22/10/2026
🍜 အရသာရှိရုံတင်မက အာဟာရလည်းပြည့်ဝတဲ့ 225 ရဲ့ Best Seller Menu လေး! 🤎
225 Kitchen & Cafe မှာ လူကြိုက်များတဲ့ Menu လေးတစ်မျိုးဖြစ်တဲ့ ကြက်ပေါင်းကွေ့တီယိုသုပ်လေးမှာပါတဲ့
ကြက်ပေါင်းလေးက နူးညံ့အိစက်ပြီး အရသာရှိသလို ကွေ့တီယိုသုပ်လေးကလည်း ချဉ်စပ်အရသာ ထိထိမိမိလေးနဲ့ စားလိုက်တာနဲ့ ခံတွင်းတွေ့စေမှာပါ။ 😋
ဒီ Menu လေးမှာ ကြက်ပေါင်းအပြင် တောင်ပေါ်ဒေသထွက် လတ်ဆတ်တဲ့ ကန်စွန်းရွက်နဲ့ ပဲပင်ပေါက်လေးတွေလည်း ပါဝင်ပါတယ်။ 🥬
ကြက်သားက ပရိုတင်းဓာတ်ကို ရရှိစေပြီး ကန်စွန်းရွက်နဲ့ ပဲပင်ပေါက်တို့ကလည်း အမျှင်ဓာတ် (Fiber) နဲ့ အခြားအာဟာရဓာတ်တွေကို ဖြည့်တင်းပေးနိုင်ပါတယ်။ အမျှင်ဓာတ်ကလည်း အစာခြေစနစ် ကျန်းမာဖို့ အထောက်အကူပြုပါတယ်နော်။
အရသာရှိရှိလဲ စားရင်း အာဟာရလည်းရနိုင်တဲ့ Menu လေးဖြစ်လို့ ကလောရဲ့ အေးမြတဲ့ရာသီဥတုနဲ့အတူ 225 Kitchen & Cafe မှာ ကြက်ပေါင်းကွေ့တီယိုသုပ်လေး လာမြည်းကြည့်ပါဦးနော်။ 🍜🤤
📍 ကလောမြို့ 8 ရပ်ကွက်၊ နှီးဘုရားအနီး၊ ကလောနာရီစင်ကနေ ၆ မိနစ်ခန့်