17/10/2026
FREE SEMINAR
🌱 CHANGE & GROWTH AT WORK ပြောင်းလဲမှုတွေကြားမှာ အတူတကွ ကြီးပြင်းလာခြင်း
လုပ်ငန်းတစ်ခု တိုးတက်ဖို့ဆိုတာ လုပ်ငန်းရှင်တစ်ယောက်တည်း ကြိုးစားနေရုံနဲ့ လုံလောက်ပါ့မလား။
Manager တွေက ဦးဆောင်ရတယ်။ HR တွေက လူတွေနဲ့ System တွေကို ချိတ်ဆက်ပေးရတယ်။ Employees တွေကလည်း ပြောင်းလဲလာတဲ့ လုပ်ငန်းခွင်နဲ့အညီ သင်ယူတိုးတက်ဖို့ လိုအပ်တယ်။
ဒါပေမဲ့ လက်တွေ့လုပ်ငန်းခွင်မှာတော့...
🔹 အလုပ်လုပ်ပုံအသစ်တွေကို လက်မခံနိုင်တာ။
🔹 ပြောင်းလဲမှုတွေကို နားလည်မှုမတူကြတာ။
🔹 ဌာနတစ်ခုနဲ့တစ်ခု ပူးပေါင်းဆောင်ရွက်မှု အားနည်းတာ။
🔹 အမှားတွေကနေ သင်ယူဖို့ထက် အပြစ်တင်ဖို့ ပိုများနေတာ။
🔹 လုပ်ငန်းတိုးတက်ချင်ပေမဲ့ လူတွေအတူတကွ မတိုးတက်နိုင်တာ။
ဒီလိုအခြေအနေတွေကို ကြုံတွေ့နေရပြီဆိုရင် ကိုယ့်လုပ်ငန်းခွင်မှာ ပြန်လည်သုံးသပ်ဖို့ လိုအပ်နေပါပြီ။
Change ဆိုတာ အခြေအနေတွေ ပြောင်းလဲလာခြင်းပါ။ Growth ဆိုတာ အဲဒီပြောင်းလဲမှုတွေကြားမှာ ကိုယ်တိုင်နဲ့ အဖွဲ့အစည်းကို တိုးတက်အောင် လုပ်ဆောင်ခြင်းပါ။
ဒါကြောင့် ဒီ Seminar မှာ အတူတကွ ဆွေးနွေးလေ့လာသွားကြမှာကတော့ —
✅ Change နဲ့ Growth ကို ဘယ်လိုနားလည်ပြီး လက်တွေ့အသုံးချမလဲ။
✅ ကိုယ့်ရဲ့ Mindset နဲ့ Personal Accountability က တိုးတက်မှုအပေါ် ဘယ်လိုသက်ရောက်သလဲ။
✅ မတူညီတဲ့ Role တွေကြားမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ။
✅ Communication နဲ့ Feedback ကို အသုံးချပြီး ယုံကြည်မှုနဲ့ Teamwork ကို ဘယ်လိုတည်ဆောက်မလဲ။
✅ တစ်ဦးချင်းတိုးတက်မှုကနေ အဖွဲ့အစည်းတိုးတက်မှုဆီ ဘယ်လိုသွားကြမလဲ။ Knowledge အသစ်တွေ ရရှိဖို့အတွက်သာမက ကိုယ့်ရဲ့ အလုပ်လုပ်ပုံ၊ စဉ်းစားပုံနဲ့ အခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ပုံတွေကို ပြန်လည်သုံးသပ်ဖို့ အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။
👥 ဘယ်သူတွေ တက်ရောက်သင့်သလဲ။
▪️ Business Owners & Entrepreneurs ▪️ Managers & Team Leaders ▪️ HR Professionals ▪️ ကိုယ်တိုင်တိုးတက်ချင်ပြီး လုပ်ငန်းခွင်မှာ ပိုမိုကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်ချင်သူများ
📌 SEMINAR DETAILS
Date: 21.10.2026
Time : 7:30 pm
Location: Zoom
📝 Registration: Messenger မှ စာရင်းပေးသွင်းပေးပါ