြစ်သလို လုပ်ငန်းတစ်ခုလည်ပတ်ဖို့ လေ့လာစရာတွေ များပါတယ်။
The E-Myth Revisited စာအုပ်အရ
- Marketing system (ဖောင်သည်တွေရရှိဖို့)
- Sales System (ဖောင်သည်တွေကို ဝယ်ဖို့)
- Operation System (ဝန်ဆောင်ပေးနိုင်ဖို့)
- Financial System (အရှုံးအမြန်နဲ့ ငွေကြေးစီမံခန့်ခွဲဖို့)
- People System (အလုပ်ခန့်၊ ပညာသင်ပေးဖို့)
- Customer service system (ဝန်ဆောင်မှုကောင်းဖြစ်ဖို့)
- Management System (KPI လို လုပ်ငန်းအတွင် လုပ်ဆောင်ချက်တွေ တိုင်းဖို့)
- Innovation System (သူများတွေထက် ပိုကောင်းဖို့)
ဆိုတာတွေလိုအပ်ပါတယ်။
ဒါက လုပ်ငန်းတစ်ခုချင်းစီတိုင်းမှာ အခြေခံလိုအပ်တွေဖြစ်ပြီး လုပ်ငန်းတစ်ခုနဲ့တစ်ခုကြားမှာ မတူညီတဲ့ ပုံစံကွဲတွေ ရှိနေနိုင်ပါသေးတယ်။
-
အိမ်ခြံမြေမှာဆိုလျင်
- Lead generation system
- CRM system
- Sales system
- Marketing system
- Listing system
- Transaction system
- Customer experience system
- Hr & Training system စသဖြင့် ရှိပါသေးတယ်။
မြို့နယ် တစ်ခုနဲ့ တစ်ခု မတူညီတဲ့ ဝန်ဆောင်မှု၊ လုပ်ဆောင်ပုံတွေ လိုအပ်ပါတယ်။
မြေပြင်မှာ အရေးကြီးဆုံးကတော့
၁။ ကိုယ်ပိုင်အရောင်းတွေ ရရှိဖို့
၂။ ဈေးကွက်နားလည်ဖို့
၃။ အဝယ်နဲ့ ဆွေးနွေးတိုင်ပင်တတ်ဖို့
၄။ အရောင်းနဲ့ ဆွေးနွေးတိုင်ပင်တတ်ဖို့
၅။ စကားအပြောအဆို ကျင့်ဝတ်လိုက်နာဖို့
၆။ ဈေးညှိနှိုင်းတဲ့အခါ ကျင့်ဝတ်လိုက်နာဖို့
၇။ Digital Tools တွေ အသုံးပြုတတ်ဖို့၊ တည်ဆောက်တတ်ဖို့
ဒီနေရာမှာ မြန်မာနိုင်ငံမှာက ကိုယ်ပိုင် တည်ဆောက်တာက ပိုပြီးကောင်းပါတယ်။ ဥပမာ - MLS (အရောင်းတွေကို ထည့်သွင်းအသုံးပြုတာ)
-
စသဖြင့် လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ Ai တွေ အသုံးပြုတာကနေ အွန်လိုင်းပေါ်မှာ၊ မြေပြင်မှာ Network တည်ဆောက်တာ၊ စာရေးတာ၊ Video ရိုက်တာ စသဖြင့် ရှိနေတာ ဖြစ်နေတဲ့ အတွက်ကြောင့် လေ့လာစရာတွေ လုပ်ဆောင်ချက််တွေပိုများပါတယ်။
-
ဒီလို အရည်အသွေးမျိုးတွေ လုပ်ဆောင်ဖို့ ဆိုတာ အေးဂျင့် တစ်ယောက် အနေနဲ့ ပညာအရည်အချင်း မလိုစရာအကြောင်းမရှိပါဘူး။ ဘွဲ့ရတာ မရတာထက် ကိုယ်က လေ့လာသင်ယူစိတ်နဲ့ မြန်မာစာကျွမ်းကျင်ပြီး Ai ကောင်းကောင်း အသုံးချတတ်ဖို့ အရေးကြီးပါတယ်။
ဒီမှာမှ သင်တန်းကောင်းတွေတက်ဖို့နဲ့ ဆရာကောင်းတွေနဲ့ တွေ့ဆုံဖို့လဲ အရေးကြီးပါတယ်။ ဒါဆိုရင်တော့ လူတိုင်းလုပ်လို့ရတဲ့ လုပ်ငန်းတစ်ခုလိုမြင်လား၊ ဒါက ပညာရပ်တစ်ခုနဲ့ ရပ်တည် ရမဲ့ လုပ်ငန်းလို့ မြင်လားဆိုတာ မြင်သာစေမှာပါ။
#ပြင်ဦးလွင်မြို့အိမ်ခြံမြေရောင်းဝယ်
☎️၀၉၇၈၆၄၁၁၉၂၈
☎️၀၉၄၄၂၆၆၅၄၁၄
Reg No -146824581(2025-09-23)
Identification Card No - 13840